တိုက်ခန်းဈေးကွက်အရောင်းအဝယ် ကျဆင်းနေခြင်းကြောင့် ခွင့်ပြုချက်မဲ့ တရားမဝင်တည်ဆောက်သူ များလျော့ကျလာ

တိုက်ခန်းဈေးကွက်အရောင်းအဝယ် ကျဆင်းနေခြင်းကြောင့် ခွင့်ပြုချက်မဲ့ တရားမဝင်တည်ဆောက်သူ များလျော့ကျလာ - Property News in Myanmar from iMyanmarHouse.com
24 Dec 2015 10:50 am တွင် တင်ခဲ့သည်
1896 ကြိမ် ကြည့်ရှု့ပြီး
တရားမ၀င် တိုက်ခန်း တည်ဆောက်သူများ ဈေးကွက်အတွင်းဝယ်လို အားကျဆင်းလာမှုကြောင့် တည်ဆောက်မှု လျော့နည်းလာကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်း ရရှိသည်။

၂၀၁၅ သြဂုတ်အထိ စာရင်း များအရ လိုင်စင်မဲ့ ကန်ထရိုက် တာများ တည်ဆောက်သည့် ခွင့်ပြုချက်မဲ့ အဆောက်အအုံ နှစ် ထောင့်ငါးရာခန့် ရှိသော်လည်း ဒီဇင်ဘာ ပထမပတ်တွင် အဆောက်အအုံ သုံးထောင်ခန့်သာရှိ၍ ထင်သလောက် မြင့်တက်လာခြင်း မရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အတွင်း တစ်နှစ်တာ ပတ်လုံး ကြိုပွိုင့် တိုက်ခန်းများ အရောင်း အ၀ယ် ကျဆင်းခြင်း ၀ယ်ယူ သူမရှိသလောက်နည်းပါးခြင်း ဆောက် လုပ်ရေး လုပ်ငန်းရှင်များ ၀င်ငွေ လည်ပတ်မှု အင်အားကျဆင်းလာမှုကြောင့် ယခု ကဲ့သို့တည်ဆောက်သူ လျော့နည်းလာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံများ တည်ဆောက်မှု လျော့နည်းလာသကဲ့သို့ အဆောက်အအုံ ဆောက်လုပ်ခွင့် တရားဝင်တောင်းခံနှုန်းမှာလည်း ယခင်နှစ်ကထက် ထက်ဝက်လျော့ကျလာ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

" တရားဝင် ဆောက်တဲ့သူတွေတောင် တော်တော်လေးရုန်းကန် နေရတာ သူတို့ မဆောက်နိုင်ဘူးဆိုတာ ဖြစ်နိုင်ပါတယ် လုပ်ငန်းရှင်တွေ ငွေလည်ဖို့တော်တော်လေးခက်နေတယ် အခန်းတွေက လဲ ရောင်းမထွက်ကြဘူး "ဟု ထိပ်သီး ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးပြောသည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံအများစုကို သင်္ဃန်းကျွန်း၊ သာကေတ၊ တောင်ဥက္ကလာပ၊ မရမ်းကုန်းနှင့် လှိုင်မြို့နယ်များတွင် အများဆုံး တည်ဆောက်နေပြီး ပြီးခဲ့သည့်နှစ်က ထောင်နှင့်ချီသော အဆောက်အအုံများကို တရားစွဲဆိုခဲ့ကာ ထပ်မံတရားစွဲဆိုမည့် အဆောက်အအုံများစွာ ရှိသေး ကြောင်း သိရသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service