နော်ဝေဟာ ကမ္ဘာပေါ်မှာ နေလို့ အကောင်းဆုံးနိုင်ငံဟု ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းက ဖော်ပြလိုက်သည်။ သြစတြေးလျနှင့် ဆွစ်ဇာလန်တို့က အစဉ်လိုက် ရပ်တည်သည်။
အခြားသော အစွန်းတစ်ဖက် ဖြစ်သည့် နေလို့ မကောင်းဆုံး နိုင်ငံများ စာရင်းတွင် နိုင်ဂျာသည် ထိပ်ဆုံး ရှိနေပြီး၊ ဗဟိုအာဖရိက၊ အဲရီထရီးယားတို့က အစဉ်လိုက် ရပ်တည် နေသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ထုတ်ပြန်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု ညွှန်းကိန်းက ကမ္ဘာ့နိုင်ငံများကို အဆင့် သတ်မှတ် ထားခြင်းဖြစ်သည်။
ညွှန်းကိန်းသည် ကမ္ဘာ့နိုင်ငံ (၁၈၈) နိုင်ငံ၏ ဘ၀သက်တမ်း၊ ပညာရေးနှင့် နိုင်ငံသား တစ်ဦးချင်း ၀င်ငွေတို့ အပေါ် အဓိက အခြေခံ တွက်ချက်ပြီး နိုင်ငံများကို အဆင့် သတ်မှတ် ထားခြင်း ဖြစ်သည်။
နော်ဝေသည် ယခု စာရင်းတွင် (၁၂) နှစ် တိုင်တိုင် ထိပ်ဆုံးမှာရပ်တည်ခဲ့ခြင်း ဖြစ်သည်။ နော်ဝေ နိုင်ငံသားများသည် တစ်ဦးချင်း တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဒေါ်လာ (၆၅၀၀၀) ရှိကြောင်းလည်း သိရသည်။
နေလို့အကောင်းဆုံး ထိပ်ဆုံး ဆယ်နိုင်ငံသည် အနောက်နိုင်ငံများချည်း ဖြစ်နေကြောင်းလည်း တွေ့ရသည်။ နိုင်ငံသားများ သက်တမ်း ပိုရှည်သည်၊ ပညာရည်မြင့်မားသည်၊ ၀င်ငွေ ကောင်းကြသည်။
အမေရိကန်က အဆင့်ရှစ်၊ ဗြိတိန်က ဆွီဒင်နှင့် ပူးတွဲ အဆင့် (၁၄) ၌ ရပ်တည်သည်။ ဟောင်ကောင်သည် အဆင့် (၁၂) တွင် ရပ်တည်ပြီး တရုတ်ပြည်မကြီးမူကား ဖီဂျီ၊ မွန်ဂိုလီးယားတို့နှင့် ပူးတွဲ အဆင့် (၉၀) ၌ ရပ်တည်သည်။
ပျော်စရာ အကောင်းဆုံး နိုင်ငံ အဖြစ် ယခင်က ထိပ်ပိုင်း ရောက်ခဲ့ဖူးသော ဗန်နူယာတူသည်ကား ဆီးရီးယားနှင့် အတူ အဆင့် (၁၃၄) သို့ ရောက်ရှိနေကြောင်း တွေ့ရသည်။ ကာတာ နိုင်ငံသားများသည်သည် တစ်ဦးချင်း ပျမ်းမျှ ၀င်ငွေ တစ်နှစ် ဒေါ်လာ (၁၂၃၁၂၄) ဖြင့် အချမ်းသာဆုံး ဖြစ်ကြောင်း တွေ့ရသည်။
ဗဟိုအာဖရိက နိုင်ငံသားများသည် တစ်နှစ် ပျမ်းမျှဝင်ငွေ (၅၈၁) ဒေါ်လာဖြင့် အဆင်းရဲဆုံး လူများ အဖြစ် သတ်မှတ်ခံရသည်။ ကိုယ့်လက်ထဲ ကိုင်ထားနိုင်သော ဒေါ်လာနှင့် ညီမျှသည့် ငွေကြေးဖြင့် ၀ယ်ယူလို့ ရသော ကုန်ပစ္စည်းပမာဏ (ဏဏဏ) ပေါ် မူတည်ပြီး ပျမ်းမျှ တစ်နှစ်ဝင် ငွေကို တွက်ချက်ခြင်း ဖြစ်သည်။
ဘာကီနာဖာဆို နိုင်ငံသားများကား ပညာရည် အနိမ့်ဆုံး ဖြစ်သည်။ နိုင်ငံသား တစ်ဦးလျှင် ပျမ်းမျှ ကျောင်းနေချိန် (၁ ဒသမ ၄) နှစ်သာ ရှိ သည်။ နှိုင်းယှဉ်ရလျှင် ဂျာမနီနိုင်ငံသား တစ်ဦးသည် ကျောင်းနေချိန် (၁၃ ဒသမ ၁) နှစ်ထိ ရှိသည်။
အသက်ရှည်ရှည် နေချင်လျှင်တော့ ဟောင်ကောင်မှာ နေတာ ကောင်းလိမ့်မည်။ ဟောင်ကောင်သားများသည် ပျမ်းမျှ သက်တမ်း (၈၄) နှစ်ထိ ရှိကြသည်။ နှိုင်းယှဉ်ရလျှင် အာဖရိကတိုက်က ဆွာဇီလန် နိုင်ငံသားများကား ပျမ်းမျှသက်တမ်း (၄၉) နှစ်သာ ရှိကြသည်။
မြောက်ကိုရီးယား၊ မာရှဲ ကျွန်းစုများ၊ မိုနာကို အပါအ၀င် နိုင်ငံနှင့် ဒေသ ခုနှစ်ခုကိုမူ အချက်အလက်များ လုံလောက်အောင် မရသဖြင့် ချန်လှပ် ထားခဲ့ရကြောင်း သိရသည်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု ညွှန်းကိန်း ထိပ်ဆုံး နိုင်ငံ (၂၀)
၁။ နော်ဝေ
၂။ ၾသစေၾတးလ်
၃။ ဆွစ်ဇာလန်
၎။ ဒိန်းမတ်
၅။ နယ်သာလန်
၆။ ဂျာမနီ
၆။ အိုင်ယာလန်
၈။ အမေရိကန်
၉။ ကနေဒါ
၉။ နယူးဇီလန်
၁၁။ စင်ကာပူ
၁၂။ ဟောင်ကောင်
၁၃။ လီချက်စတိုင်း
၁၄။ ဆွီဒင်
၁၄။ ဗြိတိန်
၁၆။ အိုက်စလန်
၁၇။ တောင်ကိုရီးယား
၁၈။ အစ်္စရေး
၁၉။ လူဇင်ဘတ်
၂၀။ ဂျပန်
Credit: Messenger