ငွေဆောင်ကမ်းခြေတွင် အဆင့်မြင့်အိမ်ယာ စတင်တည်ဆောက်

ငွေဆောင်ကမ်းခြေတွင် အဆင့်မြင့်အိမ်ယာ စတင်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
23 Dec 2015 10:36 am တွင် တင်ခဲ့သည်
2338 ကြိမ် ကြည့်ရှု့ပြီး
ငွေဆောင်ကမ်းခြေတွင် အဆင့်မြင့်အိမ်ယာပေါင်း ၄၀၀ကျော်အား စတင်တည်ဆောက်မည်ဖြစ်ကြောင်း TSC Enterprise မှ အမှုဆောင်ဒါရိုက်တာ ဦးစိုးသီဟလှိုင်ကပြောသည်။

ငွေဆောင်ကမ်းခြေနှင့်ပေ၁၅၀၀ကျော်ကွာဝေးသည့် နေရာတွင် တစ်ခန်းလျှင် သိန်း၂၆၀၀ မှ သိန်း ၄၀၀၀ အထိ ကျသင့်မည့် အဆင့်မြင့်အိမ်ယာအလုံးပေါင်း ၄၄၈လုံးကိုစတင် တည်ဆောက်မည်ဖြစ်ကြောင်း ဦးစိုးသီဟလှိုင်ကဆိုသည်။

" Holiday Villa တွေပါ အပန်းဖြေ လာအနားယူဖို့ ဝယ်ယူထားသင့်တဲ့ အဆင့်မြင့် အိမ်ယာတွေပါ လာမဲ့ မိုးကာလကို တည်ဆောက်မှု စတင်ပါ့မယ်လောလောဆယ်လမ်းတွေ နဲ့မြေသားတွေ ပြင်ဆင် တိုးချဲ့နေပါတယ် "ဟု ၄င်းကဆိုသည်။

မြေဧက ၁၆၀ကျော်တွင် တည်ဆောက်မည့် အဆိုပါ အဆင့်မြင့် အိမ်ယာစီမံကိန်းမှာ တည်ဆောက်မှု အားအဆင့် သုံးဆင့်ခွဲခြားထားပြီး ပထမအဆင့်တွင်အခန်း ၁၀၀ကျော်အား ယခု ဒီဇင်ဘာ နောက်ဆုံးပတ်တွင် စတင် အရောင်းဖွင့်သွားမည်ဖြစ်ကြောင်းသိရသည်။

တစ်ခန်းလျှင် သိန်း ၂၆၀၀ သိန်း ၃၉၀၀နှင့် သိန်း ၄၀၀၀ အထိ လက်ရှိဈေးဖွင့်ထားပြီး ကမ်းခြေနှင့် နီးကပ်လေလေ ဈေးနှုန်းမှာ မြင့်တက်လာကြောင်း TSC Enterpriseမှသတင်းထုတ်ပြန်သည်။

အဆိုပါစီမံကိန်းကို TSC Enterpriseမှ အတိုင်ပင်ခံ ကုမ္ပဏီ အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒသေကြီးမှ ကုမ္ပဏီ ကြီး၂၀မှ ပူးပေါင်းပြီး Ayeyarwaddy Resort and Villa Development ကုမ္ပဏီအဖြစ် တည်ထောင်ရင်းနှီးမြှပ်နှံလုပ်ကိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

အခန်းဝယ်ယူလိုသူများ အနေဖြင့် ကုမ္ပဏီ မှသတ်မှတ်လိုက်သည့် ၂၄လ အရစ်ကျငွေပေး ချေမှုစနစ်ဖြင့် စတင် ပေးသွင်းရမည်ဖြစ်သည်။

အိမ်ခန်းဝယ်ယူထားသူများ အနေဖြင့် ၀ယ်ယူထားပြီး မနေထိုင်ဖြစ်ပါက ငွေဆောင်ကမ်းခြေရှိ အခန်းဌားရမ်းလိုသူများနှင့် ချိတ်ဆက်ပြီး ပြန်လည်ဌားရမ်းပေးမည့် အစီအစဉ်များကိုလဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service