မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း ၇၀ ရာနှုန်းပြီးစီးနေပြီ

မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း ၇၀ ရာနှုန်းပြီးစီးနေပြီ - Property News in Myanmar from iMyanmarHouse.com
22 Dec 2015 11:46 am တွင် တင်ခဲ့သည်
1192 ကြိမ် ကြည့်ရှု့ပြီး
ရှမ်းပြည်နယ်အစိုးရနှင့် နယူးစတားလိုက်ကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်နေသည့် မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း၏ အခြေခံအဆောက်အအုံ တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဟု သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့က ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်နှင့် အတူ လားရှိုးမြို့မှတစ်ဆင့် မူဆယ်မြို့၊ မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်းသို့ရောက်ရှိခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော်ပြသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ "ခွင့်ပြုမိန့်" ဖြင့် ၂၀၁၃ ခု ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့သည့် ယင်းစီမံကိန်း ဒါရိုက်တာ ဦးငွေစိုးက စီမံကိန်းဇုန် ခြောက်ခုအတွင်း ဇုန်အလိုက်တည်ဆောက်ပြီးစီးနေမှုကို ဒုတိယသမ္မတနှင့်အဖွဲ့ကို ရှင်းလင်းတင်ပြသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက "ဗဟိုစီးပွားရေးဇုန်တစ်ခုချင်းအလိုက် အမြန်ပြီးစီးပြီး စနစ်တကျ ဖွင့်လှစ်နိုင်ရန် လိုအပ်သည်" ဟု တာဝန်ရှိသူများကို ပြောကြားသွားသည်။

ထို့ပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့နှင့် နယ်ခြားဆက်စပ်နေသည် မူဆယ်မြို့မှ ယင်းစီးပွားရေးဇုန်အတွင်း ကုန်စည်ပြပွဲအပါအ၀င် အခြားထုတ်ကုန်သွင်းကုန်ပြပွဲများ ကျင်းပနိုင်ပါက ဒေသခံများ၏ လူမှုစီးပွားရေးကို အထောက်အကူပြုနိုင်သဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လည်းမှာကြားသည်။

အမေရိကန်ဒေါ်လာ ၅၁ သန်းကျော် ခန့်မှန်းကုန်ကျမည့် ယင်းစီမံကိန်းအား မူလက ၂၀၁၇ ခုအတွင်း အပြီး တည်ဆောက်ရန် ရည်မှန်းထားခြင်းဖြစ်သည်။ ကျောက်စိမ်းဈေးကွက်၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်တန်းများနှင့် အိမ်ရာများလည်း စီမံကိန်းအတွင်း ပါဝင်သည်။

ယခုအခါ စီမံကိန်းအတွင်းပါဝင်သည့် မင်္ဂလာမူဆယ်လမ်းလျှောက်ဈေးဆိုင်များ ပြင်ဆင်မှု ရာနှုန်းပြည့်နီးပါး၊ ကျောက်မျက် ဈေးအကြမ်းထည်လုပ်ငန်း ၇၀ ရာခိုင်နှုန်းနှင့် ကြယ်သုံးပွင့်အဆင့် ဟိုတယ်တည်ဆောက်ရေးလုပ်ငန်း ၄၈ ရာခိုင်နှုန်း ပြီးစီး နေသဖြင့် မကြာမီ အပိုင်းလိုက် ဖွင့်သွားမည်ဟု သိရသည်။

စီမံကိန်းကို မူဆယ်မြို့အနီး ရွှေလီဖြစ်ကမ်းဘေးရှိ ဧရိယာ ၂၉၄ ဒဿမ ၇၈၉ ဧကတွင် အကောင်အထည်ဖော်နေပြီး စီမံကိန်းဧရိယာတစ်ခုလုံး၏ ၃၈ ဒဿမ ၄၂ ရာခိုင်နှုန်းကို အပန်းခြေဥယာဉ်များ ကစားကွင်းများဖြင့် အများသက်ဆိုင် ဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်နေသည်ဟုဆိုသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ဗဟိုစီးပွားရေးဇုန်အနီး တော်ရွက်ရပ်ကွက် ဟိုဆောင်နယ်မြေ၌ နယူးစတားလိုက်ကုမ္ပဏီမှ ကျပ် သိန်း ၃၅၀၀ အကုန်ခံ ဆောင်ရွက်နေသည့် လူငယ့်ရိပ်သာတည်ဆောက်နေမှုကိုလည်း ကြည့်ရှုခဲ့သေးသည်။

ဒီဇင်ဘာ ၂၀ မနက်တွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် လားရှိုးမြို့နယ် နမ္မဗောဒ၊ အီနိုင်းနှင့် ဟိုပိတ် ကျေးရွာ ကိုယ်စားလှယ်များထံ နယူးစတားလိုက်ကုမ္ပဏီမှ လှူဒါန်းသည့် မီးသတ်ယာဉ်၊ လူနာတင်ယာဉ် လွှဲပြောင်းပွဲသို့ လည်း ဆက်လက်တက်ရောက်ခဲ့သည်။

နယူးစတားလိုက်ကုမ္ပဏီက လှူဒါန်းသည့်ယာဉ်များ၏ စာရွက်စာတမ်းများကို ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းကြူးမှ တစ်ဆင့် လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။

နယူးစတားလိုက်ကုမ္ပဏီက လားရှိုးမြို့နယ် နမ္မဗောဒရွာအတွက် ရေဂါလန် ၈၀၀ ဆံ့ မီးသတ်ယာဉ်တစ်စီးနှင့် လူနာတင် ယာဉ်တစ်စီး၊ အီနိုင်းကျေးရွာသို့ ရေဂါလန် ၈၀၀ ဆံ့ မီးသတ်ယာဉ်တစ်စီးနှင့် ဟိုပိတ်ကျေးရွာအတွက် လူနာတင် ယာဉ်တစ်စီး အသီးသီးလှူဒါန်းကြောင်း အစိုးရသတင်းစာများမှ သိရသည်။

ဒီဇင်ဘာ ၁၉ ညနေပိုင်းတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ခွင့်ပြုငွေ ကျပ် သန်း ၅၀၀ ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ တိုးချဲ့ဆောက်လုပ်နေသည့် လားရှိုးလေဆိပ်လုပ်ငန်းခွင်အား လေ့လာခဲ့သေးသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service