မြန်မာနိုင်ငံတွင်ပထမ ဆုံးဖွင့်လှစ်ခဲ့သည့်သီလ၀ါအထူး စီးပွားရေးဇုန်ဖွင့်လှစ်ပြီး သုံးလအ တွင်း နိုင်ငံပေါင်း ၁၃နိုင်ငံမှ ကုမ္ပဏီ ၅၂ခုဝင်ရောက်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သီလ၀ါအထူးစီးပွား ရေးဇုန်အများ
ပိုင်ကုမ္ပဏီ(MTS H) ဥက္ကဋ္ဌဦးဝင်းအောင်က ပြော သည်။
‘‘တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ကို လိုလားပါတယ်။ အလုပ်သ မားတွေအတွက် အလုပ်အကိုင် ဖန်တီးပေးမယ့် စက်ရုံမျိုးကို ပိုလို လားပါတယ်။ ဒါမှ နိုင်ငံအတွက် အကျိုးရှိစေမယ်’’ဟု ၎င်းကဆက် လက်ပြောသည်။
၂၀၁၅ စက်တင်ဘာတွင် ဖွင့်လှစ်ခဲ့သောအထူးစီးပွားရေး ဇုန်၌ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီ ၅၂ခုအနက် ကားအပို ပစ္စည်းစက်ရုံနှင့် အထည်ချုပ်စက် ရုံစုစုပေါင်းစက်ရုံနှစ်ခုမှာအပြည့် အ၀လည်ပတ်နေပြီဖြစ်သည်။
ထို့အပြင် လက်အိတ်စက်ရုံနှင့် အီလက်ထရွန်နစ်ပစ္စည်း စက်ရုံတို့မှာလည်း မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။
နိုင်ငံခြားကုမ္ပဏီလာရောက် ရင်းနှီးမြှုပ်နှံမှုအတွက် မြေရောင်း ချခြင်းကြောင့် သီလ၀ါ အထူးစီး ပွားရေးဇုန် အများပိုင် ကုမ္ပဏီ သည် အမြတ်ငွေများ ရရှိနေ၍ ရှယ်ယာ ထည့်ဝင်ထားသူများကို အမြတ်ဝေစုများ ပေးနိုင်ပြီဖြစ် ကြောင်း ၎င်းကဆိုသည်။
ရှယ်ယာ အမြတ်ငွေမှာ စီမံကိန်းများဖော် ထုတ်ခြင်း၊ လူနေအဆောက်အအုံ များတည်ဆောက်ခြင်း၊ ရုံးများနှင့် ဈေးဆိုင်များမှရရှိသော ငွေများပါ ၀င်သည်ဟု ၎င်းကဆိုသည်။ ထို့ အပြင် အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်သည့် လုပ်သားများအ တွက် အဆောက်အအုံများလည်း ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ဦ၀င်းအောင်ကပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန် မြေနေရာအတွက် ၂၀၁၄ မတ်လ တွင် သတ်မှတ်ခဲ့ပြီး လက်မှတ်ရေး ထိုးခဲ့စဉ်က ကုမ္ပဏီပေါင်း ၄၈ခုပါ ၀င်ခဲ့သည်။ ပါဝင်သည့်ကုမ္ပဏီအများစုမှာ ဂျပန်ကုမ္ပဏီများဖြစ်ပြီး ကုမ္ပဏီ ၂၃ခုပါဝင်သည်ဟု ဂျပန်ဘက်မှ စီမံကိန်းအကောင်အထည်ဖော်ရာတွင်ပါဝင်ခဲ့သည့် ဆူမူတိုမိုကော်ပရေးရှင်းဥက္ကဋ္ဌကဆိုသည်။ ထို့အပြင် တရုတ်နှင့် ကိုရီးယားကုမ္ပဏီများလည်း ပါဝင်သည်။
ပြည်တွင်း၌ ထားဝယ်အထူး စီးပွားရေးဇုန်၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် သီလ၀ါအထူးစီး ပွားရေးဇုန်ဟူ၍ အထူးစီးပွားရေး ဇုန်သုံးခုအကောင်အထည်ဖော် နေရာ ပထမဦးဆုံးအကောင်အ ထည်ပေါ်လာသည့် စီမံကိန်းဖြစ် သည်။
သီလ၀ါအထူးစီးပွားရေးဇုန် ကို မြန်မာဘက်မှ ၅၁ရာခိုင်နှုန်း နှင့် ဂျပန်နိုင်ငံမှ ၄၉ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်းဖြစ်သည်။
မြန်မာဘက်မှ အစိုးရ အပြင် ပြည်တွင်းကုမ္ပဏီ ကိုးခု စုပေါင်းထားသည့် MTSH ကုမ္ပဏီနှင့် ဂျပန်ဘက်မှ အစိုးရ ကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ကုမ္ပဏီတို့က ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
Credit : 7Day Daily