လူတစ်ဦးချင်းဝင်ငွေ ရရှိမှု နည်းပါးတဲ့ အပြင် LCD နိုင်ငံတစ်ခုဘ၀ကနေ ရုန်းထဖို့ကြိုစားနေရဆဲ ဖြစ်တဲ့ ယနေ့အချိန်မှာ လစဉ်ပုံမှန်ဝင်ငွေရှိတဲ့ ၀န်ထမ်းတွေ ၊ ၀င်ငွေနည်းမိသားစုတွေ ကို အခုတလော ဒုက္ခပေးနေတဲ့ပြသနာ တစ်ခုကတာ့ လစဉ်မြင့်တက်နေတဲ့ အိမ်ဌားရမ်းခ ပြသနာတွေ လူတိုင်းဖြစ်တာကြောင့် အိမ်ဌားနေရသူတိုင်း ၊ ကျုးကျော်တဲနဲ့ နေသူတိုင်း
အိုးပိုင်အိမ်ပိုင်နဲ့ နေထိုင်ချင်ကြတဲ့ စိတ်ဆန္ဒလေးတွေ ကိုယ်စီရှိနေကြမှာ မလွှဲဧကန် ဖြစ်ပါတယ်။
ဆင်းရဲတဲ့ ကျွန်တော်တို့လို နိုင်ငံ မပြောနဲ့ ချမ်းသာတဲ့ ကမ္ဘာရှေ့ဆောင်နိုင်ငံ တစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် အိမ်ခြေမဲ့ ပြသနာတွေ ရှိပြီး လူတိုင်း ၊ မိသားစု တိုင်းအိုးပိုင်အိမ်ပိုင်မဖြစ်ကြပါဘူး ၊ ဒါပေမယ့် အိုးပိုင်အိမ်ပိုင် နဲ့
နေနိုင်အောင် ဖန်တီးပေးတဲ့ ပတ်ဝန်းကျင်ကောင်းတွေ ကြောင့် အိမ်ပိုင်ဆိုင်နိုင်တဲ့ မြင့်မားတဲ့ အချိုးအဆတွေကတော့
လေးစားအတုယူဖွယ်ကောင်းပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက ကောက်ယူထားတဲ့ အိမ်ခြံမြေ စစ်တမ်းတစ်ခုမှာတော့ ရန်ကုန်မှာ ရှိတဲ့ မိသားစု ၀င်တွေ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းသာ အိုးပိုင်အိမ်ပိုင်နဲ့ နေနိုင်တဲ့ အခြေအနေ ရှိပြီး ၈၀ ရာခိုင်နှုန်းသော မိသားစုတွေက တော့ အိမ်ဌားနေနေရတဲ့ အခြေအနေ ရှိတယ် လို့ဖော်ပြထားပါတယ်။
၂၀ ရာစု အစပိုင်းကတည်း က နိုင်ငံတကာမှာ ကျေးလက်မှာ နေတဲ့သူတွေ လယ်ယာလုပ်ငန်းခွင်တွေကို ပစ်ပြီး မြိုပြဒေသကို တက်ပြီး အလုပ်လုပ်လာတဲ့ အစဉ်အလာ တစ်ခု ပေါက်ဖွားလာခဲ့ပြီး အဒိက ရလာတဲ့ လုပ်သားအင်အား
အရင်းအမြစ်နဲ့ စက်မှုနိုင်ငံကို ထူထောင်နိုင်ခဲ့သလို လူတစ်ဦချင်းစီရဲ့ တစ်ဦးကျ ၀င်ငွေလည်း တိုးတက်လာပါတယ်၊
တစ်ပါတည်း အခြေခံ အဆောက်အအုံတွေ ကိုပါ တည်ဆောက်ခဲ့သလို အိမ်ရာနေထိုင်ဖို့ အခက်အခဲ ရှိတဲ့ သူတွေ အတွက် လည်း တန်ဖိုးနည်းအိမ်ရာတွေ အဌားအိမ်ရာတွေ ဆောက်ပြီး ဖြေရှင်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ နယ်မြို့တွေ မှာ အလုပ်အကိုင် ရှားပါးတာကြောာင့် မြိုတက် အလုပ်လုပ်တဲ့သူတွေ များလာပေမယ့်
မြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တွေကိုယ်တိုင် လှုပ်လီလှုပ်လဲ နဲ့ ရုန်းကန်နေရတဲ့ အခြေအနေဖြစ်တာကြောင့်လူတိုင်းကို အလုပ်မပေးနိုင်တဲ့ အပြင် ပေးနိုင်တဲ့ အလုပ်တွေ ၊ လုပ်ခလစာတွေကလည်း အိမ်ဝယ်ဖို့ မဆိုထားနဲ့ အလုပ်လုပ်တဲ့ သူတစ်ယောက်တည်းရဲ့စားရေး၊ ၀တ်ရေး၊ နေရေးကို တောင် ပြည့်စုံ အောင် မထောက်ပံ့နိုင်တဲ့ အတွက် မြို့ပြ အလုပ်လက်မဲ့
ပြသနာက တစ်နေ့တစ်ခြား ကြီးထွားလာပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ သာမာန်လက်လုပ်လက်စား မိသားစု တွေ၊ ၀န်ထမ်းတွေ ( အစိုးရ နဲု့ကုမ္မဏီတွေ မှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတွေ ) ရနေတယ့် ၀င်ငွေတွေ ၊ လစာတွေ ဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စာတောင်မလောက်ငှတဲ့အပြင် ၊ ၀န်ထမ်းတွေဆိုရင်လည်း ပုံမှန်ရရှိနေတဲ့လစာတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင် အိုးပိုင်အိမ်ပိုင်ဘ၀လေးနဲ့ နေဖို့ဆိုတာ
အင်မတန်ခက်ခဲတဲ့ အိမ်မက်ကလေးဖြစ်လို့နေပါတယ်။
မြင့်တက်လာနေတဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ၊ သာရေးနာရေး လူမှုရေး အထွေထွကုန်ကျစရိတ်တွေ အပြင် လူတစ်ဦးချင်း ၀င်ငွေနည်းပါးတယ့် အတွက်ကြောင့် ၀န်ထမ်းတွေ ဆိုရင် လတစ်လ ရဲ့ ရက် ၂၀ ကျော်ရင်ဘဲ လစာငွေကုန်သွားကြတာ များတယ့် အတွက် ပြတ်တုန်းလပ်တုန်း ၂၃ လို့တောင် စကားပုံတစ်ခု ၀န်ထမ်းအသိုင်းအ၀န်းမှာ
တွင်လာတဲ့အထိ ဖြစ်လာပါတယ်။
လူတစ်ဦးချင်း ၀င်ငွေနည်းပါးပေမယ့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေတာကတော ကုန်ဈေးနှုန်းနဲ့ မြင့်မားလှတဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေကတော့ နိုင်ငံတကာ အဆင့်ကို မီရုံတင်မဟုတ် ကျော်ပါသွားတယ်လို့ ပညာရှင်တွေ အကြားမှာဟာသလုပ်ပြီးတော့တောင် ဆွေးနွေးပြော
ဆိုလာကြပါတယ်။
အိမ်ခြံမြေ လုပ်ငန်း ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ အရောင်း အ၀ယ်မကောင်းလို့ ငုတ်တုတ်မေ့နေကြပေမယ့်
ပုံမှန်အတိုင်းလည်ပတ်နေတာက တော့ အိမ်ဌားရမ်းတာတွေ ဖြစ်ြ့ပီး တိုးပွားလာတဲ့ လူဦးရေ အတွက်လိုအပ်တဲ့အိမ်ရာသစ်တွေကို ဖော်ထုတ်ဖို့အားနည်းတဲ့ အပြင် အခြေခံအဆောက်အအုံ ပိုင်းဖြည့်ဆည်းမှုကလည်း တစ်ချို့နေရာတွေ မှာနတ္တိဖြစ်နေတယ့် အခြေအနေ ရှိလို့လည်း အိမ်ရှင်တွေက အိမ်ဌားခတွေကို မကြာခဏ တက်တာ ၊ ဈေးကိုင်တာ တွေ ဖြစ်လာပါတယ်။ မကြာခဏ ပွဲခလိုချင်တဲ့ အိမ်ပွဲစား အချို့ရဲ့စနက်ကိုလည်း အိမ်ဌားရမ်းတဲ့ သူတွေ တော်တော်ခံစားရပါတယ်။
အိမ်ဌားခတွေ မကြာခဏ တက်လို့ အိမ်ဌားတွေ ဈေးသက်သာာတဲ့ နေရာတွေကို မကြာခဏပြောင်ပြေးနေရတဲ့ အပြင် ၊ အိမ်တစ်လုံးထဲမှာ မိသားစု နှစ်စု ဒါမှမဟုတ် သုံးစု လောက်အထိ နေပြီး အိမ်ဌားရမ်းနေထိုင်တာ တွေကို တွေ့မြင်လာနေရပါတယ်၊ ဒါ့အပြင် ယနေ့ခေတ်မှာ အထူးအဆန်းအဖြစ် ပေါ်လာတာ တစ်ခုကတော့ အခန်းတွဲယဉ်ကျေးမှု တွေ ဆိုပြီး ဆိုင်ခန်းသာသာ အခန်းတွဲတွေ ထဲမှာ မိသားစုတွေ အများကြီးစုနေ ဘုံအိမ်သာ ၊ ဘုံ ရေချိုးကန် တွေ နဲ့ လူမှုရေးပြသနာတွေကလည်း ဗရပွနဲ့ ဖြစ်လာတော့ လူတိုင်း က ကိုယ့်အိုးကိုယ့်အိမ်ကလေး နဲ့သာ နေချင်ကြတဲ့ ဆန္ဒတွေ ကိန်းအောင်းနေတာမထူးဆန်းတော့ပေမယ့် ဘယ်နေ့များ အိမ်ပိုင်နိုင်မလဲ ဆိုပြီး ထီထိုး၊ ချဲထိုးပြီး မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်းနေတဲ့ သူတွေ ရန်ကုန်မြို့ အနှံ့အပြားမှာ အများကြီး ရှိလို့နေပါတယ် ။
အားလုံးမျှော်လင့်နေကြတဲ့ တန်ဖိုးနည်း အိမ်ရာ ဆိုတာကလည်း နောက်ဆုံးမှာ တန်ဖိုးနည်းထက် တန်ဖိုးမျှတလို့သာ ခေါ်ဝေါ်သတ်မှတ်လာရပြီး အနည်းဆုံး သိန်း ၁၂၀ အောက်ထစ်နဲ့ ရောင်းတဲ့ အတွက်
မျှော်လင့်ချက်တွေ သဲထဲရေသွန်
ဖြစ်ရသလို သိန်း ၁၂၀ နဲ့ ရောင်းတဲ့ တန်ဖိုးနည်းအိမ်ရာကလည်း ရန်ကုန်တစ်မြို့လုံးမှာ အခန်း ၃၀၀ မပြည့်တဲ့ အပြင် လုပ်သက်နှစ် ၂၀ အထက် ၀န်ထမ်းတွေကို တောင် မဲနှိုက်ပြီးမှ ရောင်းချရတဲ့ အဆင့်ထိအောင် ရှားပါးကုန်ပစ္စည်းတစ်ခုလို ဖြစ်နေပါတယ်။
ဒါတောင် ဈေးအသက်သာဆုံး တန်ဖိုးနည်း တိုက်ခန်းကို ပြောတာဖြစ်ပြီးတစ်ချို့တန်ဖိုးနည်း
တိုက်ခန်းတွေက သိန်း ၆၀၀ လောက်အထိ ဈေးခေါ်နေတဲ့ အတွက် အိမ်ပိုင်အိမ်ပိုင်ဖြစ်ချင့်လို့
လတ်တလောမှာ အိမ်ဌားဘ၀နဲ့ ကြိုးစားနေရတဲ့ ပြည်သူတွေအတွက်ကတော့ ရျွှေပြည်တော် မျှော်တိုင်းဝေး ဘ၀ကို ဘဲ ဆိုက်ရောက်လာတဲ့အပြင် အိမ်ရှင်အိမ်ဌားစာချုပ်ပြည့်လို့ အိမ်ရှင်ဘက်နေ အိမ်လခ ထပ်တိုးမတောင်းဖို့ကိုဘဲ ဆုတောင်းရုံရှိပါတော့တယ်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com