Myanmar Building Codes ကို လာမည့်နှစ်တွင် ပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထား

Myanmar Building Codes ကို လာမည့်နှစ်တွင် ပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထား - Property News in Myanmar from iMyanmarHouse.com
21 Dec 2015 11:33 am တွင် တင်ခဲ့သည်
817 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်း၍ ၂၀၁၂ ကစပြီး အဆောက်အဦးများ တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ ဥပဒေများ (Myanmar Building Codes)ကို လာမည့်နှစ်အတွင်း အတည်ပြုပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထားကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ အတွင်းရေးမှူး ဦးစောထွေးဇော်က မဇ္ဈိမသို့ ပြောသည်။

"အခုကတော့ ရေးဆွဲတဲ့အပိုင်း ပြီးသွားပြီ။ ဒီထဲမှာ အပိုင်းတွေအများကြီးပါတော့ ညှိနှိုင်းတာနဲ့ အမှားပြင်ဆင်ချက် သေးသေးလေးတွေ ပြင်နေတာရှိတယ်။ နောက်တစ်ပိုင်းကတော့ ရေးဆွဲပြီးသွားတဲ့ မူကြမ်းကို မိခင်ဌာနဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို တင်ပြပြီးသွားပြီ။ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ဒါကို တရားဝင်ပြဌာန်းနိုင်ဖို့ လွှတ်တော်ကို တင်ထားတဲ့အဆင့် ရောက်နေပါပြီ" ဟု ဦးစောထွေးဇော်က ပြောသည်။

ယခင် Myanmar Building Codes ဟူ၍ သီးသန့်မရှိကြောင်း၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အသုံးများသော Building Codes များကိုသာ မှီငြမ်းခဲ့ကြရကြောင်း၊ ယခုရေးဆွဲထားသော ဥပဒေများမှာလည်း အသစ်အနေဖြင့် ပြန်လည်ရေးဆွဲခြင်းမဟုတ်ဘဲ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေရှိစေရန် ပြန်လည်ပြုပြင် ရေးဆွဲထားခြင်းဖြစ်ကြောင်း ပြောသည်။

ယင်း အဆောက်အဦးများ တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ ဥပဒေများ (Myanmar Building Codes)ကို ဘာသာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်ပေါင်း ၁၀၀ ကျော်ဖြင့် ရေးဆွဲထားပြီး၊ အဆောက်အသီးဆောက်လုပ်ရာတွင် ဆောက်လုပ်ခွင့်တင်သည့် လမ်းကြောင်းများ၊ အဆောက်အဦးများကို မည့်ကဲ့သို့ စစ်ဆေးသင့်သည့် သတ်မှတ်ချက်များ၊ အဆောက်အဦးပုံစံရေးဆွဲရာတွင် လိုက်နာသင့်သည့် အချက်များ၊ ဆောက်လုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများ၏ အရည်အသွေးသတ်မှတ်ချက်များနှင့် သဘာဝဘေးအန္တရာယ် ခံနိုင်စေရန် ခံနိုင်ရည်တွက်ချက်ဆောက်လုပ်သင့်သည့် သတ်မှတ်ချက်များ ပါဝင်မည် ဖြစ်သည်။

Credit; Mizzima News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service