ကမ္ဘောဇကုမ္ပဏီအုပ်စု ရန်ကုန်စတော့အိတ်ချိန်းလုပ်ငန်းစတင်ရန်ရှင်းလင်း၊ အရင်းအနှီးတိုးပွားအောင် ရှယ်ယာများရောင်းချပေးမည်

ကမ္ဘောဇကုမ္ပဏီအုပ်စု ရန်ကုန်စတော့အိတ်ချိန်းလုပ်ငန်းစတင်ရန်ရှင်းလင်း၊ အရင်းအနှီးတိုးပွားအောင် ရှယ်ယာများရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
16 Dec 2015 11:06 am တွင် တင်ခဲ့သည်
1957 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်လှစ် လိုက်သည့် ရန်ကုန်စတော့အိတ်ချိန်းတွင် ကမ္ဘောဇကုမ္ပဏီများအုပ်စုနှင့် စင်ကာပူနိုင်ငံ Stirling Coleman Securities Co., Ltd. တို့ အကျိုးတူ ပူးပေါင်းထားသည့် KBZ Stirling Coleman Securities Co., Ltd. (KBZ SC Securities) ၏ လုပ်ငန်းစဉ်များ မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က အမှာစကားပြောကြားပြီး (အပေါ်ယာပုံ) KBZ SC Securities မှ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Rudolf Rolles နှင့် Mr. Yap Yeong Keen? Mr. Ang Lian Kiat နှင့် ဒါရိုက်တာ ဦးဇော်လင်းအောင်တို့က လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသော စီးပွားရေး လုပ်ငန်းရှင်များ၊ စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံလိုသူများ၏ မေးမြန်းမှု များကို ရှင်းလင်းပြောကြားကြသည်။

ရန်ကုန် စတော့အိတ်ချိန်းကို ဒီဇင်ဘာ ၉ ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ ကနဦးအနေဖြင့် မြန်မာကုမ္ပဏီ ခြောက်ခုက ငွေချေးသက်သေခံ လက်မှတ်များကို ရန်ကုန်စတော့ အိတ်ချိန်းတွင် ရောင်းချရန်စီစဉ်လျက်ရှိပြီး ယင်းတို့ကို တာဝန်ခံ ရောင်းချပေးရန် ကုမ္ပဏီ ၁ဝ ခုကို ပဏာမ အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။ ကုမ္ပဏီ ၁ဝ ခုတွင် KBZ SC Securities သာ လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ရရှိထားပြီး ကျန်ရှိသော ကုမ္ပဏီများမှာလည်း လိုင်စင်ရရှိရေးအတွက် လိုအပ်ချက်များကို ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိ သည်။

''ကမ္ဘောဇကုမ္ပဏီ အုပ်စုအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက ကျတဲ့ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပိုမိုအလေးထားကြိုးပမ်း လုပ်ဆောင်နေတာမှာ ပုဂ္ဂလိက ဘဏ်လုပ်ငန်းနဲ့ ပုဂ္ဂလိကအာမခံ လုပ်ငန်းတွေမှာ ဈေးကွက်ဝေစု အများ ဆုံးနဲ့ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါတယ်။
နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကအရေး ပါတဲ့ ငွေကြေး အရင်းအနှီးဈေးကွက်လုပ်ငန်းဆိုင်ရာဖြစ်တဲ့ ရန်ကုန် စတော့အိတ်ချိန်းရဲ့ ငွေချေး သက်သေခံ လက်မှတ် ရောင်းဝယ် ရေးလည်း ပါဝင်ဆောင်ရွက်နိုင်ဖို့ အင်တိုက် အားတိုက် ပြင်ဆင် ဆောင်ရွက်နေရာမှာ မြန်မာ့ စတော့ ရှယ်ယာဈေးကွက် သမိုင်းမှာ ငွေချေး သက်သေခံလက်မှတ်တွေကို တာဝန်ခံ ရောင်းချပေးမယ့် ပထမဆုံး Underwriter ကုမ္ပဏီအဖြစ် တရားဝင်လိုင်စင် ရရှိခဲ့ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်း Listing ကုမ္ပဏီတွေရဲ့ အရင်းအနှီးတိုးမြှင့်ရေး ပြည်သူတွေက ရှယ်ယာတွေ ဝယ်ယူပြီး စီးပွားရေးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ စတာတွေအတွက် တာဝန်ယူရောင်းချ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်စတော့ အိတ်ချိန်းမှာ ရောင်းဝယ်မှုတွေ အပေါ် ငွေပေးချေမှုတွေကို ဆောင်ရွက်ပေးမယ့် ဘဏ်ကိုလည်း KBZ Bank ကို Authorized Fund Settlement Bank အဖြစ် ရွေးချယ်ထားတာဖြစ်လို့

ရန်ကုန်စတော့အိတ်ချိန်းရဲ့ လုပ်ငန်း တွေအောင်မြင်ဖို့အတွက် အဆင်ပြေ ချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် အရင်းအနှီးတိုးမြှင့်လိုတဲ့ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ အညီ အစစအရာရာ တာဝန်ယူ ဆောင်ရွက်ပေးပြီး အရင်းအနှီးတိုးပွားအောင် သူတို့အတွက် ရှယ်ယာတွေကို တာဝန်ခံရောင်းချပေးမှာဖြစ်ပါ တယ်''ဟု အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ရှင်းလင်းပြောကြားသည်။ ၏

KB Z SCSecurities ၏ လုပ်ငန်း များကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square (ယခင်နိုင်ငံတော် ခြောက်ထပ်ရုံး)၌ ရုံးခန်းဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service