မြေယာမဲ့ အိမ်ထောင်စုခြောက်ထောင်ကျော်အတွက် စက်မှုဝန်ကြီးဌာနမှ မြေဧက ၂၆၀ ကျော်ကို မွန်ပြည်နယ်အစိုးရသို့ လွှဲပြောင်းမည်

မြေယာမဲ့ အိမ်ထောင်စုခြောက်ထောင်ကျော်အတွက် စက်မှုဝန်ကြီးဌာနမှ မြေဧက ၂၆၀ ကျော်ကို မွန်ပြည်နယ်အစိုးရသို့ လွှဲပြောင်းမည် - Property News in Myanmar from iMyanmarHouse.com
14 Dec 2015 11:11 am တွင် တင်ခဲ့သည်
949 ကြိမ် ကြည့်ရှု့ပြီး
မြေမဲ့၊ ယာမဲ့အိမ်ထောင်စု ၆၁၉၇ စုအတွက် စက်မှုဝန်ကြီးဌာနပိုင်မြေ ၂၆၄ ဒသမ ၅၈ ဧကကို မြေကွက်ပေါ်ရှိ ရော်ဘာပင်တန်ဖိုး၊ အကျိုးတူစာချုပ်တန်ဖိုးပါ စုစုပေါင်း ကျပ်သိန်း ၁၅၀၃ ဒသမ ၃၃၂ ပေးသွင်းကာ မွန်ပြည်နယ် အစိုးရသို့ လွှဲပြောင်းရန် လုပ်ဆောင် လျက်ရှိသည့် အစီအစဉ်များကို မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ကျင်းပပြီးစီးခဲ့သော (၁၂)ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

စက်မှုဝန်ကြီးဌာနက စွန့်လွှတ်ပေးမည့် မွန်ပြည်နယ်အစိုးရမှ တောင်းခံထားသည့် မြေဧရိယာ ၂၆၄ ဒသမ၅၈ဧကကိုစက်မှုဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်အပ်နှံသည့် အဆင့်ပြီးစီးပြီဖြစ်၍ နိုင်ငံတော်(ကိုယ်စား)
ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည့် အဆင့်ကျန်ရှိနေကာ မြေအသုံးချခွင့်ရရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့မှ (၂၀၁၅-၁၆)ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါ မြေပေါ်၌ မြေမဲ့ယာမဲ့အိမ်ထောင်စုများ နေရာချ
ထားနိုင်ရေးအတွက် မြေအသုံးချခွင့်ပြုနိုင်ရေး ဥက္ကဋ္ဌ၊ စီးပွားရေးရာ ကော်မတီသို့ နိုဝင်ဘာ ၂၀ ရက်တွင်ပေးပို့ တင်ပြထားကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ လွှဲပြောင်းမည့်မြေ ၂၆၄ ဒသမ ၅၈ ဧကတွင် မော်လမြိုင်မြို့နယ် မင်းရွာရော်ဘာခြံ ၄၄ ဧက၊ သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်ခြံ ၄၀ ဧက၊ သထုံမြို့နယ် ညောင်ချောင်းခြံ ၁၄ ဒသမ ၃၉ ဧက၊ သထုံမြို့နယ် မရမ်းတောင် ခြံ(ကစစ၂၁ = ၆၀ ဒသမ ၃၅ ဧက၊ မိုးကောင်း ခြံခွဲ =၂၆ ဒသမ ၈၄ ဧက၊ ဓနုခြံခွဲ = ၇၉ ဧက)တို့ပါဝင်သည်ဟုသိရသည်။

နေရာချထားမည့် မြေမဲ့ယာမဲ့အိမ်ထောင်စု၆၁၉၇ စုတွင် မော်လမြိုင်ခရိုင်မှ အိမ်ထောင်စု ၂၈၀၅ စု ၊ သထုံခရိုင်မှ အိမ်ထောင်စု ၃၃၉၂ စု ပါဝင်သည်ဟု သိရသည်။

“လွန်ခဲ့တဲ့ နှစ်လကျော်လောက်က မြို့နယ်က အိမ်မဲ့၊ ယာမဲ့ စာရင်းတောင်းပါတယ်။အိမ်ထောင်စု ရှစ်စုအတွက် စာရင်းပေးခဲ့ပါတယ်။ မင်းရွာရော်ဘာခြံမှာ အကွက်ချမယ် ဆိုတာတော့ မသိရဘူး”ဟု မော်လမြိုင်မြို့နယ် မင်းရွာအုပ်ချုပ်ရေးမှူး ဦးစိန်ပုက ဆိုသည်။

“အခု ကမ်းနားလမ်း လုပ်နေတဲ့နေရာက အိမ် ၄၀ လောက်ကိုမင်းရွာရော်ဘာခြံမှာ မြေကွက်တွေ ပေးမယ်လို့ ကြားနေရတယ်။ ကမ်းနားလမ်းမှာ တစ်ဧကကို အနည်းဆုံး သိန်းတစ်သောင်း ခွဲလောက်ဖြစ်နေတဲ့ချိန်မှာ နေရာဖယ်ပေးတဲ့ သူတွေကို တစ်ဧကခြောက်သိန်းကျော်လောက်နဲ့ မြေကွက်ပေးလိုက်တာမျိုးက စဉ်းစားစရာ အများကြီးရှိပါတယ်။ ကမ်းနားလမ်းမှာတစ်ဧကသိန်းတစ်သောင်းခွဲနဲ့ ရောင်းမလားမေးရင် မရောင်းဘူးလို့ ကြားရမှာ။ ပြောင်းတဲ့လူတွေကို ငါးသောင်းတန် မြေကွက်၊ ပြောင်းစရိတ်ငါးသောင်းထား၊ တစ် သိန်းလောက်နဲ့ ပြီးသွားတယ်။ အိမ်အတွက် လျော်ကြေး ဘယ်လောက်ပေးမှာလဲ။ အိမ်ဆောက်ပေးမှာလား။ အိမ်ဆောက်ပေးရင် ခွင်က ထပ်ပါလာရော။ ရေ၊ လမ်း၊ မီး အဆင် သင့်လုပ်ပေးပြီးမှ ရွှေ့ရင်တစ်မျိုးပေါ့၊ ကမ်းနားလမ်း စီမံကိန်းနော်။ နာမည်ကိုက စီမံကိန်း၊ စီမံကိန်းတစ်ခု လုပ်မယ်ဆိုရင် ဥပမာ ဂျပန်က တိုကျိုကိုကြည့်။ လူတွေကို မင်းတို့ရွှေ့လို့ ပြောလို့မှမရဘဲ။
မြို့တစ်မြို့ဆောက်လိုက်တယ်။ လမ်း၊ မီး၊ ရေ အကုန်ပြီးမှ ဘဏ်၊ ဌာန ဆိုင်ရာရုံးတွေ ရွှေ့လိုက်တယ်။ ၀န်ဆောင်မှု ရုံးတွေ ရွှေ့လိုက်တယ်။ လူတွေအားလုံး ၀န်ဆောင်မှုတွက် အဲဒီကိုသွားရင်းနဲ့ အဲဒီမှာ ၀ယ်ရင်းနဲ့နေ။ အဲဒီလို စီမံကိန်း ချထားရမယ်၊ ဒီမှာကတော့ သွား၊ သွားဆိုပြီး ရောက်သွားရော။ ဟိုရောက်တော့ အိမ်ကိုပဲ လုံးမလား စားဖို့ပဲရှာမလား။ လူတွေက ပိုပြီးဆင်းရဲသွားတယ်။ မြို့သစ်တွေ လုပ်လေ စနစ်မကျလေ၊ ဆင်းရဲမှုတွေ များလာတာပေါ့” ဟု မြို့ပြရေး ရာကျွမ်းကျင်သူ ဦးမင်းမောင်က ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service