တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမ၌ ဒီဇင်ဘာ ၁၂ ရက် နံနက်က Saw Mon HlaIslandResortCo.,Ltdကကျွန်းစုမြို့နယ်အတွင်းရှိ
စောမွန်လှကျွန်းတွင် အပန်းဖြေဟိုတယ်စီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (EIA) ဆိုင်ရာ အချက်အလက် များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင် ခိုင်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ NGO များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးက အမှာစကားပြောကြားပြီး စောမွန် လှကျွန်း အပန်းဖြေစခန်း ကုမ္ပဏီလီမိတက် စီမံကိန်းဒါရိုက်တာ ဦးသက်စိုး က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်E Guard Environmental Services Company rS senior consultant ဒေါ်နန်းခမ်းဆိုင်က စီမံကိန်းဧရိယာနှင့် အနီးပတ်ဝန်းကျင် အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(Environmental Impact Assessment-EIAn) လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
အဆိုပါ စောမွန်လှကျွန်း အပန်းဖြေဟိုတယ်စီမံကိန်းကို တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ မှ ၇၅မိုင်အကွာ၊ကျွန်းစုမြို့နယ် ရေကန် တောင်ကျေးရွာအုပ်စု
စောမွန်လှကျွန်းရှိ စီမံကိန်းဧရိယာ ၁၆၆၁ ဧကပေါ်တွင် နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းလုပ်ငန်းများလုပ်ကိုင်ခြင်း၊ ဘန်ဂလိုပုံစံ အလုံး၂ဝ၊ တင်းနစ်ကွင်း၊ ရေကူးကန်၊ ဆိုင်ကလုံးမုန်တိုင်းရှောင် သုံးထပ် အဆောက်အအုံ တစ်လုံးနှင့် ပေ ၆ဝ ဆိပ်ခံတံတားတို့ကို စောမွန်လှကျွန်း အပန်းဖြေစခန်း ကုမ္ပဏီလီမိတက်က ငွေကျပ်သန်း ၄၃ဝ၃ ခန့်ဖြင့် သုံးနှစ် အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit: MOI Webportal Myanmar