မြန်မာတစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ယခုနှစ်နိုဝင်ဘာ လကုန်အထိ ဟိုတယ်အလုံးပေါင်းတစ်ထောင်ကျော် ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ သတင်းရရှိသည်။
၂၀၁၅ နိုဝင်ဘာလကုန်အ ထိ တစ်နိုင်ငံလုံးတွင် ဟိုတယ် စုစုပေါင်း ၁,၂၇၂ လုံးထိ မြင့်တက်လာပြီး လာမည့်ပွင့်လင်းရာသီ၌ ဟိုတယ်လုပ်ငန်းများ လည်ပတ်မှု ပိုမိုအားကောင်းလာနိုင်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သည့် ဟိုတယ်ဇုန်နှင့်ဟိုတယ်လုပ်ငန်းဆိုင်ရာ တာဝန်ရှိ သူများ တွေ့ဆုံပွဲတွင် ပြောသည်။
ယခုနှစ်အတွင်း ဟိုတယ်အရေအတွက်များ တိုးတက်လာခြင်းနှင့်အတူ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများသည် ၂၀၁၀ ကခြောက်ရာကျော်သာ ရှိခဲ့သော် လည်း လက်ရှိတွင် လုပ်ငန်းပေါင်း တစ်ထောင့်ခုနစ်ရာခန့်အထိ မြင့်တက်လာကြောင်း သိရသည်။
၂၀၁၅ စက်တင်ဘာအထိ နိုင်ငံသားပိုင် ခရီးသွားကုမ္ပဏီ ၁,၈၃၄ ခု၊ နိုင်ငံသားနှင့် နိုင်ငံခြား သားပိုင် ဖက်စပ်ခရီးသွားကုမ္ပဏီ ၃၉ ခု၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီ တစ်ခု စုစုပေါင်းခရီးသွားကုမ္ပဏီ ၁,၈၇၄ ခုရှိကြောင်း သိရသည်။
အနာဂတ် မြန်မာ့ခရီးသွား လုပ်ငန်း အခွင့်အလမ်းနှင့် ရေ ရှည်တိုးတက်မှုများကို ကမ္ဘာ့နိုင်ငံ ပေါင်း ၁၈၀ အပေါ် အခြေခံနှိုင်း ယှဉ်ရာတွင် ၂၀၁၅ မှ ၂၀၂၅ အတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှုသည် ထိပ်တန်းတစ်နေရာ၌ ရှိနိုင်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၏ စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။
‘‘ဟိုတယ်တွေ များလာ တော့ ခရီးသွားလုပ်ငန်းတွေအ တွက် ရွေးချယ်စရာတွေ ပိုများ လာတယ်။ ဟိုတယ်တွေများလာ တယ်ဆိုကတည်းက ခရီးသွား လုပ်ငန်း တိုးတက်လာတဲ့ ပြယုဂ် တစ်ခုဖြစ်တယ်။ တစ်ခုပဲရှိတယ်။ Demand များလို့ Supply များ လာပေမယ့် Service ပိုင်းမှာတော့ လိုအပ်မှုလေးတွေက ရှိနေဆဲပါပဲ’’ဟု ခရီးသွားဧည့်လမ်းညွှန် ကိုရန်နိုင်က ပြောသည်။
Credit: 7Daydaily