ပိုင်လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် လိုင်စင်သစ်များ ထပ်မံထုတ်ပေးရန် စိစစ်နေ

ပိုင်လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် လိုင်စင်သစ်များ ထပ်မံထုတ်ပေးရန် စိစစ်နေ - Property News in Myanmar from iMyanmarHouse.com
12 Dec 2015 11:51 am တွင် တင်ခဲ့သည်
1058 ကြိမ် ကြည့်ရှု့ပြီး
တည်ဆောက်ရေးလုပ်ငန်းများတွင် ပိုင်ရိုက် ခြင်းလုပ်ငန်းအတွက် ဆောက်လုပ်ရေးကုမ္ပဏီ
ငါးခုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြီးခဲ့သည့်သီတင်းပတ်တွင်
လိုင်စင်ထုတ်ပေးခဲ့ရာ လိုင်စင်သစ်များထပ်မံ ထုတ်ပေးနိုင်ရန် ကုမ္ပဏီများကို စိစစ်လျက်
ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။

"အထပ်မြင့်အဆောက်အအုံ စီမံကိန်းများကြီးကြပ်စစ်ဆေးသည့်ပညာရှင်အဖွဲ့ (CQHP)
ကပေးသလောက် ခွင့်ပြုပေးသွား မှာပါ။ ပိုင်ကုမ္ပဏီတွေများလာတဲ့အတွက် တာဝန်ယူမှု၊
တာဝန်ခံမှုရှိအောင်လို့ အခုလိုလိုင်စင်ထုတ်ပေးလိုက်တာပါ၊ လိုင်စင်မပိတ် ပါဘူး။ ထပ်ပြီးတော့လည်း ဖွင့်ပေးဖို့ ရှိပါတယ်"ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေးက ပြောသည်။

ရန်ကုန်နယ်နိမိတ်အတွင်း တည်ဆောက်မည့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ ပိုင်ရိုက်ခြင်းလုပ်ငန်းများအတွက် စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရန်၊ ဘေးပတ်ဝန်းကျင်ရှိ အဆောက်
အအုံများ၊ ရေမြောင်းများ၊ လမ်းများ ထိခိုက်မှု မရှိစေရန်နှင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်
အတွက် ပိုင်လုပ်ငန်းလုပ် ကိုင်သည့် ကုမ္ပဏီငါးခုကို လိုင်စင်များထုတ်ပေးခဲ့သည်ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာခဲ့သည်။

အထပ်မြင့်အဆောက်အအုံ စီမံကိန်းများ ကြီးကြပ်စစ်ဆေးသည့်ပညာရှင်အဖွဲ့၏ ထောက်ခံ
ချက်ဖြင့် ပိုင်ရိုက်လုပ်ငန်းလိုင်စင် များ ရရှိခဲ့သည့်ကုမ္ပဏီများမှာ Myanmar V- pile၊ Win
piling group၊ Golden Tristar၊ City Press pile နှင့်Positive Pioneer တို့ဖြစ်ကြသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆောက်အအုံဆောက် လုပ်ခွင့်ပြု
ရာတွင် ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ လိုင်စင်ချထားပေးပြီးဖြစ်သော ပိုင်လုပ်ငန်း ကုမ္ပဏီများက တင်ပြလာသည့် ဆောက်လုပ်ရေးလုပ်ငန်းများကိုသာ လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်
သည်ဟု သိရသည်။

"ကျွန်တော်တို့ဆီကို တင်ပြလျှောက်ထားလာတဲ့ ကုမ္ပဏီတွေကို သူတို့လုပ်တဲ့ လုပ်ငန်းခွင်တွေ
မှာကော၊ကုမ္ပဏီအထိပါသွားရောက်စစ်ဆေးပါတယ်။
လျှောက်လာတဲ့ ကုမ္ပဏီအားလုံးကို
ခွင့်ပြုပေးတာတော့ မဟုတ်ပါဘူး၊ စာရင်းဇယား အချက်အလက် မမှန်မကန် တင်ပြလျှောက်
ထားတဲ့ ကုမ္ပဏီတွေ၊ စက်ပစ္စည်းအင်အား ၀န်ထမ်းအင်အား မပြည့်စုံတဲ့ကုမ္ပဏီတွေကိုပယ်လိုက်တာတွေရှိနေပါတယ်။ ပိုင်လုပ်ငန်းက အရေးကြီးတဲ့အတွက် အသေအချာစစ်ဆေးပြီးမှပဲ
ထောက်ခံချက်ပေးလိုက်တာ ဖြစ်ပါတယ်။

စည်ပင်ဘက်ကကျွန်တော်တို့ ထောက်ခံချက် နဲ့ လိုင်စင်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်၊ ကျွန်တော်တို့
ထုတ်ပေးထားတာ ကုမ္ပဏီ ၁၀ ခုလောက်ရှိနေပါပြီ" ဟု အထပ်မြင့်အဆောက်အအုံစီမံကိန်းများ ကြီးကြပ်စစ်ဆေးသည့်ပညာရှင်အဖွဲ့
( Committee For Quality Control
of High-Rise Building Construction Projects - CQHP) ဥက္ကဋ္ဌ ဦးခင်မောင်တင့်ကပြောကြားသည်။

အဆိုပါပညာရှင်အဖွဲ့ကို ဆောက်လုပ် ရေးဝန်ကြီးဌာနက ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်း ပေးခဲ့ပြီး၊
ရန်ကုန်မြို့တော်အတွင်း၁၂ထပ်ခွဲနှင့်အထက် ဆောက်လုပ်သည့် အဆောက်အအုံများ၏
ဒီဇိုင်းကြံ့ခိုင်မှု၊ ဆောက်လုပ်သည့် ပစ္စည်းများ၏ အရည်အသွေးနှင့် လုပ်ငန်းခွင် အန္တရာယ်
ကင်းဝေးစေရေးအတွက် တာဝန်ယူ လုပ်ကိုင်သည့် အဖွဲ့အစည်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်း များ များပြားလာသည့်နည်းတူ ပိုင်လုပ်ငန်းလုပ်
ကိုင်သည့် ကုမ္ပဏီများလည်း တဖြည်းဖြည်းများပြားလာခဲ့ရာ လက်ရှိတွင် ရန်ကုန်မြို့တွင်
ပိုင်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီပေါင်း ၄၀ ကျော်ရှိသည်ဟု သိရသည်။

ပိုင်ရိုက်လုပ်ငန်းများအတွက် စက်ပစ္စည်းအရည် အသွေးနှင့် ကျွမ်းကျင်မှုနည်းပါးသည့် ပိုင်လုပ်ငန်း
ကုမ္ပဏီများလည်း ရှိလာသည့်အတွက် အဆောက်အအုံများ၏ ကြံ့ခိုင်မှုအတွက် ပိုင်လုပ်ငန်း
များကို စနစ်တကျဖြင့် ဆောင်ရွက်စေရန် ယခုကဲ့သို့ လိုင်စင်ထုတ် ပေးခြင်းဖြစ်ပြီး လိုင်စင်ရယူ
ထားသည့် ကုမ္ပဏီများအနေဖြင့် အပြည့်အ၀ တာဝန်ယူရမည်ဖြစ်သည်ဟုလည်း
ဦးခင်မောင်တင့်က ပြောသည်။

"၂၀၁၀ နောက်ပိုင်းမှာ အဆောက်အအုံတွေမှာ ပိုင်စနစ်တွေသုံးလာတယ်၊ ခြောက်ထပ် နဲ့
အထပ်ကို ပိုင်ရိုက်ခိုင်းနေပါပြီ။ ပိုင်ရိုက်ခ တစ်ပေကို ၅,၅၀၀ (ကျပ်) လောက်ဈေးရှိတယ်၊ပေ ၄၀ ပေ ၆၀ မြေကွက်ဆိုရင် အနည်း ဆုံး ပိုင်အလုံးရေ ၁၅၀ လောက်ရိုက်သွင်းရ
တယ်၊ မြေအနေအထားပေါ်မူတည်ပြီး အတိမ် အနက်နဲ့ ဒီဇိုင်းအရ တစ်ခါတစ်ရံမှာ ပိုင်လုံးရေ
၁၇၀ လောက်ထိရိုက်ရတယ်။ သယ်ယူပို့ ဆောင်စရိတ်အပါအ၀င် သိန်း ၃၀၀ လောက်
အထိ ပိုင်ကုမ္ပဏီကို ရှင်းပေးရတယ်။ အကျိုး အမြတ်များတဲ့အတွက် ဒီလုပ်ငန်းလုပ်တဲ့
လူတွေ အရမ်းများလာတယ်။ ပိုင်ရိုက်ဖို့ အတွက် ကျွမ်းကျင်မှုက အများကြီးလိုတယ်။
ထိန်းချုပ်တယ်ဆိုတာ နောက်တောင်ကျနေပါပြီ။ စည်ပင်လုပ်နေတဲ့ ပုံစံက ပြသနာဖြစ်မှ
လိုက်အရေးယူနေတဲ့ ပုံစံဖြစ်နေတယ်" ဟု အာရှဆောက်လုပ်ရေးမှ အထွေထွေ မန်နေဂျာ
ဦးရန်အောင်က ပြောသည်။

Credit: MyanmarTimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service