စတော့အိတ်ချိန်း အကျိုးတူပူးပေါင်းဆောင်ရွက်ရန် မိတ်ဆက်ရှင်းလင်း

စတော့အိတ်ချိန်း အကျိုးတူပူးပေါင်းဆောင်ရွက်ရန် မိတ်ဆက်ရှင်းလင်း - Property News in Myanmar from iMyanmarHouse.com
11 Dec 2015 10:49 am တွင် တင်ခဲ့သည်
680 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်လိုက်သည့် ရန်ကုန်စတော့ အိတ်ချိန်းတွင် မြန်မာနှင့် ထိုင်းတို့ အကျိုးတူလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် KTZ Ruby Hill Securities Co., Ltd .၏ လုပ်ငန်းစဉ်များ မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၈ ရက် ညပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဦးထွန်းငြိမ်းလမ်း၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး Loi Hein Group and KTZRH ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက အမှာစကား ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံမှ KTZ mico Securities Co., Ltd. CEO Mr.Khun Chaipatr Srivisarvacha က အမှာစကားပြောကြားပြီး ကုမ္ပဏီ၏လုပ်ငန်းစဉ်များအား ပရိုဂျက်တာဖြင့် ပြသသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Pisanu Suvanjata က အမှာစကားပြောကြားပြီး Loi Hein Group and KTZRH ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက အမှတ်တရလက်ဆောင် ပေးအပ်သည်။

ရန်ကုန် စတော့အိတ်ချိန်းကို ဒီဇင်ဘာ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံသားများအတွက် စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိလာနိုင် မည်ဖြစ်သည်။ ရန်ကုန်စတော့ အိတ်ချိန်းကို ကုမ္ပဏီအများစုဖြင့် စတင်မည်ဖြစ်ပြီး KTZRH ကုမ္ပဏီ လည်း အပါအဝင်ဖြစ်သည်။

''စတော့ အိတ်ချိန်းဆိုတာ နိုင်ငံတကာမှာ လုပ်ကိုင်နေတာကြာပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အခုမှလုပ်ဆောင်ရမှာပါ။ နိုင်ငံတကာမှာ စတော့အိတ်ချိန်း မရှိတာ နိုင်ငံအနည်းငယ်ပဲ ရှိပါတော့တယ်။

ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံသူ နိုင်ငံသား အကျိုးရှိစေဖို့ ထိုင်းကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ ကျွန်တော်တို့က စတော့အိတ်ချိန်းနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ မရှိသေးတာကြောင့် လောလောဆယ်တော့ ငွေကြေးစိုက်
ထုတ်ပြီး လုပ်ဆောင်မှာပါ။ သူတို့ဆီက လုပ်ပုံကိုင်ပုံ၊ နည်းလမ်းတွေကို လေ့လာသွားမှာပါ။

ဒီမှာက စတော့အိတ်ချိန်းနဲ့ ပတ်သက်ပြီးသိရှိသေးတာနည်းသေးတဲ့အတွက် အသေးစိတ်ကအစ ရှင်းပြသွားမှာပါ။ နိုင်ငံအတွက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပြီး စီးပွားရေးအခြေအနေလည်း ပို၍တိုးတက်လာနိုင်ပါတယ်'' ဟု Loi Hein Group and KTZRH ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ရှင်းလင်းပြောကြားခဲ့သည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service