ကျွန်းစုမြို့နယ်သည် ကျွန်းပေါင်း ၂ဝဝ ကျော်ခန့် ဖြင့်တည်ရှိသော မြို့တစ်မြို့ဖြစ်သည့် အားလျော်စွာ နိုင်ငံခြားသားများ၊ ခရီးသွားဧည့်သည်များ၊ စီးပွား ရေးလုပ်ငန်းရှင်များက ပင်လယ်ပြင်အပန်းဖြေ ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် အထူးစိတ်ဝင်စားလျက်ရှိရာ ကျွန်းစုမြို့နယ် ရေမြစ်ကြီး ကျေးရွာအုပ်စုရှိ Thoe Hnit Tan Island (ဒေသအခေါ်) သဲနက်တန်းကျွန်းပေါ်တွင် ပင်လယ်ပြင် အပန်းဖြေခရီးသွားလုပ်ငန်း စီမံကိန်းကြီးကို ဆောင်ရွက်ရန်အတွက် Yoma Myanmar Co.,Ltd. မှ လိုအပ်သောမြေဧရိယာ ၄၉ ဧကအား လျှောက်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီက သဲနက်တန်းပင်လယ်ပြင် အပန်းဖြေခရီးသွား လုပ်ငန်းစီမံကိန်းကို ခွင့်ပြုချက် ရရှိပါက ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ ငါးနှစ် စီမံကိန်းဖြင့် မြန်မာကျပ်ငွေ သိန်းငါးထောင် မတည်ရင်းနှီးမြှုပ်နှံကာ ငါးနှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက် သွားရန်ရှိကြောင်း ကုမ္ပဏီ ဒါရိုက်တာ ဦးသန်းဇော်က ပြောသည်။
သဲနက်တန်းကျွန်းသည် ရေမြစ်ကြီးကျေးရွာအုပ်စုရှိ ဒုန်းပုလဲအော်၊ ဒုန်းညောင်မှိုင်းကျေးရွာအနီးတွင် တည်ရှိ၍ မြိတ်မြို့မှ ရေမိုင် ၅ဝ ကျော်ခန့်နှင့် ကျွန်းစုမြို့မှ ရေမိုင် ၄၄ မိုင်ကျော်ခန့်ကွာဝေးသော ကျွန်းတစ်ကျွန်း ဖြစ်သည်။
သဲနက်တန်းကျွန်းကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်း ဆုံးဖြစ်အောင်နှင့် ဒေသ ခံပြည်သူများ၏ သဘောထားများ၊ အလုပ် အကိုင်အခွင့် အလမ်းများရရှိစေရေးကို ကျွန်းစုမြို့နယ်ရှိ သက်ဆိုင်ရာဌာန များကလည်း ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit: MOI Webportal Myanmar