ဆင်ခြေဖုံးမြို့နယ်များတွင် လမ်းဘေးဈေးသည် များအတွက် ဈေးသစ်များ ဆောက်လုပ်

ဆင်ခြေဖုံးမြို့နယ်များတွင် လမ်းဘေးဈေးသည် များအတွက် ဈေးသစ်များ ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
10 Dec 2015 11:34 am တွင် တင်ခဲ့သည်
1823 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်ဧရိယာအတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များတွင် လမ်းဘေးဈေးသည်များကို နေရာချထားရန် ဈေးရုံအသစ် ခြောက်ရုံနှင့် ဈေးဟောင်းများကို နှစ်ထပ်အဆောက်အအုံများအဖြစ်
ပြင်ဆင်ဆောက်လုပ်နေ သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်
မတီ၊ တာဝန်ရှိသူများက ပြောသည်။

ဈေးသစ်ခြောက်ခုနှင့် နှစ်ထပ်ဈေး အဖြစ် ပြင်ဆင်ဆောက်လုပ်နေသည့် ဈေးဟောင်း
၁၀ ခုတို့ကို ငွေကျပ် ၁၀ သန်း အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ် ပြီး ၂၀၁၆
ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဖြစ် သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊
ဈေးများဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ဖွင့်လှစ်မယ့် ဈေးအနီး၊ ပေ ၃၀၀ ၀န်းကျင် ရှိ လမ်းဘေးဈေးသည်တွေကို ဦးစားပေး
နေရာချထားပေးမှာ ဖြစ်ပါတယ်။ တစ်ဦးကို လေးပေပတ်လည် နေရာရရှိမယ်။ အဲဒီနေရာ
အတွက် ငွေကြေးကောက်ခံမယ့် အစီ အစဉ် မရှိသေးပါဘူး" ဟု အဆိုပါတာဝန်ရှိ
သူက ပြောသည်။ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ သာကေတ၊ အင်းစိန်၊ မင်္ဂလာဒုံ၊
လှိုင်သာယာ၊ မရမ်း ကုန်း၊ ရွှေပြည်သာ၊ ဆိပ်ကြီးခနောင်တိုနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
များတွင် ဈေးသစ်များ တည်ဆောက်ခြင်းနှင့် ဈေးဟောင်းအဆောက်အအုံများ ပြင်ဆင်
တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် တည်ဆောက်ပြင်ဆင်ရေး လုပ်ငန်းများ ၈၀
ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်ဟုလည်း သိရသည်။

"ဈေးသည်တွေက ခေါင်းတစ်ရွက်စာ ဈေးဗန်တစ်ဗန်းစာအဖြစ် လေးပေပတ် နေရာမှာ
ဈေးရောင်းနိုင်မှာ ဖြစ်ပါတယ်။ ဈေးရောင်းပြီးတဲ့အခါမှာတော့ အမှိုက်တွေ၊ ဆိုင်ခုံနေရာ
ရှင်းလင်းတာတွေ လုပ်ရမှာဖြစ်ပါတယ်" ဟုလည်း ဈေးများဌာနမှ အဆိုပါတာဝန်ရှိသူက
ပြောသည်။ ရန်ကုန်မြို့ နေရာအနှံ့အပြားတွင်း လမ်းဘေးဈေးသည်များ လျော့နည်းစေရန
် မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသော်လည်း လမ်းဘေးနေရာ
များ၌ အမိုးအကာ၊ အခင်းဖြင့် ရောင်းချနေသော လမ်းဘေးဈေးသည်အရေအတွက်မှာ
လျော့ကျခြင်း မရှိသေးပေ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ယခုကဲ့သို့
ဈေးသစ်များ တည် ဆောက်ဖွင့်လှစ်ပေးမည်ဖြစ်သော်လည်း လမ်းဘေးဈေးသည်အများ
စုမှာ သိရှိခြင်း မရှိကြဘဲ လက်ရှိနေရာများတွင်သာ ဆက်လက်ရောင်းချလိုသည်ဟု
လမ်းဘေးဈေးသည်များက ပြောသည်။ "ဈေးအသစ်တွေ ဆောက်မှာကိုတော့ မသိဘူး။ လမ်းဘေးဈေးသည်တွေကို နေရာ ပေးမယ်ဆိုရင်လည်း ကိုယ်ရောင်းတဲ့နေရာ နဲ့ နီး
တဲ့နေရာဆိုရင် တော်သေးတာပေါ့။ အဝေးကြီးမှာဆိုရင်တော့ ဘယ်သူမှရောင်း ချင်မှာ
မဟုတ်ဘူး။ ဖောက်သည်တွေက လည်း ဒီနေရာမှာပဲရှိတာ" ဟု တောင် ဥက္ကလာပမြို့နယ်က လမ်းဘေးဈေးသည်တစ်ဦးဖြစ်သူ ဒေါ်ဝသုန်က ပြောသည်။

ရန်ကုန်မြို့လယ်ကောင်တွင် လက်တွန်း လှည်းဖြင့် လှည့်လည်ရောင်းချနေသည့်
လမ်းဘေးဈေးသည်တစ်ဦးဖြစ်သူ ဦးကျော် ကလည်း "ဒီလိုလက်တွန်းလှည်းနဲ့ရောင်း
တော့ နေရာခလည်း ပေးစရာမလိုတော့ ဘူး။ စည်ပင်က ဖမ်းတာမျိုးလည်း သိပ်မကြုံရ
ဘူး။ တစ်နေရာတည်းမှာ ရပ်ပြီးရောင်းတာမဟုတ်ဘဲ တစ်လမ်းပြီးတစ်လမ်း ရောင်းနေ
ရတာဆိုတော့ သိပ်တော့ပြဿနာ မရှိပါ ဘူး" ဟု ပြောသည်။

ရန်ကုန်မြို့ နေရာအနှံ့အပြားတွင်
လမ်းဘေးဈေးသည်ပိုမိုများပြားလာခြင်း ကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပြီး သွားလာရေး
ပိုမိုခက်ခဲလာသည်ဟုလည်း အငှားယာဉ်မောင်းများက ပြောသည်။

"လမ်းဘေးဈေးသည်တွေ တဖြည်းဖြည်း နဲ့များလာတော့ ကားမောင်းရတာအဆင်
မပြေဖြစ်ပြီး ကားလမ်းတွေလည်းပိတ် တယ်။ စံပြဈေးမှာဆိုရင် လမ်းတစ်ဝက်လောက်က
ဈေးသည်တွေနဲ့ပဲပြည့်နေတာ။ သူတို့ကိုရှောင်ပြီး မောင်းနေရတယ်" ဟု ဗဟန်းမြို့တွင်
နေထိုင်သူ အငှားယာဉ်မောင်း ဦးစိုးက ပြောသည်။ လမ်းဘေးဈေးသည်များသည် ယခင်
ကတည်းက ရှိနေခြင်းဖြစ်ပြီး ကားလမ်းပိတ်သည်မှာ လမ်းဘေးဈေးသည်များ ကြောင့်
မဟုတ်ဘဲ စည်းကမ်းမဲ့မောင်းနှင်မှု များကြောင့်သာဖြစ်သည်ဟု သင်္ဃန်းကျွန်း မြို့တွင်
အသီးနှံများ ရောင်းသည့် ဒေါ်မိသေးကပြောသည်။

"ကျွန်မတို့ အခုလို ဈေးရောင်းလာတာ
၁၀ နှစ်ကျော်နေပြီ။ ကားလမ်းပိတ်တာ ဒီဘက်နှစ်တွေရောက်မှ ဖြစ်လာတာပါ"
ဟု၎င်းကပြောသည်။

Credit: MyanmarTimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service