မြေအသုံးချမှုစနစ် ပြောင်းလဲနိုင်မှသာ ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းနိုင်မည်

မြေအသုံးချမှုစနစ် ပြောင်းလဲနိုင်မှသာ ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းနိုင်မည် - Property News in Myanmar from iMyanmarHouse.com
10 Dec 2015 11:21 am တွင် တင်ခဲ့သည်
963 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် နေ့စဉ်ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာက ခုံးကျော်တံတားစီမံ ကိန်းများကို တည်ဆောက်အကောင် အထည်ဖော်နေသော်လည်း မြေအသုံးချမှု စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်မှသာ ယာဉ်ကြောရှုပ်ထွေးမှု ပြဿနာများကိုဖြေရှင်းနိုင်မည်ဟု တာဝန်ရှိသူများက ပြောသည်။

"မြို့ပြစီမံကိန်း ပညာရပ်အားဖြင့် ကြည့်မယ်ဆိုရင် ခုံးကျော်တံတား ဆောက်မယ့်နေရာတွေမှာ ဘယ်လိုအကျိုးအပြစ် တွေ ရှိနိုင်မလဲဆိုတာကို မဆောက်ခင် ကတည်းက ကြိုတင်ပြီး အချက်အလက်တွေ စုဆောင်းထားဖို့ လိုတယ်။ အခုဖြစ်နေတဲ့ ယာဉ်ကြောကျပ်တဲ့ ပြသနာကို ခုံးကျော် တံတားဆောက်ရုံ တစ်ခုတည်းနဲ့တော့ မဖြေရှင်းနိုင်ပါဘူး။ အဓိကကတော့ မြေ အသုံးချမှုပုံစံပေါ်မူတည်ပြီး ဖြေရှင်းရမယ်။ ဆူးလေပတ်ဝန်းကျင်မှာ ဆိုင်တွေ၊ ဈေးတွေ ဟိုတယ်တွေ အများကြီး စုနေ တယ်။ ဒါတွေကို မြို့ပြင်ခွဲထုတ်ရမယ်" ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် 'သမိုင်း အမွေ အနှစ် ရန်ကုန်' ဆွေးနွေး ပွဲ အခမ်းအနားတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ၏ အကြံပေးလည်းဖြစ်သူ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရတက်လာခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ရန်ကုန်မြို့တွင် လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဘုရင့်နောင် လမ်းဆုံနှင့် ရွှေဂုံတိုင်လမ်းဆုံနေရာများ တွင် လမ်းကျော်ခုံးကျော်တံတားများ တည်ဆောက်၍ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ ရန်ကုန်မြို့ နေရာအနှံ့ အပြားတွင် ယာဉ်ကြောပိတ်
ဆို့မှုများ ဖြစ် ပေါ်နေဆဲဖြစ်သည်။

လက်ရှိတွင်လည်း ကုက္ကိုင်းလမ်းဆုံ၊ တာမွေအ၀ိုင်း၊ ရှစ်မိုင် လမ်းဆုံ၊ မြောက်ဥက္ကလာပနှင့် မြောက် ဒဂုံအကြား နေရာများတွင် ခုံးကျော် တံတား စီမံကိန်း သစ်များကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။ လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် လည်း ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားစီမံကိန်းသစ်များကို ဆက်လက်ဆောက်လုပ်သွားရန်ရှိသည်ဟု သိရသည်။

ယာဉ်ကြောရှုပ်ထွေးမှု များပြားသည့် ချော်တွင်း ကုန်းလမ်းဆုံနှင့် မြောက်ဥက္ကလာပ အ၀ိုင်း နေရာများတွင် ငွေကျပ်ဘီလျံ ၃၀ ကျော် အကုန်အကျခံ၍ ခုံးကျော်တံတားများ တည်ဆောက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြထားသည်။ ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတားစီမံကိန်းများအပါအ၀င် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့၌ ခုံးကျော်တံတား ၁၀ ခုအထိ ရှိလာမည်ဖြစ်သည်။

တည်ဆောက်ဆဲ ခုံးကျော်တံတားစီမံ ကိန်းများကို လက်ရှိဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တာဝန်ရှိသူများက ပြောသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် လူနေသိပ်သည်းမှု လျှော့ချ နိုင်ရန် မြို့သစ်စီမံကိန်းများ အကောင် အထည်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိတွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်တွင် အကောင်အထည်ဖော်မည့် ဒုတိယစီးပွားရေးမြို့တော် စီမံကိန်းတစ်ခုတည်းသာ အကောင်အထည် ဖော်နိုင်ခဲ့သည်ဟုလည်း ဒေါက်တာကျော်လတ်က ပြောသည်။

မြေအသုံးချမှုစနစ် ပြောင်းလဲကာ စီးပွားရေးလုပ်ငန်းများကို မြို့ပြင်ဒေသ များသို့ ခွဲထုတ်ရန် လိုအပ်နေသကဲ့သို့ မြို့ပြင်နေရာများ တွင် စီးပွားရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ပါ တစ်ပါ တည်း ထည့်သွင်း တည်ဆောက် ပေးရန် လိုအပ်နေသည်ဟု လည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ပညာရှင်များက ပြောကြားခဲ့သည်။

"ရန်ကုန်တိုင်းတစ်ခုလုံးရဲ့ ၂၀ ရာခိုင် နှုန်းသော စီးပွားရေး အဆောက်အအုံတွေ က မြို့အကျယ်အ၀န်း ၃ ရာခိုင်နှုန်းလောက် ထဲမှာ လာစုနေတယ်။ နေ့တိုင်း တစ်နေရာ တည်းကို လူတွေလာပြီး အလုပ်ဆင်းတော့ ယာဉ်ကြောကျပ်တည်းတာပေါ့။ နေရာရှိ သလောက် စီးပွားရေး အဆောက်အအုံတွေကို ခွဲထုတ်လိုက်ရမယ်ဆိုရင်တော့ ယာဉ်ကြောကျပ်တဲ့ ပြဿနာက တဖြည်း ဖြည်း လျော့သွားနိုင်မယ်"ဟု နိုင်ငံတကာအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့ှ် Savils Myanmar က မစ္စတာ အီမာဆင်က ပြောသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် ရန်ကုန် နည်းပညာတက္ကသိုလ်မှ ပညာရှင်များ နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက မြို့ပြစီမံကိန်းပညာရှင်များ စုပေါင်း၍ ရန်ကုန်ဧရိယာအတွင်း အတွင်းပတ်နှင့် အပြင်ပတ် လမ်းမကြီး များတည်ဆောက်ရန် တင်ပြခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service