မုံရွာမြို့ အောင်မင်္ဂလာ အဝိုင်းမှ ဘိုးဘွားရိပ်သာအဝိုင်း အထိ မီးရထားလမ်းနှင့် အပြိုင် ဖောက်လုပ်နေသည့် ပြည်ထောင် စုလမ်းမကြီး အမှတ် (၂) လမ်းနယ်မြေနှင့် မလွတ်ကင်းသော နေအိမ်များကို ဒီဇင်ဘာ ၉ ရက်က အပြီးသတ်ပြောင်းရွှေ့ခဲ့ကြောင်း မုံရွာမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သတင်းရရှိသည်။
မုံရွာမြို့ အိုးဘိုထောင်ရပ် ကွက်အတွင်း လမ်းနယ်မြေနှင့် မလွတ်ကင်းသောနေအိမ်အလုံး ၃၀ ကို ဒီဇင်ဘာ ၈ ရက်မှစတင် ၍ ရွှေပြည်အေးရပ်ကွက် ရှားပြေးတောင်အနီး ငုံးမွေးမြူရေးဇုန်နှင့်ကပ်လျက် မြေနေရာရှိ ချမ်းမြေ့အောင်သာကွက်သစ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
‘‘ဒီဇင်ဘာ ၈ ရက်မှာ အိမ် ခြေ ၂၀ ပြောင်းတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းဦး စီးမှူးတို့က အများသုံးရေတွင်း၊ ရေကန်၊ ရေတင်စက်ထောက်ပံ့ ပေးပါတယ်။ မြေနေရာကို မုံရွာ မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးဌေးရွှေက လှူတာပါ။ ပြောင်းရွှေ့ရေးလုပ်ငန်းအတွက် ယာဉ်ရှစ်စီးနဲ့ ကူညီပြောင်းရွှေ့ပေးနေပါတယ်’’ဟု မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးဇော်ဝင်း ကပြောသည်။
လမ်းနယ်မြေနှင့် မလွတ် ကင်း၍ ချမ်းမြေ့အောင်သာရပ် ကွက်သို့ ပြောင်းရွှေ့ရသော အိမ် ထောင်စုတစ်စုလျှင် အလျားပေ ၃၀၊ အနံ ပေ ၄၀ ရှိ ဂရန်ပါမြေ ကွက်တစ်ကွက်၊ အများသုံးရေ ကန်စနစ်၊ လမ်းနှင့်လျှပ်စစ်မီး ရရှိရေး မုံရွာမြို့နယ် စီမံခန့်ခွဲရေးကော်မတီက ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်သည်။
‘‘မီးရထားလုပ်သားခေါင်း အဖြစ် မီးရထားလမ်းပြုပြင်ဖို့နေ ထိုင်ခဲ့တာ နှစ်ပေါင်း၄၀ ကျော်ရှိပါပြီ။ အစိုးရလိုင်းခန်းမဟုတ်ဘူး။ အခု ပင်စင်စားပေါ့။ မီးရထားလမ်းဘေး ကိုယ့်ဘာသာဆောက်နေခဲ့တာ။ အရင်တုန်းက တစ်အိမ် တည်းနေခဲ့တာ။ နောက်ပိုင်း မီး ရထားလမ်းဘေးမှာအိမ်တွေပို များလာတာပေါ့။
နေရာသစ်ကို ပြောင်းရွှေ့ရတော့ ကိုယ့်အိမ်ပိုင် ဝန်းပိုင်နဲ့နေရာတာတော့ရှိတယ်။ နေဖို့ မြေနေရာတော့ အခမဲ့ရ တယ်။ ကိုယ့်အိမ်ကိုယ်ဆောက်ရ တာပေါ့။ ဒီနေရာနဲ့ယှဉ်တော့ မြို့ ထဲသွားရလာရ နည်းနည်းခက်ခဲ တာတော့ရှိတာပေါ့’’ဟု လမ်း နယ်မြေနှင့်မလွတ်ကင်း၍ ပြောင်းရွှေ့ခဲ့ရသော အသက် (၇၆)နှစ် အရွယ်ဦးခင်မောင်ကပြောသည်။
အဆိုပါလမ်းဖောက်ခြင်း လုပ်ငန်းကို ယခုနှစ် မေလ ၂၅ ရက်တွင်စတင်အကောင်အထည် ဖော်ခဲ့ပြီး အောင်မင်္ဂလာအဝိုင်း (ကျွဲရဲလမ်းဆုံ)မှ ဘိုးဘွားရိပ်သာ အဝိုင်း (မြတ်လေးလမ်းဆုံ)အထိ မီးရထားလမ်း အရှေ့ဘက်၌ တည်ရှိကာ မုံရွာ-ခင်ဦးကား လမ်း(ပြည်ထောင်စုလမ်း အမှတ်-(၁)နှင့်အပြိုင် စုစုပေါင်းအရှည် ပေ ၃၇,၆၅၀ ကိုအကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်သည်။
Credit : 7Day Daily