ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် လက်ရှိတည်ဆောက်လျက်ရှိသော စီမံကိန်း၏ အဆင့် (၁) ပြီးစီးနေပြီဖြစ်သည့် ဟောင်အင်းဂရီလာစီမံကိန်း မြန်မာစင်တာ၌ မြန်မာပလာဇာဈေးဝယ်စင်တာကို ဒီဇင်ဘာ ၅ ရက်ကစတင် ဖွင့်လှစ်ခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ ၁၀၀ ရာ ခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် HAGL၏တစ်စိတ်တစ်ပိုင်းစီမံကိန်းအဖြစ်ပါဝင်သော မြန်မာပလာဇာဈေးဝယ်စင်တာလည်း ဖြစ်သည်။
မြန်မာပလာဇာတွင် Blazon ၊ MK ၊ စီးတီးမတ်အစရှိသော ဆိုင် များ၊ နာမည်ကြီးလူသုံးကုန်ရောင်း ချသော ဈေးဆိုင်များပါဝင်ပြီး စတုရန်းပေ ၂,၀၀၀ ကျော်ကျယ်ဝန်း သော မြန်မာပလာဇာတွင် ဆိုင် ခန်းပေါင်း ၄၀ ကျော်ဖြင့် စတင် ဖွင့်လှစ်ခဲ့သည်။
ဗီယက်နမ် စီးပွားရေးလုပ် ငန်းရှင်များ၏ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပါဝင်သည့် ဟောင်အင်းဂရီလာ မြန်မာစင်တာ
တွင် မြန်မာပလာဇာအပြင် MELIA ဟိုတယ်လည်း ဖွင့်လှစ်ထားပြီး လူနေတိုက်ခန်းများစတင်ရောင်းချနေသည်။
မြန်မာပလာဇာဈေးဝယ်စင် တာဖွင့်လှစ်မည့် ဟောင်အင်းဂရီလာ စီမံကိန်းသည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ယခင်စက်မှု (၁)၀န်ကြီးဌာနပိုင်မြေနေရာတွင် ကန် ဒေါ်လာ သန်း ၄၄၀ ရင်းနှီးမြှုပ်နှံ၍အဆင့်မြင့်လူနေတိုက်ခန်းများ၊ ဈေးဝယ်စင်တာ၊ ဟိုတယ်နှင့် ရုံး ခန်းများပါဝင်သည့် စီမံကိန်းဖြစ် သည်။
ယင်းစီမံကိန်းကို အပိုင်းနှစ် ပိုင်းခွဲခြားထားပြီး အပိုင်း (၁) သည် ၂၀၁၅ တွင် ပြီးစီးမည်ဖြစ်ပြီး အ ပိုင်း (၂)သည် ၂၀၁၇ ၌ ပြီးစီးမည် ဖြစ်သည်။
စီမံကိန်းအကောင်အထည် ဖော်နေသည့် မြေနေရာကို စက်မှု ၀န်ကြီးဌာနထံမှ ၂၀၁၂ တွင် ယင်းကုမ္ပဏီက လွှဲပြောင်းရယူခဲ့ပြီး လုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၁၃ ၌ စတင်နိုင်ခဲ့သည်။ လုပ်ငန်းကာ လကို ခြောက်နှစ်မှ ခုနစ်နှစ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားပြီး သတ်မှတ်ချိန်ထက်စော၍ပြီးစီး နိုင်ကြောင်း ဟောင်အင်းဂရီလာ က ဆိုသည်။
Credit: 7Daydaily