မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်နေ ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာ၊ အငှားအိမ်ရာများ တည်ဆောက်ပေးလျက်ရှိပြီး ယခု အခါတန်ဖိုးမျှတအိမ်ရာများကို ချမ်းမြ သာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
''မြို့တော်စည်ပင်အနေနဲ့ မြို့တော် နေပြည် သူများနေထိုင်ရေး အဆင်ပြေစေရန်အတွက် အိမ်ရာတွေကို တည် ဆောက်ပေးလျက်ရှိပါတယ်။ ယခု စီမံကိန်းကိုလည်း ကျွန်တော်တို့စည်ပင်ဌာနမှာ မှတ်ပုံတင်ထားတဲ့ဆောက် လုပ်ရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောက်လုပ်ဖို့ ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တန်ဖိုးမျှတအိမ်ရာကို မြရည်နန္ဒာရပ်ကွက်အတွင်းရှိ အကွက်အမှတ်(မမ-၁၉)၊(မမ-၂၅)၊ (မမ-၂၈)၊ (မမ-၂၉)ရှိနေရာများတွင် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းတွင်(မမ-၁၉)အကွက်တွင် အာရ်စီခြောက်ထပ် အဆောက်အအုံ ၁၅ လုံး၊ အခန်းပေါင်း ၃ဝဝကိုလည်းကောင်း၊ (မမ-၂၅)အကွက်တွင် အာရ်စီခြောက်ထပ် အဆောက်အအုံ ၂၅ လုံး၊ အခန်းပေါင်း ၄၈ဝ ကျော် ကိုလည်းကောင်း၊ (မမ-၂၈)အကွက် တွင် အာရ်စီခြောက်ထပ် အဆောက် အအုံ အလုံး၅ဝ၊ အခန်းပေါင်း ၉၆ဝကျော်ကို လည်းကောင်း၊ (မမ-၂၉)အကွက်တွင် အာရ်စီခြောက်ထပ် အဆောက်အအုံအလုံး ၅ဝ၊ အခန်း ပေါင်း ၉၆ဝ ကျော်ကိုလည်းကောင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit: MOI Webportal Myanmar