ကျောက်ဖြူအထူးစီးပွား ရေးဇုန်ကို ဥပဒေအရ ထုတ်ပြန် ကြေညာရန် ပြည်ထောင်စုလွှတ် တော်က အတည်ပြုပြီးနောက် လုပ်ကိုင်ခွင့်ရရှိသော ရင်းနှီးတည် ဆောက်သူ ကုမ္ပဏီစာရင်း ထုတ် ပြန်မည်ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း တင် ဒါရွေးချယ်ရေးအဖွဲ့မှ သတင်းရရှိ သည်။
တင်ဒါရွေးချယ်ရန် အဆင့် ငါးဆင့်လုပ်ကိုင်ခဲ့ရာမှ နောက်ဆုံးအဆင့်အဖြစ် လုပ်ကိုင်ခွင့်ရရှိသူ ကို ထုတ်ပြန်ကြေညာရန် တစ်ခု တည်းသာ ကျန်ရှိတော့သည်ဟု တင်ဒါရွေးချယ်ရေးအဖွဲ့မှ အ တွင်းရေးမှူး ဦးအောင်ကျော်သန်း က ပြောသည်။
‘‘တင်ဒါလက်ခံစိစစ်တယ်။ စိစစ်လက်ခံပြီးနောက် တိုင်တန်း တာတွေ၊ မကျေနပ်တာတွေကို စုံစမ်းစစ်ဆေးတယ်။ အခု ပဉ္စမအဆင့် ကြေညာဖို့ တစ်ခုတည်းကျန်တော့တယ်’’ဟု ဦးအောင်ကျော် သန်းက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၆ ဖေဖော်ဝါရီတွင် စတင်ရန် သမ္မတ ဦးသိန်းစိန် အစိုးရက ရည်ရွယ်ထားပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် တင်ပြထား သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုတိယဝန်ကြီး ဦးမြင့်သိန်းက လာမည့် ၂၀၁၆ ဖေဖော်ဝါရီတွင် လုပ်ငန်းစတင်မည်ဟု ဒီဇင်ဘာ ၃ ရက်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
၂၀၁၆ ဖေဖော်ဝါရီတွင် စ တင် အကောင်အထည်ဖော်မည့် စီမံကိန်းသည် စက်မှုဇုန်စီမံကိန်းဖြစ်ပြီး မြေဧက ၂၅၀ ပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ် သော်လည်း တင်ဒါရွေးချယ်ပြီး သော လုပ်ပိုင်ခွင့်ရ ရင်းနှီးတည် ဆောက်သူ ကုမ္ပဏီစာရင်းကို စီမံကိန်းသုံးခုအတွက် တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာရန် ရှိသည်ဟု သတင်းရရှိသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် သတ်မှတ်ဧရိယာ ဧကလေးထောင်ကျော်ရှိသည့်အနက် မြေဧက ၂၅၀ တွင် စက်မှုဇုန်စီမံကိန်းကို ကနဦး စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။
‘‘ထုတ်ပြန်ကြေညာတဲ့ အ ချိန်မှာတော့ သုံးခုစလုံးကို ကြေ ညာမှာပါ။ စက်မှုဇုန်အတွက်၊ ရေနက်ဆိပ်ကမ်းအတွက်နဲ့ အိမ်ရာအတွက် ကြေညာသွားမှာပါ’’ ဟု ဦးအောင်ကျော်သန်းက ပြော သည်။
၂၀၁၅ မတ်လတွင် အ ကောင်အထည်ဖော်ရန် ရည်ရွယ် ထားသော ကျောက်ဖြူ အထူး စီးပွားရေးဇုန်၏ ရင်းနှီးတည် ဆောက်သူကို အစိုးရက တစ်နှစ် ကြို၍ တင်ဒါခေါ်ယူခဲ့သည်။
ရင်းနှီးတည်ဆောက်သူကို ၂၀၁၄ တွင် ကြိုတင်၍ ခေါ်ယူခဲ့သော်လည်း ဗိုလ်ရှုသဘင် အခမ်းအနားနှင့် တိုက်ဆိုင်နေသော ကြောင့် လုပ်ပိုင်ခွင့်ရွေးချယ်မှုကို ၂၀၁၅ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ သည်။
၂၀၁၅ သို့ ရောက်ရှိလာသော်လည်း လုပ်ပိုင်ခွင့်ရွေးချယ်မှုကို ထပ်မံရွှေ့ဆိုင်းခဲ့သဖြင့် စီမံကိန်း စတင်နိုင်ခြင်း မရှိခဲ့ပေ။
အစိုးရတာဝန်ရှိသူများက ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် တိုက်ဆိုင်နေသောကြောင့် နောက်ဆုတ်ခဲ့ရခြင်း ဖြစ်သည်ဟုသာ မှတ်ချက်ပေးခဲ့ သည်။
ရင်းနှီးတည်ဆောက်သူလုပ် ပိုင်ခွင့်ရွေးချယ်မှုကို နောက်ဆုတ် ထားသော်လည်း ကျောက်ဖြူအ ထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ အကြံပေးကုမ္ပဏီကို အစိုးရက တရုတ်နိုင်ငံမှ ငှားရမ်းခဲ့သည်။
အစိုးရ ငှားရမ်းထားသော CPG အကြံပေးကုမ္ပဏီက ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကို အကောင်အထည်ဖော်ဖြစ်ပါ က တိုင်းပြည်ဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းကို အဆိုပါစီမံကိန်းက ရှာဖွေပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့ သည်။
ပြည်ထောင်စုလွှတ်တော်သို့တင်ပြထားသည့် ကျောက်ဖြူအ ထူးစီးပွားရေးဇုန်၏ နယ်မြေဧရိ ယာသည် ဧကလေးထောင့်နှစ်ရာ ကျော်ရှိသည်။
စက်မှုဇုန်စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းဟူ၍ သုံးခုခွဲပြီး အကောင်အထည်ဖော်မည် ဖြစ် သည်။
ကနဦး အကောင်အထည် ဖော်မည့် စက်မှုဇုန်စီမံကိန်းတွင် ကန္ဒီးကျေးရွာအုပ်စု၊ သိုင်းချောင်း ကျေးရွာအုပ်စု၊ ကြတ္တိန်ကျေးရွာ အုပ်စု၊ ကပ်သပြေကျေးရွာအုပ်စု နှင့် ချောင်းဝကျေးရွာအုပ်စုများ ပါဝင်သည်။
အဆင့်မြင့် အိမ်ရာစီမံကိန်း နယ်နိမိတ်တွင် ချောင်းဝကျေးရွာ အုပ်စု၊ မင်းပြင်ကျေးရွာအုပ်စုတို့ ပါဝင်ပြီး ရေနက်ဆိပ်ကမ်းအ ကောင်အထည်ဖော်မည့် ဧရိယာ တွင် မဒေးကျွန်းမြောက်ဘက်နှင့် ရမ်းဗြဲကျွန်းမြောက် သစ်ပုတ် တောင်အနီးတို့ပါဝင်သည်။
အဆိုပါစီမံကိန်းတွင် တန်ချိန်သုံးသိန်း ဆိုက်ကပ်နိုင်သည့် ရေစူးအနက် ၃၀ မီတာရှိသည့် ရေနက်ဆိပ်ကမ်းနှစ်ခု ပါဝင်မည်ဟု အစိုးရ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
Credit : 7Day Daily