စက်မှုဇုန်များ ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ ထိန်းသိမ်းနေရ

စက်မှုဇုန်များ ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ ထိန်းသိမ်းနေရ - Property News in Myanmar from iMyanmarHouse.com
30 Nov 2015 10:58 am တွင် တင်ခဲ့သည်
761 ကြိမ် ကြည့်ရှု့ပြီး
သက်ဆိုင်ရာအစိုးရဌာနများက ထိရောက် သည့် ဖြည့်ဆည်းပေးမှုမရှိသည့်အတွက်စက်မှုဇုန်များအတွင်း မရှိမဖြစ်လိုအပ်သည့်အခြေခံအဆောက်အအုံဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စက်ရုံ ပိုင်ရှင်များက ကိုယ်ပိုင်အစီအစဉ်ဖြင့်သာစီစဉ်ဆောင်ရွက်နေရကြောင်း တာဝန်ရှိသူများက ပြောသည်။

စက်မှုဇုန်များအတွင်း လမ်းများဖောက်လုပ် ခြင်း၊ လမ်းပြင်ခြင်း၊လျှပ်စစ်မီးသွယ်တန်းခြင်း နှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများတွင်သက်ဆိုင်ရာကဖြည့်ဆည်းပေးခြင်း မရှိသည့်အတွက် စက်ရုံများလည်ပတ်ရန် စက်ရုံ ပိုင်ရှင်များကကိုယ်ပိုင်ထည့်ဝင်ငွေဖြင့် ပြုပြင် ထိန်းသိမ်းနေရသည့်အတွက် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေရခြင်းဖြစ် သည်ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောသည်။

"စက်မှုဇုန်တွေအောင်မြင်ဖို့ အတွက်က အများကြီးလုပ်ဖို့ လိုတယ်။ ပထမဆုံး အချက်က
ကျူးကျော်ပြဿနာက တော်တော်ဆိုးလာလို့ ဇုန်ထဲထိ မ၀င်အောင်လို့ခြံစည်းရိုးခတ်ရမှာဖြစ်တယ်။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းတွေ ကလည်း ရှင်းမပေးကြဘူး။
ဇုန်ထဲ ကလမ်းတွေဆိုရင်လည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပြင်ရသလို မြောင်းလည်းကိုယ့်
ဘာသာ ကိုယ်ဖောက်ရတယ်။ လျှပ်စစ်ကြိုးတွေ ထရန်စဖော်မာတွေလည်း ကိုယ့်အစီ
အစဉ်နဲ့ ကိုယ်ပဲ လုပ်ရတယ်။ စက်မှုဇုန်တွေကို ကိုယ့် ဘာသာကိုယ်လုပ်ဆိုပြီးပစ်ထားတဲ့သဘောဖြစ်နေတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် ပေါင်း ၂၈ ဇုန်ရှိသည့်အနက် အလုပ်အများဆုံး
သောစက်မှုဇုန်တစ်ခုဖြစ်သည့် လှိုင်သာယာ စက်မှုဇုန်ဧရိယာအတွင်း ပြီးခဲ့သည့်
၂၀၁၂ ခုနှစ် က ကျူးကျော်တဲပေါင်း ၁,၀၀၀ ခန့်သာရှိခဲ့ သော်လည်း ကျူးကျော်တဲ
များဆက်လက် တိုးပွားလာနေသဖြင့် ၂၀၁၅ ခုနှစ်တွင် ၁၀,၀၀၀ ၀န်းကျင်အထိရှိလာပြီဖြစ်သည်ဟု လည်း ဦးမြတ်သင်းအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန်များ၏ မြေစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ
အထွေထွေကိစ္စရပ်များအတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (ယခုမြို့ပြနှင့်
အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာန) က ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သော် လည်း လက်ရှိတွင် စက်ရုံပိုင်ရှင်များစုပေါင်း ဖွဲ့စည်းထားသည့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများက ကိုယ်ပိုင်အစီ
အစဉ်များဖြင့်သာစက်မှုဇုန်များလည်ပတ်ရေးအတွက်ဆောင်ရွက်နေရသည်ဟု သိရသည်။

"ဇုန်တွေအားလုံးကတော့ ကိုယ့်အစီအစဉ် နဲ့ ကိုယ်ပဲ ရပ်တည်နေရပါတယ်။ကျွန်တော်တို့စက်ရုံပိုင်ရှင်တွေကလည်း ဇုန်စီမံခန့်ခွဲ ရေး ကော်မတီတွေကို
လစဉ်ကြေး အချိုးကျထည့် နေရပါတယ်။ သူတို့က စက်မှုဇုန်ရဲ့ စီမံခန့်ခွဲ မှုကို ပြန်လုပ်တယ်" ဟု မြောက်ဥက္ကလာပ မြို့နယ်ရှိ ရွှေပေါက်ကံစက်မှုဇုန်မှ HWTအထည်ချုပ်စက်ရုံပိုင်ရှင်ဦးဌေးအောင်မိုးက ပြောသည်။

စက်မှုဇုန်နယ်မြေများအတွင်းကျူးကျော် တဲတိုးပွားလာသည့် ပြဿနာနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများအတွက်သက်ဆိုင်ရာအစိုးရဌာနများကဖြေရှင်းပေးခြင်းမရှိသည့်အတွက် စက်မှုလုပ်ငန်းရှင်များက ကိုယ်ပိုင်
အစီစဉ်ဖြင့် စီစဉ်ဆောင်ရွက်နေရသည်ဆိုသော်လည်း ကျူးကျော်တဲနှင့်လမ်းတံတား ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟုရန်ကုန်မြို့တော်စည်ပင်သာ
ယာရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

"စက်မှုဇုန်တွေကို စီမံခန့်ခွဲရေးအဖွဲ့တွေ က လုပ်နေတယ် ဆိုပေမယ့်လည်းလိုအပ်တာ တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဖို့ ကြိုးစားနေပါတယ်။ ရလာတဲ့
ဘတ်ဂျက် အတိုင်းအတာနဲ့မျှပြီး လုပ်နေရတဲ့ အခြေ အနေရှိလို့ အကုန်လုံးကိုတစ်ပြိုင်တည်း လုပ်ဖို့က နည်းနည်းတော့ခက်ပါတယ်။ အခု နောက်ပိုင်း စက်မှုဇုန်
ထဲမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျူးကျော်တဲ တစ်လုံးတိုးရင် တစ်လုံးဖျက်တဲ့ စနစ်ကို လုပ် နေပါပြီ " ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ၏
ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်တင့်က ပြောသည်။

စက်မှုဇုန်များအတွင်းကျူးကျော်တဲနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာများသာမက လုပ်ငန်းလုပ်ကိုင်ခြင်း မရှိဘဲ မြေကွက်နေရာ ရယူထားသူများ ကြောင့် မြေကွက်အလွတ်အများအပြားကျန်ရှိနေဆဲဖြစ်ပြီး အမှန် တကယ် စက်မှုလုပ်ငန်း လုပ်ကိုင်လိုသူများအတွက်မြေနေရာရရှိမှု အခက်အခဲ ဖြစ်ပေါ်နေသည်ဟုလည်း သိရသည်။ စက်မှုဇုန်သက်တမ်းအနှစ် ၂၀ ၀န်းကျင်ရှိ လာပြီဖြစ်သော်လည်းစက်မှုဇုန်များတွင် မြေကွက်ရယူထားပြီး အဆောက်အအုံ ဆောက်လုပ်မှုမရှိသည့် မြေကွက်ပေါင်း
တစ်ထောင်ကျော်အထိကျန်ရှိနေပြီး စက်ရုံ၊ အလုပ်ရုံများ တည်ဆောက် ခြင်းမရှိပါက ပြန်လည်သိမ်းယူ
မည်ဖြစ်ကြောင်း သက်ဆိုင် ရာက အကြိမ်ကြိမ်အကြောင်းကြားပြီးဖြစ်သော်လည်း
ယနေ့အချိန်ထိ အရေးယူနိုင်ခြင်း မရှိသေးဟုလည်း ဦးမြတ်သင်းအောင်က ပြော
သည်။

"ယနေ့အချိန်ထိစက်မှုဇုန်အတွင်းက မြေကွက်အလွတ်တွေကို ပြန်သိမ်းဖို့ အခက်အခဲတွေရှိနေတဲ့အပြင် တချို့မြေကွက်ပိုင်ရှင် တွေကို ဆက်သွယ်လို့တောင်
မရသေးဘူး" ဟု ၎င်းကပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်
များကို ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန(ယခု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန)က၁၉၉၆ခုနှစ်တွင်အကောင်အထည်ဖော်ခဲ့
ခြင်းဖြစ်သည်။

ထိုစဉ်က မြေတစ်ဧကလျှင် ကျပ် ၄၅ သိန်းနှုန်းဖြင့်
စက်ရုံတည်ဆောက် ပြီးမြေဂရန်ထုတ်ပေးရန် စတင်ဆောင်ရွက် ခဲ့သော်လည်း
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ စ၍ မြေဂရန်ထုတ်ပေးပြီးမှ အဆောက်အအုံတည်ဆောက်သည့်စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည့်အတွက် စက်မှုလုပ်ငန်း
လုပ်ကိုင်ခြင်းမရှိများထံ စက်မှုဇုန်မြေကွက် အများအပြားရောက်ရှိသွားခဲ့ပြီး၊စက်မှု ဇုန်မြေဈေးနှုန်းမှာလည်း ကျပ်သိန်း ၅,၀၀၀ အထိ မြင့်တက်ခဲ့သည်။

လှိုင်သာယာမြို့နယ်အတွင်း စက်မှုဇုန် ပေါင်း ကိုးခုရှိသည့်အနက် ဦးမြတ်သင်ျးအောင်
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ကော်မတီက တာဝန်ယူကြီးကြပ်နေသည့်စက်မှုဇုန်ပေါင်း ခြောက်ခုရှိပြီး အဆိုပါ စက်မှု ဇုန်များတွင် တည်ဆောက်ပြီးနှင့်
တည်ဆောက် ဆဲ စက်ရုံပေါင်း ၇၀၀ ကျော်ရှိပြီး လုပ်သား အင်အား သုံးသိန်းနီးပါးရှိသိရသည်။

Credit: MyanmarTimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service