ကျေးရွာများတွင် မြေငှားဂရန် စတင်လျှောက်ထားခွင့်ပြု

ကျေးရွာများတွင် မြေငှားဂရန် စတင်လျှောက်ထားခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
27 Nov 2015 10:43 am တွင် တင်ခဲ့သည်
1636 ကြိမ် ကြည့်ရှု့ပြီး
ကျေးရွာများတွင် လူ တစ်ဦးချင်းမှစ၍ မြေငှားဂရန်များ စတင်လျှောက်ထားခွင့်ပေးမည် ဖြစ်ကြောင်း ကျေးရွာမြေများ မြေ ငှားဂရန်ထုတ်ပေးနိုင်ရေးအထူး လုပ်ငန်းအဖွဲ့က သတင်းထုတ် ပြန်သည်။

အဆိုပါ လုပ်ငန်းအဖွဲ့သည် ကျေးရွာမြေများပိုင်ဆိုင်မှု အ ထောက်အထားမရှိခြင်းကို မြေ ငှားဂရန်ထုတ်ပေးခြင်းဖြင့် ပိုင် ဆိုင်မှု အာမခံချက်ရှိလာစေရန် မြို့နယ်တစ်မြို့နယ်လျှင် မြေ ယာမှုခင်း အရှုပ်အထွေးမရှိသော ကျေးရွာတစ်ရွာစီ ရွေးချယ်၍ ရှေ့ပြေးစမ်းသပ်မှုလုပ်ငန်း (Pilot Project) စတင် ဆောင်ရွက်ခဲ့ပြီး နောက် ယခုအခါ နိုင်ငံတစ်ဝန်း လုံးရှိ ကျေးရွာများသို့ ထုတ်ပေး မည်ဟု သိရသည်။

‘‘မြေရှင်တွေအနေနဲ့ အရှုပ် အရှင်းကင်းတယ်။ ဌာနဆိုင်ရာ မြေမဟုတ်ဘူး စတဲ့ အထောက် အထားတွေပြနိုင်ရင် လျှောက် ထားလို့ ရပါတယ်။ ရှေ့ပြေးလုပ် ငန်းစဉ်တွေပြီးသွားလို့ စဉ်ဆက် မပြတ်ဆက်လုပ်ပေးသွားမှာပါ’’ ဟု ကျေးရွာမြေများ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်း အဖွဲ့ အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးစိုးမင်းက ပြောသည်။

နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာမြေများအား မြေငှားဂရန်ထုတ်ပေးနိုင်ရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး ကျေးလက် နေပြည်သူတစ်ဦးတစ်ယောက် ချင်းအနေဖြင့် သော်လည်းကောင်း၊ အိမ်ထောင်စု တစ်ရာ (သို့မဟုတ်)ခြံကွက်တစ်ရာ တစုတပေါင်းတည်း အနေဖြင့်သော်လည်း ကောင်း ကျေးရွာမြေငှားဂရန်ရရှိရေး လျှောက်ထားဆောင်ရွက်နိုင်သည်ဟု အဆိုပါလုပ်ငန်း အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကျေးရွာမြေတိုး ချဲ့လိုမှုနှင့် ပတ်သက်၍ တင်ပြလျှောက်ထားမှုရှိပါကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ စိစစ်ပြီး တိုးချဲ့ နိုင်ရန် ခွင့်ပြုချက်ထုတ်ပေးကာ အဆိုပါမြေကွက်နှင့် အိမ်များအ တွက် ဂရန်ထုတ်ပေးရန်လည်း တစ်ဆက်တည်းပြုလုပ်ပေးရန် ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရှေ့ပြေးအစီအစဉ်အဖြစ် ဆောင်ရွက်ခဲ့ရာတွင် ၂၈၃ မြို့ နယ်ရှိ ကျေးရွာ ၂၈၃ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဇွန်လ ၅ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ စုစုပေါင်းမြေငှားဂရန် ၃၂,၀၅၇ ခုကို ထုတ် ပေးနိုင်ခဲ့ကြောင်း အဆိုပါလုပ်ငန်းအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ရှေ့ပြေးကျေးရွာမြေ အငှားဂရန် ချပေးခဲ့ခြင်းနှင့် တစ် နိုင်ငံလုံး အတိုင်းအတာအရ ဆက် လက်ဂရန်ချပေးမည့် သတင်း ကြောင့် ရန်ကုန်မြို့တွင် မြေကွက် များဖော်၍ တန်ဖိုးနည်းမြေကွက် များအဖြစ် ရောင်းချသည့် ဈေး ကွက်များ ဆင်ခြေဖုံးမြို့နယ်အချို့ ၌ ဖြစ်ပေါ်ခဲ့သည်။

မြေကွက်ရောင်းချသူများအ နေဖြင့် အစိုးရမြေငှားဂရန်ထုတ် ပေးမည့်အစီအစဉ်ရှိ၍ မြေပိုင် ဆိုင်ခွင့်အတွက် စိတ်ချရသည် ဟုဆိုကာ ကြိုတင်ရောင်းချမှုများ ရှိကြောင်း သိရသည်။

‘‘အကွက်ဖော်ရောင်းချမှု တွေက လှိုင်သာယာနဲ့လှည်းကူး ဘက်တွေမှာ အများကြီးတွေ့လာ ရတယ်။ စီမံချက်မထွက်ခင်က တည်းကကို အကွက်တွေချပြီး ရောင်းနေကြတယ်။ စိတ်ဝင်စား သူလည်း များတယ်’’ဟု လှိုင်သာ ယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အနီးရှိ ဒေသခံပွဲစားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ရောင်းချရာတွင် ပေ ၂၀၊ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၂၀ မှ သိန်း ၆၀ ခန့်ဖြင့် အရောင်းအဝယ်များဖြစ်ပေါ်နေ သည်ဟု အဆိုပါဈေးကွက်မှ စုံ စမ်းသိရသည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service