မြန်မာနိုင်ငံသားများဘဏ် စတော့အိတ်ချိန်းတွင် မှတ်ပုံတင်မည်

မြန်မာနိုင်ငံသားများဘဏ် စတော့အိတ်ချိန်းတွင် မှတ်ပုံတင်မည် - Property News in Myanmar from iMyanmarHouse.com
27 Nov 2015 10:35 am တွင် တင်ခဲ့သည်
1385 ကြိမ် ကြည့်ရှု့ပြီး
ဒီဇင်ဘာလတွင် စတင်အကောင် အထည်ဖော်မည့် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချရန်အတွက် မြန်မာနိုင်ငံသားများဘဏ်သည် ယခုလကုန်တွင် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဝင်းကပြောသည်။

ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချခွင့်ရရှိသည့် ကုမ္ပဏီများListed Campany ၏စာရင်းကို ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကြေညာပေးမည်ဖြစ်ရာ မြန်မာနိုင်ငံသားများ ဘဏ်အနေဖြင့် ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချခွင့် ရရှိပါက အစုရှယ်ယာများကို အထူးဈေးနှုန်းဖြင့်ရောင်း ချပေးသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

““ဘဏ်ဝန်ထမ်းတွေ၊ စာရင်းစစ်တွေ ကအစ ကျွန်တော်တို့ဘဏ်ဝန်ထမ်းတွေရဲ့ အရည်အသွေးကို တိုးတက်အောင်လုပ်ပါမယ်။ ကျွန်တော်တို့အားနဲ့ မနိုင်ရင်ပြည်တွင်းက ပညာရှင်တွေပါမဟုတ်ဘဲ နိုင်ငံခြားကပညာရှင်တွေ ပါခေါ်ပါ့မယ်။ စတော့အိတ်ချိန်းနဲ့ ပတ်သက်ပြီး။ လိုအပ်တဲ့ပညာရှင် တွေပေါ့။ Marketing ပိုင်းIT ပိုင်းလည်း ရှိတယ်။ HR ပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ ခေါ်ဖို့ရှိပါတယ်””ဟု ၎င်းက ပြောသည်။

စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်း ချခွင့်ရရှိရန် မှတ်ပုံတင်သွင်းရာတွင် သတ်မှတ်ထားသည့်စံနှုန်း (၁၇)ချက်နှင့် ပြည့်မီမှသာ တင်ခွင့်ရရှိမည်ဖြစ်သည်။ အရေးကြီးသည့် အများပိုင်းကုမ္ပဏီမှ အစုရှယ်ယာများ၏ သဘောတူ ထောက်ခံချက်ရရှိရန် လိုအပ်ပြီး။ ယင်းကဲ့သို့ အစုရှယ်ယာရှင်၏ သဘောထားရယူရန်အတွက် အထူးအစည်းအဝေး တစ်ရပ်ကို ယမန်နေ့က မြန်မာနိုင်ငံသားများဘဏ်တွင် ကျင်းပခဲ့သည်။

“စတော့အိတ်ချိန်းကတော့ စိတ်ဝင်စားတယ်။ နိုင်ငံတိုင်းမှာရှိတယ်။ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံပဲ ကျန်တော့တယ်။ စတော့အိတ်ချိန်းက အောင်မြင်ဖို့ လိုအပ်တယ်။ စတော့အိတ်ချိန်း အောင်မြင်ဖို့ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး အခြေအနေပေါ် မှာလည်း မူတည်တယ်။ ကျွန်တော်တို့မှာရှိ တဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ရှယ်ယာဝယ်ယူတာ ကို မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်မယ်။ စတော့ရှယ်ယာနဲ့ ပတ်သက်ရင်တော့ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားပါတယ်””ဟု အဆိုပါဘဏ်မှ အစု ရှယ်ယာဝင် တစ်ဦးဖြစ်သည့် ဦးဇေယျာထက်က ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ပါဝင်၍ ရှယ်ယာရောင်းချခွင့် ရရှိသည့် ကုမ္ပဏီများ အနေဖြင့် တိုးတက်လာနိုင်ကြောင်း သို့သော်ဝန်ထမ်းများ၏ အရည်အသွေး၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို လုပ်ဆောင်မှု မရှိပါက စတော့ဈေးကွက် ကျဆင်းသွားနိုင်ကြောင်း ၎င်းကသုံးသပ် ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းကို စတင်ရန် အတွက်မြန်မာနိုင်ငံမှာ (၅၉)ရာခိုင်နှုန်း၊ ဂျပန်က (၄၉)ရာခိုင်နှုန်းထည့်ဝင်ရင်းနှီး မည်ဖြစ်ပြီး။ ရန်ကုန် စတော့အိတ်ချိန်းကို စတင်ပါက Listed Campany အစုရှယ်ယာ ရောင်းချမည့် ကုမ္ပဏီ ခုနစ်ခုနှင့်စတင် လုပ်ကိုင်မည်ဖြစ်ပြီး၊ ချပေးမည့်ရက်ကိုလည်း စတော့အိတ်ချိန်းဖွင့်ပွဲနေ့တွင် ကြေညာပေး သွားမည်ဖြစ်ကြောင်း စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းထံမှ သိရသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service