စက်မှု့ဇုန် မြေယာ မူဝါဒ နှစ် ၂၀ ကျော် လွန်ဆွဲနေတယ့် မြေကွက်လပ်ဇတ်လမ်း ဘယ်လို အဆုံးသတ်မှာလဲ

စက်မှု့ဇုန် မြေယာ မူဝါဒ နှစ် ၂၀ ကျော် လွန်ဆွဲနေတယ့် မြေကွက်လပ်ဇတ်လမ်း ဘယ်လို အဆုံးသတ်မှာလဲ - Property News in Myanmar from iMyanmarHouse.com
25 Nov 2015 11:01 am တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး
စက်မှု့ဇုန်လို့ ပြောလိုက်တာ နဲ့ မီးခိုးခေါင်တိုင်မြင့်မြင့် ၊ အဆောက်အအုံ ကြီးကြီးမားမား တွေ ၊ အလုပ်သမားတွေ ၀င်လိုက်ထွတ်လိုက် စည်ကားနေတယ့် အလုပ်ရုံ ၊ စက်ရုံကြီး တွေ ၊ ဥဒဟိုသွားလာနေတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး ကားကြီးကားငယ် အသွယ်သွယ် နဲ့ ရှုပ်ထွေးစည်ကားနေတယ့် နိုင်ငံတကာ စက်မှု့ဇုန်ကြီးတွေ ကို မြင်ယောင်နိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ အချို့သော စက်မှု့ဇုန် အနည်းငယ်ကလွှဲရင် စက်မှု့ဇုန်တော်တော်များများက တော့ ကျီးနဲ့ ဖုတ်ဖုတ်ခြောက်ခြောက်သွေ့သွေ့နဲ့ နေလည်ဘက် တစ်ယောက်တည်း သွားရင်တောင် မသမာ သူတွေ ရဲ့ အန္တရယ်ကို ကိုဂရုစိုက်ရတယ့် အခြေအနေ ဖြစ်တယ် ဆိုတာ မြန်မာနိုင်ငံ အနှံ့ခရီးထွတ်ဖူးတဲ့ သူတွေ ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက စက်မှု့ဇုန်တွေကို ရောက်ဖူးတဲ့ သူတိုင်း သိကြပါတယ်။

စက်မှု့ဇုန်တွေ ခြောက်ခြောက်သွေ့သွေ့နဲ့ မြေကွက်လွတ်တွေ အများအပြား နဲ့ မအောင်မြင် ရတယ့်အကြောင်းရင်းတွေကို နောက်ကြောင်းပြန်ကြည့်လိုက်ရင် တွေ့ရမယ့် အဓိက ပြသနာတွေုကတော့ အမှန်တကယ် စက်မှု့လုပ်ငန်းလုပ်ကိုင်လိုသူတွေ လက်ထဲကို မြေကွက်တွေ မရောက်ခဲ့ဘဲ မြေဈေးကစားသူတွေ ပက်သက်ရာ ပက်သက်ကြောင်းတွေ လက်ထဲကို ဘဲ စက်မှု့ဇုန်မြေကွက်တွေ ချပေးခဲ့တယ့် မြေယာမူဝါဒ တွေ ကြောင့် ဖြစ်ပါတယ် ၊ ဒါ့ အပြင် စက်မှု့ဇုန်တွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက စီမံခန့်ခွဲပြီး အခြေခံ အဆောက်အအုံ တွေ ဖြစ်တယ့် လမ်းတွေ ၊ ရေမြောင်းတွေ ၊ လျှပ်စစ်မီးကြိုးတွေ ၊ ရေဆိုးထုတ်စနစ်တွေ ကအစ စက်ရုံပိုင်ရှင် တွေရဲ့ထည့်ဝင်ငွေကြေးတွေ နဲ့ဘဲ စက်မှု့ဇုန်စီမံခန့်ခွဲရေး ကော်မတီတွေ က လုပ်နေရတာကလည်း စက်မှု့ဇုန်တွေ မအောင်မြင်ရတယ့် အကြောင်းအရင်း တွေ ဖြစ်သလို ၊ စက်မှု့ဇုန်တွေမှာ မြေကွက်လပ်တွေ နှစ်ပေါင်း ၂၀ ကျော် ယခုအချိန်ထိ ဖြစ်စေရတယ့် အကြောင်းရရင်းတွေကတော့ မူဝါဒ ဘဲဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီ တစ်ခုတည်းမှာတင် စက်မှု့ဇုန်ပေါင်း ၂၈ ဇုန်ရှိပြီး လှိုင်သာယာ မြို့နယ်တစ်ခုထဲမှာတင် စက်မှု့ဇုန်ပေါင်း ၉ ဇုန်ရှိတယ်လို့ ဇုန်စီမံခန့်ခွဲရေး ကော်မတီတွေ ဆီက သိရသလို ရန်ကုန်တိုင်းအတွင်းက စက်မှု့ဇုန်တွေ အတွင်းမှာ မြေကွက်လွတ်ပေါင်း ၁၅၀၀ ကျော်ထိ ကျန်နေသေးသလို အချို့သော မြေကွက်လွတ်တွေရဲ့ပိုင်ရှင်တွေဆို ရင် ဇုန်စီမံခန့်ခွဲရေး ကော်မတီ တွေ မျက်စိလည်စေတယ့် အထိ ပိုင်ရှင်တွေ မကြာဏ အပြောင်းအလဲ ရှိသလို ၊ အချို့သော မြေကွက်တွေဆို ဆက်သွယ်လို့တောင် မရတယ့် အထိ ပိုင်ရှင်ရှာလို့ မရတယ့် အခြေအနေ တွေ ဖြစ်ပေါ်နေခဲ့တာ မြေနေရာချထားရေး မူဝါဒ အမှား ကြောင့်လို့ စက်မှု့ဇုန်မှာ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်နေတယ့် စက်ရုံပိုင်ရှင်တွေ ၊ ဇုန်စီမံခန့်ခွဲရေး အဖွဲ့တွေကလည်း ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး စက်မှုဇုန် ဖြစ်တယ့်လို့ လုပ်ငန်းရှင်တွေ ကြားမှာ သတ်မှတ်ထားတယ့် လှိုင်သာယာ စက်မှု့ဇုန် ဆိုရင် ၁၉၉၆ ခုနှစ်ကနေ ၂၀၀၂ ခုနှစ် အတွင်း ဖော်ထုတ်ခဲ့တယ့် စက်မှု့ဇုန်တွေလောက်ဘဲ အခုချိန်ထိ စည်စည်ကားကား အလုပ်ဖြစ်နေတာကတော့ စတင်ချထားပေးတယ့် မြေကွက်ချမှု ၀ါဒ တွေကောင်းခဲ့လို့ ဖြစ်ပါတယ် ၊ ၁၉၉၆ ခုနှစ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ကနေ ဦးဆောင်ဖော်ထုတ်ပြီး စက်မှု့လုပ်ငန်းရှင်တွေကို စက်မှု့ဇုန်မြေကွက်တွေကို ရောင်းချပေးခဲ့တယ့် ပုံစံဟောင်းကတော့ စက်ရုံဆောက်မယ့် မြေနေရာပေါ်မှာ အဆောက်အအုံ အရင်ကြိုဆောက်ထားပြီးမှ မြေချဂရန် ထုတ်ပေးခဲ့တယ့် စနစ်ဖြစ်ပြီးလှိုင်သာယာ စက်မှု့ဇုန်မြေတစ်ဧကကို ကျပ် ၄၅ သိန်း နှုန်းနဲ့ ချပေးခဲ့ပါတယ် ၊ အဒါကြောင့်လည်း စက်မှုဇုန်မြေကွက်တွေကို လိုချင်တယ့် လုပ်ငန်းရှင်တွေက မြေကွက်ဖိုး အပြင် စက်ရုံပါ ဆောက်ပြီး အလုပ်လုပ်ပြမှသာ မြေဂရန်ရရှိခဲ့တာ ဖြစ်လို့ အခုလို စက်ရုံတွေနဲ့စည်စည်ကားကား ဖြစ်နေတာ ဖြစ်ပါတယ် ။

၂၀၀၂ ခုနှစ်နောက်ပိုင်း အသစ်ထပ်ချပေးလိုက်တယ့် စက်မှုဇုန်မြေကွက်ချထားရေး ပေါ်လစီကတော့ မြေကွက်ဖိုး သွင်းတာနဲ့ မြေဂရန် ထုတ်ပေးတယ့် စနစ်ကို ပြောင်းလဲ လိုက်တာဖြစ်တယ့် အတွက် စက်မှုဇုန်လုပ်ငန်းရှင်တွေသာမက မြေဂရန် ရယူပြီး အမြတ်တင်ပြန်ရောင်းမယ့် သူတွေ ကပါ အပြိုင်အဆိုင် ငွေသွင်းဝယ်ခဲ့တယ့် စက်မှု့ဇုန်တွေ မှာ မြေကွက်လပ်တွေ အများအပြား နှစ်ပေါင်းများစွာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း မြေကွက်ချထားရေး မူဝါဒ အရ မြေကွက်ရယူ ဂရန်ထုတ်ပြီး သုံးလအတွင်း ခြံစည်းရိုးခတ်ရမှာ ဖြစ်သလို တစ်နှစ် အတွင်း အဆောက်အအုံ မဆောက်နိုင်ရင် ပြန်အပ်ရမှာ ဖြစ်တယ့် ဆိုတယ့် စည်းကမ်းချက်ပါပြီး ဖြစ်ပေမယ့် လိုက်နာဆောင်ရွက်မှု့ မရှိတယ့် အပြင် သက်ဆိုင်ရာ မြေကွက်ချထားပေး ရေး အဖွဲ့အစည်းတွေကလည်း ဇုန်မြေကွက် ဘယ်နှစ်ကွက် ကတော့ဖြင့် စည်းကမ်းမလိုက်နာ တဲ့ အတွက် ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ် အလုပ်လုပ်မယ့် လုပ်ငန်းရှင်လက်ထဲကို ပြန်ထည့်ပေးလိုက်တယ်ဆိုတာ ဆယ်စုနှစ် ၂ စု အတွင်းမှာ မကြားဖူးသလောက်ပါဘဲ တဲ့ ။

စက်မှု့ဇုန်တွေ ထူထောင်ပြီး မြေကွက်တွေ ချထားပေးခဲ့တယ့် ခေတ်အဆက်ဆက် အစိုးရရဲ့ စေတနာကတော့ ပြည်တွင်းထုတ်ကုန်တိုးတက်ဖို့ အပြင် ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မြေကွက်ချထားပေးတယ့် ပုံသဏ္ဍာန်တွေ အပြောင်းအလဲ ဖြစ်ခဲ့သလို စက်မှု့ဇုန်တွေမှာ မြေကွက်လပ်တွေ အများအပြား ရှိနေတယ့် ပြသနာကလည်း ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပြည်ပက ၀င်ရောက်လာတယ့် နိုင်ငံခြားရင်းနှီးမြုပပ်နှံသူတွေ လိုအပ်တယ့် မြေနေရာဖန်းတီးပေးနိုင်ဖို့ အတွက် ပြသနာတစ်ရပ်ဖြစ်လာပါတယ်၊ ဒီမြေကွက်လွတ်ပိုင်ရှင်တွေကလည်း ပြည်ပရင်းနှီးမြုပ်နှံသူတွေကို မျှော်ကိုးကား ပြည်တွင်းလုပ်ငန်းရှင်က မြေစိုက် ၊ နိုင်ငံခြား လုပ်ငန်းရှင်က ငွေစိုက် အကျိုးတူလုပ်မယ်ဆိုတယ့် မျှော်လင့် ထားတယ့် ကောင်းမြတ်တဲ့ စိတ်ထားနဲ့မြေကွက်ပိုင်ရှင်တွေ ရှိသလို ၊ မြေကြိုယူထားပြီး အမြတ်ကြီးကြီးရရမှ ပြန်ရောင်းမယ် ဆိုတယ့် မြေ၀ယ်ရောင်းစီးပွားရေး သမားတွေက ပိုများတယ် လို့ ပြေကြပါတယ်။

ဒီပြသနာတွေကို ကုစားဖို့ အတွက် စက်မှု့ဇုန်မြေကွက် ရယူထားပြီး အဆောက်အအုံ ဆောက်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက နိုင်ငံပိုင်သတင်းစာတွေ ကနေ အကြိမ်ကြိမ် နှိုးဆော်ခဲ့သလို စက်မှု့ဇုန်လုပ်ငန်းရှင်တွေ ၊ဇုန်စီမံခန့်ခွဲရေး ကော်မတီတွေ ပါတယ့် အဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့က မလုပ်တယ့် မြေကွက်တွေ ပြန်သိမ်းမယ်လို့ ကြေညာခဲ့ပေမယ့် ထိရောက်မှု မရှိဘူးလို့ စက်ရုံပိုင်ရှင်တွေ ကပြောကြပါတယ်။

လှိုင်သာယာ စက်မှု့ဇုန်စီမံခန့်ခွဲရေးကော်မတီ ရဲ့ ဥက္ကဌ ဦီးမြတ်သင်းအောင်က တော့ စက်မှု့ဇုန်မြေချပေးတယ့် စနစ်တွေ ပြောင်းပြီး မြေကွက်တွေကို အရင်ချပေး လိုက်ပြီး မြေဖိုးသွင်းတာနဲ့ မြေဂရန်ထုတ်ပေးထားလိုက်
မိတယ့် မူဝါဒ အမှားတွေကြောင့် ဘယ်လိုဘဲ ကြေညာနေပါစေ ပြန်သိမ်းလို့ မလွယ်ပါဘူးလို့ ပြောပြထားသလို စက်မှု့ဇုန်တွေ အတွင်းမှာ လမ်းပြင်တာ ၊ မီးကြိုးသွယ်တာ ၊ ရေမြောင်းဖောက်တာ တွေ အားလုံးကို စက်ရုံပိုင်ရှင်တွေက ကုန်ကျစရိတ်ကို မျှဝေ ကျခံရတယ့် အခြေအနေကြောင့် အခုလို စက်မှု့ဇုန်အတွင်းက အလုပ်မလုပ်တယ့် မြေကွက်လွတ်ပိုင်ရှင်တွေဆီက ထည့်ဝင်မှု့မရှိသလောက်နည်းတယ့် အပြင် အချို့မြေကွက်တွေ က ဆက်သွယ်လို့ပင် မရတယ့် အခြေအနေ ကြောင့် လက်ရရှိလည်ပတ်နေတယ့် စက်ရုံပိုင်ရှင်တွေ ကြားမှာလည်း မကျေလည်မှုတွေ ရှိနေပါတယ်တဲ့ ၊ အဓိကကတော့ မြေချမူဝါဒ အမှားတွေလို့ကြောင့်လို့ ဆိုထားပါတယ်။ လှိုင်သာယာ စက်မှု့ဇုန်က မြေတစ်ဧက ပေါက်ဈေးက ကျပ်သိန်း ၃၅၀၀ ကနေ ၅၀၀၀ ထိ ပေါက်ဈေးရှိလာသလို အချို့သော အကွက်အကွင်းကျတယ့် နေရာတွေဆိုရင် မြေကွက်က ရှာလို့တောင် မရဘူးလို့ လည်း ဆိုပါတယ်။

နှစ် ၂၀ ကျော်ကြာမြင့်လာတယ့် စက်မှုဇုန်မြေကွက်လွတ်တွေ ဇတ်လမ်း ဘယ်လို အဆုံးသတ်မလဲ ၊ တကယ်ဘဲ အခုမြေရယူထားသူတွေက စက်ရုံဆောက်ပြီး အလုပ်လုပ်မှာလား ၊ မလုပ်ရင် စည်းကမ်းချက်အတိုင်းပြန်လည်သိမ်းဆည်းပြီး တကယ်အလုပ်လုပ်မယ့် သူတွေ လက်ထဲကို မြေကွက်ချထားပေးမယ် ဆိုတာ ဧပြီလ ၁ ရက်နေ့မှာ ပြည်သူလူထုမဲနဲ့ အနိုင်ရပြီး အစိုးရသစ်ဖြစ်လာမယ့် လူတွေရဲ့ တိုင်းပြည်အပေါ်မှာထားတယ့် စိတ်ကောင်းစေတနာ ၊ တရားဥပဒေ စိုးမိုးမှု့ ၊ ပညာရှင်ဆန်တဲ့ တွေးခေါ်မျှော်မြင်မှု့ ပေါ်မှာမူတည်တယ့် အတွက် လတ်တလော ဝေဖန်ဖို့ စောနေသေးတယ်လို့ အိမ်ခြံမြေ ဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service