တိုက်ခန်းများ ရောင်းချနေသည့် ကုမ္ပဏီ တစ်ခုကို ၀ယ်ယူသူ တစ်ဦး ရောက်ရှိလာရာတွင် ငွေအကြွေစေ့ ထည့်ထားသော ခုနစ်အိတ်ဖြင့် ရောက်လာ ခဲ့ခြင်းကြောင့် ၀န်ထမ်းများ အားလုံး အံ့အားသင့် သွားခဲ့သည်။ အကြွေစေ့ ထည့်ထားသော အိတ်ခုနှစ်အိတ်၏ အလေးချိန်သည် (၂၅၀) ကီလိုဂရမ် အထိ ရှိသဖြင့် ၀န်ထမ်းများ အတွက် အလုပ်ရှုပ်သည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ နန်ဂျန်ဖန် အမည်ရ အမျိုးသမီး တစ်ဦးသည် သမီးဖြစ်သူ အတွက် တိုက်ခန်း ၀ယ်ယူရာတွင် တစ်သက်လုံး စုဆောင်း ထားသည့် ငွေအကြွေစေ့များကို ယူဆောင် လာပြီး ငွေပေးချေမူ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ တောင်ပိုင်း၊ ဆီချန်ဒေသတွင် နေထိုင်သည့် နန်ဂျန်ဖန်သည် တိုက်ခန်းကို ပြီးခဲ့သည့် လက ကြိုပွိုင့် စနစ်ဖြင့် ၀ယ်ယူခဲ့ပြီး ယခုလတွင် အပြီးသတ် ငွေပေးချေမှု ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပြုလုပ်ရာတွင် နန်ဂျန်ဖန်သည် တိုက်ခန်း အရောင်း ကိုယ်စားလှယ်အား ငွေအကြွေစေ့များဖြင့် ငွေပေးချေလို့ ရသလားဟု မေးမြန်း ခဲ့ကြောင်း သိရသည်။
တိုက်ခန်း အရောင်း ကိုယ်စားလှယ်ကလည်း ငွေအကြွေစေ့ အများအဟြး ရှိလိမ့်မည် မဟုတ်ဟု ထင်မြင်ချက်ကြောင့် လက်ခံ သဘောတူခဲ့သည်။
တရုတ်နိုင်ငံသုံး ငွေယွမ် (၄၃၅၀၀) တန်ဖိုးရှိ အကြွေစေ့များကို ငွေပေးချေရန် ယူဆောင် လာခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
ယင်းအကြွေစေ့တွေကို ဒေသတွင်း ဘဏ်တစ်ခုက လဲလှယ် ပေးရန် ကူညီ ခဲ့ပြီး ငွေရေတွက် နိုင်ရန် ၀န်ထမ်းများ ပေးပို့ ခဲ့သည်။ ဘဏ်မန်နေဂျာက မိမိ၏ ၀န်ထမ်းဘ၀ (၁၀) နှစ်တာ ကာလ အတွင်း ယခုလောက် များဟြးသည့် ငွေအကြွေစေ့များကို စုဆောင်း ထားသည်ကို တွေ့မြင် ဖူးခြင်း မရှိကြောင်း ဟြေကြား ခဲ့သည်။
တိုက်ခန်း အရောင်းကိုယ်စားလှယ်ကလည်း ငွေအကြွေစေ့ အများအဟြး ရှိလိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိကြောင်း ဟြေကြား ခဲ့သည်။
နန်ဂျန်ဖန်သည် ပလတ်စတစ် အိတ်များ ရောင်းဝယ်သည့် လုပ်ငန်းကိုလုပ်ကိုင် နေပြီးဝယ်ယူသူများသည်
ငွေအကြွေစေ့ဖြင့်သာ ငွေရှင်းမူ ပြုလုပ်ခဲ့ခြင်းကြောင့်
ငွေအကြွေစေ့ အများအဟြး ပိုင်ဆိုင် နေခြင်း ဖြစ်သည်။
နန်ဂျန်ဖန်တွင် သမီး တစ်ဦး ရှိပြီး အရွယ် ရောက်လာပြီ ဖြစ်သောကြောင့် နှစ်ပေါင်းများစွာ စုဆောင်း ထားသည့် ငွေအကြွေစေ့များဖြင့် တိုက်ခန်း ၀ယ်ယူ ခဲ့ခြင်း ဖြစ်သည်။
Credit: Messenger