မြန်မာနိုင်ငံသို့ ထုတ်လုပ်မှု အခြေခံ ရင်းနှီးကုန်စည်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှု လုပ်ငန်းများအတွက် ရင်းနှီးကုန်စည် တင်သွင်းမှုများမှာ သွင်းကုန် စုစုပေါင်း ၄၅ ရာခိုင်နှုန်

မြန်မာနိုင်ငံသို့ ထုတ်လုပ်မှု အခြေခံ ရင်းနှီးကုန်စည်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှု လုပ်ငန်းများအတွက် ရင်းနှီးကုန်စည် တင်သွင်းမှုများမှာ သွင်းကုန် စုစုပေါင်း ၄၅ ရာခိုင်နှုန် - Property News in Myanmar from iMyanmarHouse.com
24 Nov 2015 10:19 am တွင် တင်ခဲ့သည်
843 ကြိမ် ကြည့်ရှု့ပြီး
ဲမြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ ကုန်သွယ်မှုလိုငွေ ဆက်တိုက်ပြနေခဲ့သည်။ လက်ရှိအချိန်တွင်လည်း ထုတ်လုပ်မှုအခြေခံ ရင်းနှီးကုန်စည်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှု လုပ်ငန်းများအတွက် ရင်းနှီးကုန်စည်များ တင်သွင်းမှုကြောင့် ကုန်သွယ်မှုပမာဏတွင် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက် ပိုများနေဆဲဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

သွင်းကုန်အမျိုးအစားတွင် ရင်းနှီးကုန်စည်၊ လုပ်ငန်းသုံး ကုန်ကြမ်းများနှင့် လူသုံးကုန်စည်များဟူ၍ သုံးပိုင်းရှိသည့်အနက် ရင်းနှီးကုန်စည်သည် ၄၅ ရာခိုင်နှုန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းမှာ ရာခိုင်နှုန်း ၃၀ နှင့် လူသုံးကုန်စည်မှာ ၂၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“လက်ရှိမြန်မာနိုင်ငံမှာ သွင်းကုန်က ပို့ကုန်ထက် ပိုများနေတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းတွေ တက်လာတယ်လို့ ပြောနေတာတွေ ရှိပါတယ်။ တကယ်တမ်းကျတော့ ပို့ကုန်ပိုင်းမှာ Trades Policy အနေနဲ့ ဘာမှကန့် သတ်ထားတာ မရှိပါဘူး။ ဖြစ်နေတာက ကျွန်တော်တို့က ရင်းနှီးကုန်စည်တင်သွင်းမှု (Capital Goods ) တင်သွင်းမှုက ရာခိုင်နှုန်း ၄၀ရဲ့ အထက်မှာ ရှိနေပါတယ်။ နောက်တစ်ခုက စက်မှုလုပ်ငန်းသုံး ပစ္စည်းတွေ တင်သွင်းမှုက ရာခိုင်နှုန်း ၃၀ လောက်ရှိတယ်။ အခြား လူသုံးကုန် ပစ္စည်းတင်သွင်းမှုက ၂၅ ရာခိုင်နှုန်းပဲရှိပါတယ်။ အခု SMES တွေကနေပြီးတော့ သွင်းကုန်တွေ တက်လာရင် သူတို့လုပ်ငန်းတွေ ပျက်မယ်လို့ ပြောတာရှိပါတယ်။ တချို့တကယ် ပျက်စီးသွားတာတွေလည်း ရှိပါတယ်။ ဥပမာ - စားအုန်းဆီ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ မလည်ပတ်နိုင်တော့ပါဘူး။ ဒါဟာ အရေးကြီးပါတယ်”ဟု ဒေါက်တာမောင် အောင်က ပြောကြားသည်။

ရင်းနှီးကုန်စည် သွင်းကုန်များအနက် Drawnback ဟုခေါ်သည့် ပြန်လည်ထုတ်ယူမည့် သွင်းကုန်မှာ အများဆုံးဖြစ်ပြီး အကြီးစား ယန္တရားကြီးများ ဆောက်လုပ်ရေးဆိုင်ရာ ကိရိယာများ ပါဝင်ကြောင်း၊ စာရင်းသဘောအရ တန်ဖိုးပေးသွင်းပြီး သွင်းကုန်စာရင်းတွင် ပါဝင်သော်လည်း ငွေကြေးအားဖြင့် ပေးချေမှု မရှိကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးပါက ပြန်လည်ထုတ်ယူမည့် သွင်းကုန်ပစ္စည်းများ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။

၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာ ၁၆ ရက်အထိ ပို့ကုန်ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၆၃၉၆ သန်းကျော် ရရှိထားပြီး သွင်းကုန်ပိုင်းမှ အမေရိကန်ဒေါ်လာ ၈၅၂၅ သန်း ကျော်ရရှိကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၉၂၄သန်းကျော်ရှိကာ ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၂၁၃၁ သန်းကျော် ပြနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

Credit: ElevenMediaGroup

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service