ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း တည်ဆောက်လျက်ရှိသည့် ကားလမ်းကူး
ခုံးကျော်တံတား စီမံကိန်းလေးခုနှင့် လူကူးခုံးကျော်တံတားစီမံကိန်းခြောက်ခုကို
လက်ရှိဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာ ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
"ရွေးကောက်ပွဲရှိတော့ စီမံကိန်းမှာ လုပ်နေတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာ
ဒေသအသီးသီးကို ပြန်ပြီးမဲထည့်ဖို့ ခွင့်ပေးထားလို့ လုပ်ငန်းတွေ ရပ်သလို
ဖြစ်နေတာပါ၊ အခုဘဏ္ဍာနှစ်အတွင်းမှာပဲ အပြီး တည် ဆောက်ဖို့ လျာထား
ပါတယ်" ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့အတွင်း နေ့စဉ်ဖြစ်ပေါ်နေ သော ယာဉ်ကြောကျပ်တည်းမှုများကို
ဖြေရှင်း နိုင်ရန် ကားလမ်းကူးခုံးကျော်တံတားစီမံကိန်း များကို လက်ရှိအစိုးရ
လက်ထက်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး၊ လက်ရှိခုံးကျော် တံတား
စီမံကိန်းသစ်များအဖြစ် ရှစ်မိုင်လမ်းဆုံ၊ ကုက္ကိုင်လမ်းဆုံ၊ တာမွေအ၀ိုင်းထိပ်နှင့်
မြောက်ဥက္ကလာနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း နေရာများတွင် တည်ဆောက်အကောင်
အထည်ဖော်နေခြင်းဖြစ်သည်။ ခုံးကျော်တံတား စီမံကိန်းသစ်များ အတွက်
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပြီးခဲ့သည့် ဧပြီလတွင် တင်ဒါခေါ်
ယူခဲ့ရာ ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများ ဖြစ်သည့် ရွှေတောင်၊
ကက်ပီတယ်ဒိုင်းမွန်းစတားနှင့် အက်ဖ်အမ်အိုင်တို့ ဆောက်လုပ်ခွင့်
ရရှိခဲ့ခြင်း ဖြစ်သည်။
"ဘယ်လောက်ဘတ်ဂျက်နဲ့ လုပ်သလဲ ဆိုတာတော့ အတိအကျ ပြောဖို့ခက်ပါတယ်၊
ကားကူးခုံးကျော်တံတားကြီးတွေက တိုင်းဒေသကြီး အစိုးရဘတ်ဂျက်နဲ့ ဆောက်
တာဖြစ်ပြီး၊ စည်ပင်ကတော့ တံတားဆောက်လို့ ရအောင်
သက်ဆိုင်ရာဌာနတွေနဲ့ညှိပြီး ဖုန်းလိုင်း၊ ရေပိုက်လိုင်းတွေ၊
ပလက်ဖောင်းတွေ ချဲ့တာ၊ လျှပ်စစ်ကြိုးတွေနဲ့ လွတ်အောင် ဌာန
အနေနဲ့ လုပ်ပေးတာပါ"ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် လူကူး
ခုံးကျော် တံတားများကို ပြည်လမ်းမပေါ်တွင် နှစ်ခု၊ ကမ္ဘာအေးဘုရားလမ်းမ
(ဗဟန်း) တွင် တစ်ခု၊ ကမ်းနားလမ်းမော်တင်တွင်တစ်ခု တည်ဆောက်
လျက်ရှိပြီး၊ ဆူးလေလူကူးခုံးကျော် တံတားကိုလည်း လမ်းလေးဘက်စလုံးမှ
သွားလာနိုင်ရန် စတုရန်းပုံစံဖြင့် ပြည်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်သည်။
Credit: mmtimes