ဗဟိုဘဏ် ဒေါ်လာရည်ညွှန်းနှုန်း ဆက်တိုက်မြှင့်နေ၍ စီးပွားရေးလုပ်ငန်းများ အခက်တွေ့

ဗဟိုဘဏ် ဒေါ်လာရည်ညွှန်းနှုန်း ဆက်တိုက်မြှင့်နေ၍ စီးပွားရေးလုပ်ငန်းများ အခက်တွေ့ - Property News in Myanmar from iMyanmarHouse.com
19 Nov 2015 10:17 am တွင် တင်ခဲ့သည်
1214 ကြိမ် ကြည့်ရှု့ပြီး
ဗဟိုဘဏ်က ရွေး ကောက်ပွဲကာလတွင် ရည်ညွှန်း ငွေလဲနှုန်းကို ဆက်တိုက်မြှင့်တင် မှုကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲဖြစ်လာကြောင်း ပို့ ကုန်သွင်းကုန်လုပ်ငန်းရှင်များက ပြောသည်။

ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များသို့ လေလံဈေးကွက် ဖြင့် ရောင်းချသောရည်ညွှန်းငွေ လဲနှုန်းများကို ၁၈ ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၄ ကျပ်တိုးမြှင့် ခဲ့သည်။

နိုဝင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ရည်ညွှန်းနှုန်း ထားသည် ၁၂၇၇ ကျပ်ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်၌ တစ်ဒေါ်လာ လျှင် ၁၂၉၁ ကျပ်အထိမြင့်တက်လာသည်။

ဗဟိုဘဏ် တရားဝင်ရည် ညွှန်းငွေလဲနှုန်းသည် ပြင်ပဈေး ကွက်ပေါက်ဈေး အခြေအနေပေါ်မူတည်၍ ဈေးနှုန်းအတိုး
အလျှော့ ပြုလုပ်လေ့ရှိသည်။ သို့သော်
နိုဝင်ဘာလဆန်းမှစ၍ ဗဟိုဘဏ် က သတ်မှတ်သော ရည်ညွှန်းငွေ လဲနှုန်းသည် ပြင်ပ ဈေးကွက် ပေါက်ဈေးနှင့် ချိန်ညှိမှုမရှိဘဲ ဆက်တိုက်မြှင့်တင်လာသည်မှာ ထူးခြားကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းကျွမ်းကျင်သူ တစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

ပြင်ပဈေးကွက်တွင် ငွေလဲ နှုန်းသည် နိုဝင်ဘာ ၁၆ ရက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၈၄ ကျပ်ခန့်ရှိသော်လည်း ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း မှာ ၁၂၈၈ ကျပ်သို့မြှင့်ခဲ့သည်။ နို ဝင်ဘာ ၁၇ ရက်တွင် ပြင်ပဈေး ကွက်၌ ငွေလဲနှုန်းမှာ တစ်ရက်အ တွင်း ဆက်တိုက်မြင့်တက်ပြီး ည နေဈေးပိတ်ချိန်၌ ၁၂၉၀ ကျပ်ဖြစ် ခဲ့သည်။

ထိုနေ့တွင် ဗဟိုဘဏ်က ရည်ညွှန်း ငွေလဲနှုန်းမှာ ၁၂၈၉ ကျပ်ဖြစ်သည်။ နိုဝင်ဘာ ၁၈ ရက်တွင် နံနက်ပိုင်းဈေးဖွင့်ချိန်၌ တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်ဖြင့် စတင်ခဲ့ပြီး မွန်းလွဲပိုင်း၌ တစ် ဒေါ်လာလျှင် ၁၂၉၅ ကျပ်သို့ ပြန်လည်ကျဆင်းလာသည်။

‘‘အစိုးရက ဆွဲတင်နေတော့ မနေ့ကစပြီး လိုက်တက်လာတာ ပါ။ ဈေးကွက်မှာတော့ အဝယ် နည်းပြီး အရောင်းများတယ်’’ဟု ရွှေဘုံသာလမ်းမှ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကုန်သွယ်ရေး၌ သွင်းကုန်များနေပြီး လယ်ယာ ထွက်ကုန် ပြည်ပတင်ပို့မှုလည်း လျော့ကျလာသည်။ မြန်မာ့လယ် ယာထွက်ကုန်တွင်ဆန်နှင့်ပြောင်း ဖူးစေ့မှာ တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေးဖြင့် တင်ပို့နေရ သော်လည်း အဓိက ပို့ကုန်ဖြစ် သော ပဲမျိုးစုံမှာလက်ကျန်နည်းပြီး တင်ပို့မှုများစွာ လျော့နည်းနေ သည်။

‘‘အခုလိုပဲ ဈေးဆက်တက် နေမယ်ဆိုရင် စီးပွားရေးလုပ်ငန်း တွေမှာ အခက်အခဲတွေဖြစ်လာ မှာပါ။ ဒီအချိန်က ပို့ကုန်ထက် သွင်းကုန်များနေတယ်’’ဟု ပြည်ပ သို့ ဆန်တင်ပို့နေသော လုပ်ငန်း ရှင်ဦးမျိုးသူရအေးက ပြောသည်။

ရွေးကောက်ပွဲကာလတွင် ဗဟိုဘဏ်က တရားဝင်သတ်မှတ် ထားသော ငွေလဲနှုန်းကို ဆက် တိုက် မြှင့်တင်နေခြင်းသည် နိုင်ငံ ခြားအရန်ငွေလျော့နည်းလာခြင်း ကြောင့် ဖြစ်နိုင်ကြောင်း ဘဏ် လုပ်ငန်းနှင့် ဆက်စပ်နေသော စီး ပွားရေးလုပ်ငန်းရှင်များက သုံး သပ်မှုများရှိနေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ငွေလဲနှုန်းမှာ အစိုးရအပြောင်းအ လဲတည်ငြိမ်စွာ ပြောင်းလဲပြီး နောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များဝင်ရောက်လာမှ ပြန်ကျနိုင် သည်ဟု ဦးသန်းလွင်က သုံးသပ် သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များစွာ ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံပါက နိုင်ငံခြားဝင်ငွေ များစွာရရှိပြီး မြန်မာကျပ်ငွေ တန် ဖိုး ပြန်လည်မြင့်တက်လာမည်ဟု ၎င်းက ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service