ဒီလှပတဲ့ Calabasas အိမ်လေးကို ၀ယ်ယူပြီးလို့ တစ်နှစ်ခွဲအကြာမှာ ဆလီနာဂိုးမက်ဇ်က အထုပ်အပိုးတွေသိမ်းလို့ အဲ့အိမ်ကနေ ရွှေ့ပြန်ပါပြီ။ သူမက အဲ့ဒီ စတုရန်းပေ ၇၇၀၀ ကျယ်ဝန်းတဲ့အိမ်ကို ၀ယ်တုန်းကထက် ပိုမိုများပြားတဲ့ဈေးနှုန်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းနဲ့ ရောင်းချမယ်လို့ ကြေညာလိုက်ပါပြီ။ စ၀ယ်တော့ ဒေါ်လာ ၃ ဒသမ ၇ သန်း သူမ ၀ယ်ယူခဲ့တာပါ။
သူမရဲ့အိမ်က လုံခြုံရေးကောင်းတဲ့အသိုက်အမြုံမှာရှိပြီး စီစီတီဗွီတွေအများကြီးရှိလည်း သူမအတွက်တော့ သူမရဲ့လုံခြုံရေးအတွက် စိုးရိမ်လို့ ၉၁၁ ကို ခဏခဏခေါ်ဆိုခဲ့ရတဲ့နေရာပါပဲ။ မနှစ်က သူမ အဲ့အိမ်ကို ပြောင်းရွှေ့ပြီး မကြာမီမှာပဲ လူတစ်ယောက်က သူမအိမ်ထဲကို ဖောက်ထွင်းဝင်ရောက်မှုတွေ တစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
ဆလီနာဂိုးမက်ဇ် အခုလို အိမ်ဖောက်ထွင်းနှောက်ယှက်ခံရတဲ့ထဲမှာ ဒီအိမ်က ပထမဆုံး မဟုတ်ပါဘူး။ ဒါကြောင့် သူမအနေနဲ့ အိမ်လို့ ခေါ်နိုင်တဲ့ လုံခြုံအေးချမ်းတဲ့ နေရာကို ရှာဖွေနေလို့ အံအားသင့်စရာတော့မဟုတ်ပါဘူးနော်။ ကဲအခုပြန်ရောင်းမယ့်အိမ်ရဲ့ အတွင်းပိုင်းခမ်းနားလှပမှုကို ရှုစားကြည့်လိုက်ပါဦး။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)