မန္တလေးမြို့ အိမ်ရာများ အလှစိုက် ပန်းမျိုးစုံနှင့် အတူ လှပသော ငါးပုံပန်း အိုးကလေးများကို တွဲဖက် ရောင်းချ

မန္တလေးမြို့ အိမ်ရာများ အလှစိုက် ပန်းမျိုးစုံနှင့် အတူ လှပသော ငါးပုံပန်း အိုးကလေးများကို တွဲဖက် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
18 Nov 2015 11:02 am တွင် တင်ခဲ့သည်
2171 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြဒေသတိုက်ခန်းများနှင့် အိမ်ခန်းများ၏ ဝရံတာများတွင် စိတ်ကြည် လင်စေရန် အလှပန်းအိုးများစိုက်ပျိုး လေ့ရှိသည်။ သစ်ပင်ပန်းမန်များ စိုက်ပျိုး ကာ ယုယစွာပြုစု ပျိုးထောင်ခြင်းသည် စိတ်ကိုပျော်ရွှင်စေပေသည်။မန္တလေး မြို့ပေါ်ရှိ ခြံဝိုင်းများ၊ တိုက်ခန်းများတွင် အလှစိုက်ပျိုး နိုင်ရန် ကျုံးမြောက်ဘက် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်အနီး ပျိုးပင်အရောင်းဆိုင်များက တွင်ကျယ်စွာ စိုက်ပျိုးရောင်းချ ပေးလျက်ရှိသည်။

လူသားတိုင်း သစ်တော၊ သစ်ပင်နှင့်ပန်းပင်မျိုးစုံကို ချစ်ခင်တတ်ကြပြီး သစ်ပင်ပန်းမန်မျိုးစုံ၊ ပန်းအိုးမျိုးစုံကို အမျိုးသမီးများက အများစုဝယ်ယူ၍ တစ်ပိုင်တစ်နိုင်စိုက် ပျိုးကြသည်။ နှင်းဆီပင်များမှာ တန်ဖိုးနည်းအပင် ဟု ခေါ်ဆိုနိုင်လောက်သည်အထိ ဈေးနှုန်းချိုသာလှသည်။ ယခုဝယ် ယခု စိုက်ကာ ပြုစုပေးရုံဖြင့် မကြာသောကာလတွင် ပန်းပွင့်ရောင်စုံ ကို မြင်တွေ့နိုင်သောအပင်ဖြစ်သည်။အများစုသော နှင်းဆီပန်းပင်များတွင် နှင်းဆီဖူး၊ နှင်းဆီ အပွင့်များပါနေသည့်အတွက် အမျိုးသမီးများပိုမိုနှစ်သက် ကြသည်။

နှင်းဆီပန်းနှင့်အတူ အခြားတန်ဖိုးနည်းပန်းမျိုးစုံကို လည်း စိုက်ပျိုးရောင်းချကြ သည်။ ပန်းများနှင့်အတူ ပန်းအိုးများကို တွဲဖက်ရောင်းချသည်။ ပန်းအိုးများမှာ အနုပညာမြောက်အောင်ပုံဖော်လေ့ရှိသည်။အနည်းဆုံး ငွေကျပ် တစ်ထောင် တန် ပန်းအိုးများမှသည် ခြောက်သောင်း တန်ပန်းအိုးများအထိ အရွယ် အစားနှင့် လက်ရာအပေါ် မူတည်ကာ ရောင်းချကြသည်။

လက်ရှိကာလတွင် ဇီးကွက်ပုံပန်းအိုးကလေး များနှင့်အတူ ငါးပုံပန်းအိုးကို စိတ်ဝင်စားမှု များပြားလာသည်။ ငါးပုံပန်းအိုးကိုပန်းပျိုးခြံများတွင် အလှပြကာ နမူနာအဖြစ် ထားပေးလေ့ရှိသည်။အချို့သော သူများမှာ အလှထားခြင်းကို ရိုးရိုးသာပြုလုပ်လေ့ရှိပြီး အများစုမှာ ခေတ်မီနည်းပညာဖြင့် ရေပန်းကလေး များ ပြုလုပ်ကြောင်း သိရသည်။

ရေပန်းကလေးများမှာ ငါးပါးစပ်အတွင်းမှ မှုတ်ထုတ်နေဟန်ပြုလုပ်ကြသည်။ လက်ရှိကာလတွင် ငါးပုံသဏ္ဌာန် ပန်းအိုးကလေးများကို စိတ်ဝင်စားမှု များပြားကြသည်။ ပုံသဏ္ဌာန်အစုံပန်းအိုးများနှင့်အတူ တန်ဖိုးနည်း အလှပန်းပင်မျိုးစုံမှာ ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service