မုံရွာမြို့ မုံရွာတောင်ဘက် ကားလေးကွင်းအနီးတွင် Ocean ဈေးဝယ်စင်တာကို ဒီဇင်ဘာလ ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘ပင်မနှစ်ထပ်ဆောင်ကြီးက တော့ ပြီးစီးနေပါပြီ။ တည်ဆောက် ရေးလုပ်ငန်းအနေနဲ့ ၈၀ရာခိုင်နှုန်း ပြီးစီးနေပြီ။ ဒီဇင်ဘာလကုန်ရက်ပိုင်းမှာဖွင့်လှစ်ရောင်းချသွားမှာ
ဖြစ်ပါတယ်။
နိုင်ငံတကာစား သောက်ဆိုင်၊ ဆေးဆိုင်၊ဖုန်းဆိုင်၊ ဈေးဆိုင်
ခန်းပေါင်း ၂၀ကျော်နဲ့ ဖွင့်လှစ်သွားမယ်။ ရုပ်ရှင်ရုံကို လည်း ဖွင့်လှစ်ပြသဖို့စီစဉ်ထားပါ တယ်’’ဟု City Mart Holding ကုမ္ပဏီမှ MarketingDirector ဒေါ်မေဇင်စိုးထက်
ကပြောသည်။
အဆိုပါစင်တာတွင် တာဝန် ထမ်းဆောင်ရန် အရောင်းဝန် ထမ်း၊ လုံခြုံရေး၊ ၀န်ဆောင်မှုလုပ် ငန်းများအတွက် ဒေသခံဝန်ထမ်း နှစ်ရာခန့်အား ခန့်အပ်ထားပြီးဖြစ် သည်ဟုဆိုသည်။
‘‘မုံရွာမှာ စတိုးဆိုင်ကြီးကြီး မားမားပဲရှိတယ်။ သားငါး၊ အ ၀တ်အထည်နဲ့ လူသုံးကုန်ပစ္စည်း အစုံရောင်းတဲ့ စည်ပင်သာယာပိုင် ဈေးကြီးသုံးဈေးနဲ့ ရပ်ကွက်ဈေး တွေတော့ရှိတယ်။ နိုင်ငံတကာအ ဆင့်မီ ဈေးဝယ်စင်တာအနေနဲ့Ocenစင်တာဖွင့်မှပဲရှိမယ်။
နိုင်ငံတကာအဆင့်မီစားသောက်ဆိုင် တွေလည်းပါမယ်
ဆိုတော့ ရန်ကုန်မန္တလေးမြို့ကြီးတွေလိုရှော့ပင်း
ထွက်မည့်သူတွေအတွက် အဆင်ပြေတာပေါ့’’ဟု မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်မှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
မုံရွာမြို့တွင် ဖွင့်လှစ်မည့် Ocean စူပါမားကတ်သည် ရှစ်ဆိုင်မြောက် ဖွင့်လှစ်မည် ဖြစ်ပြီး ရန်ကုန်မြို့တွင် သုံးဆိုင်၊
မန္တလေးမြို့တွင် နှစ်ဆိုင်၊ နေပြည်တော်တွင် နှစ်ဆိုင်ဖွင့်လှစ်ထားပြီး ဖြစ်သည်။
Credit: 7Daydaily