ငွေကြေးဈေးကွက်အ တွင်း ၀ယ်လိုအားနည်းလာသဖြင့် အမေရိကန်ဒေါ်လာတန်ဖိုး ပြင်ပ ဈေးကွက်တွင် ကျဆင်းလာသော် လည်း ဗဟိုဘဏ်၏ တရားဝင်ငွေလဲလှယ်နှုန်းမှာ မြင့်တက်နေ သည်။
ဗေဟိုဘဏ်က တရားဝင်သတ် မှတ်သော ငွေလဲနှုန်းသည် နိုဝင် ဘာ ၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၈၁ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်၌ ၁,၂၈၇ ကျပ်သို့ မြင့် တက်သွားသည်။ ပြင်ပဈေးကွက် တွင် ငွေလဲနှုန်းမှာ နိုဝင်ဘာ ၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၈၉ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၈၄ ကျပ်ရှိ နေသည်။
ပြင်ပဈေးကွက်တွင် ငွေလဲ နှုန်းသည် တစ်ပတ်အတွင်း တစ် ဒေါ်လာလျှင် ငါးကျပ် ကျဆင်း သွားသော်လည်း ဗဟိုဘဏ်၏ တရားဝင်သတ်မှတ်နှုန်းတွင် တစ်ဒေါ်လာလျှင် ခြောက်ကျပ်မြင့်တက်သွားသည်။
ပြည်တွင်းစိုက်ပျိုးရေး၊ မွေး မြူရေးကဲ့သို့ စီးပွားရေးလုပ်ငန်း များတွင် ကျပ်ငွေလိုအပ်ချက်များ နေခြင်း၊ ကုန်သည်များက သက် ဆိုင်ရာလုပ်ငန်းခွင်သို့ ပြန်လည် အာရုံစိုက်လာ၍ ငွေဈေးကစားမှု လျော့နည်းလာခြင်းတို့ကြောင့် ပြင်ပဈေးကွက်တွင် ငွေလဲနှုန်းမှာ အကျဘက်သို့ ဦးတည်နေကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင်ဦးမျိုးသူရအေးက သုံး သပ်သည်။
ပြင်ပဈေးကွက်တွင် ငွေလဲ နှုန်း အနည်းငယ်ကျသလို ပြည် တွင်း ရွှေဈေးမှာလည်း ဆက် လက်ကျဆင်းနေသည်။ ကမ္ဘာ့ရွှေ ဈေးမှာ နိုဝင်ဘာ ၁၂ ရက်တွင် တစ်အောင်စလျှင် ၁,၀၈၇ ဒေါ် လာမှ နိုဝင်ဘာ ၁၄ ရက်တွင် ၁၀၈၃ ဒေါ်လာသို့ ကျဆင်းသွား ရာ ပြည်တွင်းရွှေဈေးမှာ နိုဝင် ဘာ ၁၂ ရက်တွင် ၇၄၉,၀၀၀ ကျပ်ကျော်မှ ၇၃၉,၀၀၀ကျပ်သို့ ပြန် ကျဆင်းခဲ့သည်။
Credit: 7Daydaily