ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် မြေကွက် အရောင်းအဝယ် သာမက မြေပေါင်နှံခြင်းများပင် လုံးဝရပ်ဆိုင်းသွားဟု သိရ

ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် မြေကွက် အရောင်းအဝယ် သာမက မြေပေါင်နှံခြင်းများပင် လုံးဝရပ်ဆိုင်းသွားဟု သိရ - Property News in Myanmar from iMyanmarHouse.com
16 Nov 2015 10:53 am တွင် တင်ခဲ့သည်
1646 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးစသည့် နေရာများတွင် မြေကွက်အရောင်းအ၀ယ် လုံးဝမရှိရုံတင်မကဘဲ မြေကွက်ပေါင်နှံခြင်းများလည်း လုံးဝရပ်ဆိုင်းသွား သည်ဟု ယင်းမြို့နယ်များနေထိုင်သည့် ဒေသခံအချို့ထံမှ သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာ အတွင်းပါဝင်သည့် မြို့နယ်များတွင် စီမံကိန်း စတင်မည်ဆိုသည့် ၂၀၁၄ ခုနှစ်က မြေကွက်ဈေးနှုန်းနှင့် အရောင်းအ၀ယ်များ တစ်ဟုန်ထိုး တက်သွားခဲ့ကြောင်း၊ သို့သော် စီမံကိန်း ရပ်ဆိုင်းခဲ့ချိန်တွင် အရောင်းအ၀ယ်များလည်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၅ ခုနှစ်တွင် ရန်ကုန်မြို့သစ် စီမံကိန်းအား တစ်ကျော့ပြန် ဖော်ဆောင်ရန် ဖြစ်လာချိန်တွင် မြေကွက်များ ထင်သလောက် အရောင်းအ၀ယ် မဖြစ်တော့ဘဲ စက်တင်ဘာလကုန်တွင် မြေကွက်များအရောင်း အ၀ယ် လုံးဝရပ်ဆိုင်းသွားခဲ့ပြီး ဒေသခံများကလည်း မြေကွက်များ ထုတ်မရောင်းတော့ ကြောင်းသိရသည်။

သို့သော် ဒေသခံများ စီးပွားရေးကျပ်တည်းသည့်အတွက် ဒေသခံအချင်းချင်း မြေကွက်ပေါင်နှံခြင်းများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲအပြီး နောက်ပိုင်း မြေကွက်ပေါင်နှံခြင်းများပင် လုံးဝမပြုလုပ်တော့ဘဲ ရပ် ဆိုင်းသွားခဲ့ပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“မြေကွက် အရောင်းအ၀ယ်တင် မကဘဲ ပေါင်နှံတာလည်း လုံးဝကို လက်မခံတော့တာ။ အရင် ပေါင်နှံတာကလည်း ဒေသခံအချင်းချင်း နားလည်မှုနဲ့ လုပ်ခဲ့ကြတာ။ အခု ဒေသခံ အချင်းချင်းတောင်မရှိ ကြတော့ဘူး။ ဒေသခံတွေလည်း တော်တော်ကို ကျပ်တည်းနေတယ်”ဟု ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာ အတွင်းပါဝင်သည့် တွံတေးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဘက်မှာတော့ မြေပေါင်နှံတာ သိပ်မရှိဘူး။ အရောင်းအ၀ယ်ကတော့ လုံးဝကို မရှိတော့တာ။ ဒေသခံတွေက စီမံကိန်းကိုမျှော်ပြီး ထုတ်မရောင်းတော့တာ။ တွံတေးဘက်မှာတော့ ဒေသခံအချင်းချင်း စာ ချုပ်နဲ့ မြေတွေပေါင်နှံပြီး လုပ်နေတာတော့ရှိတယ်”ဟု ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာ အတွင်းပါဝင်သည့် ကြည့်မြင်တိုင်တစ်ဖက် ကမ်းဝါးရုံဆိပ်ကျေးရွာမှ ဒေသခံ ဦးတင်စိန်က ပြောကြားသည်။

ထို့ပြင် လက်ရှိ စီမံကိန်းဧရိယာ အတွင်း လယ်ယာလုပ်ငန်းများလည်း အကျပ်အတည်းဖြစ်နေကြောင်း စီမံကိန်းကိုလည်း အစိုးရ အပြောင်းအလဲကြောင့် ပျက်ပြယ် သွားမည်ကိုလည်း စိုးရိမ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

“အခုက ရွေးကောက်ပွဲလည်ပြီး အစိုးရအပြောင်းအလဲလည်း ဖြစ်မယ်ဆိုတော့ ဒေသခံတွေက အရင်အစိုးရလုပ်ခဲ့တဲ့ မြို့သစ်စီမံကိန်း ပျက်မလားဆိုပြီ စိုးရိမ်နေကြတယ်။ ကျွန်တော်တို့လည်း တင်ဒါ တင်ထား တုန်းအဆင့်ပဲဆိုတော့ ဘာမှသေချာမသိရဘူး။ အစိုးရဘက်ကလည်း အခုထိဘာမှတော့ အကြောင်းမကြားသေးဘူး။ ကျွန်တော်တို့လည်း မြန်မာငွေကျပ် ၅ ဘီလီယံတောင် စပေါ်ငွေ တင်ထားရတာ။ အဲဒါကြောင့် စောင့်ကြည့်နေတုန်းပါပဲ” ဟု ရန်ကုန်မြို့ သစ်စီမံကိန်းအတွက် တင်ဒါတင်သွင်းထားသည့် ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင်တစ် ဖက်ကမ်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို စသည့် ဒေသများပါဝင်ကြောင်း သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service