ရန်ကုန်စတော့အိတ်ချိန်း ၀င်ရောက်ရန် FMI၊ Myanmar Citizens ဘဏ်နှင့် သီလ၀ါ အများပိုင်ကုမ္ပဏီတို့ ပါဝင်

ရန်ကုန်စတော့အိတ်ချိန်း ၀င်ရောက်ရန် FMI၊ Myanmar Citizens ဘဏ်နှင့် သီလ၀ါ အများပိုင်ကုမ္ပဏီတို့ ပါဝင် - Property News in Myanmar from iMyanmarHouse.com
12 Nov 2015 10:11 am တွင် တင်ခဲ့သည်
1357 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်းသို့ ၀င်ရောက်၍ စတော့ရှယ်ယာများ ရောင်းချနိုင်ရန် ပဏာမ ရွေးချယ်ထားသည့် ကုမ္ပဏီစာရင်း တွင် FMI ၊ Myanmar Citizens Bank နှင့် သီလ၀ါ အများပိုင် ကုမ္ပဏီတို့ ပါဝင်ကြောင်း မြန်မာ့ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ နိုဝင်ဘာ ၃ ရက်တွင် သိရသည်။

“စာရင်းဝင် ဖြစ်လာနိုင်တဲ့ ကိုးခုကို ပဏာမ ရွေးချယ်ထားတယ်။ ကိုးခုဆိုတာ လောလောဆယ်ပေါ့။ နောက်ထပ်လည်း လာနေကြတာတွေ ရှိတယ်။ လာနေတဲ့အထဲကမှ အကောင်းတကာ့ အကောင်းဆုံးကို ရွေးချယ်ရမှာပေါ့။ လျှောက်လွှာစာရင်းကို ပိတ်တာမျိုးမရှိပါဘူး။ အမြဲတမ်း ဖွင့်လှစ်ပေးထားမှာပါ။ ပထမအသုတ်မှာ ကုမ္ပဏီကိုးခုကို စိစစ်ပေးနေတာပါ။ နောက်ထပ်လာလည်း လက်ခံပြီး စိစစ်ပေးမှာပါ။ မနေ့ကတော့ အားလုံးကို ခေါ်ပြီးတော့ မိတ်ဆက်စကားလေး ပြောတာပေါ့။ ဒီနေ့ကျတော့ ကုမ္ပဏီသုံးခုကိုခေါ်ပြီး တစ်ခုချင်း တွေ့တာပေါ့။ ဒီနေ့သုံးခု တွေ့တာလည်းပဲ ကျေနပ်စရာ ကောင်းပါတယ်။ ဒီနေ့ တွေ့တာက FMI၊ Myanmar Citizens Bank၊ သီလ၀ါကုမ္ပဏီတို့ ပါ,ပါတယ်”ဟု မြန်မာ့ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ စာရင်းတင် ရောင်းချခွင့်ရမည့် ကုမ္ပဏီများကို ရန်ကုန်စတော့အိတ်ချိန်း ဖွင့်လှစ်မည့်နေ့တွင် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း ၀င်ရောက်မည့် အများပိုင်ကုမ္ပဏီများ လိုက်နာရမည့် စံသတ်မှတ်ချက်များ (Listing Critia) ကို သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းကို ယခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ဒီဇင်ဘာလ ပထမပတ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းအဖြစ် ဖွင့်လှစ်မည့် အဆောက်အအုံမှာ နှစ် ၈၀ ကျော် သက်တမ်းရှိ ယခင်မြ၀တီဘဏ် ရုံးချုပ်ဟောင်းကို ခေတ်မီပြန်လည် မွမ်းမံထားသည့် အဆောက်အအုံဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်၊ Daiwa Group နှင့် Japan Exchange Group တို့က ဖက်စပ် ထူထောင်ကြခြင်းဖြစ်ကာ စတင်ရင်းနှီးငွေမှာ ကျပ် ၃၁ ဘီလျံဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ပါက နံနက် ၉ နာရီခွဲတွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲတစ်နာရီတွင် တစ်ကြိမ် ရှယ်ယာ အရောင်းအ၀ယ် အမှာများကို Matching ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service