အိမ်ဟြေင်းရွှေ့ရေး လုပ်ငန်းသည် အလွန်ပင်ပန်းသောကြောင့် သန်မာသည့်
အမျိုးသားများသာ လုပ်ကိုင်လေ့ရှိသည်။ သို့သော် ယင်းလုပ်ငန်းကို အမျိုးသမီးများသာ ဦးဆောင် လုပ်ကိုင်နေခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် အိမ်ဟြေင်းရွှေ့ရေး လုပ်ငန်းကို အမျိုးသမီးများဖြင့်သာ လုပ်ကိုင်သည့် ပထမဆုံးလုပ်ငန်းဖြင့် မှတ်တမ်းဝင်ခဲ့သည်။ ယင်းလုပ်ငန်းကို စတင်တည်ထောင်သူ အီမာလန်မန်းက မိမိတို့သန်မာမှုကို အားလုံးသိရှိသွားခဲ့ခြင်းအတွက် ကျေနပ်မိကြောင်း ဟြေကြားခဲ့သည်။
လန်မန်းသည် ၂၀၁၁ တွင် မီးသတ်တပ်ဖွဲ့မှ ထွက်လိုက်ပြီးနောက် ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကိုင်ရန် ဆန္ဒရှိခဲ့သည်။ ထို့နောက် အမျိုးသမီးများသည် အမျိုးသားများလို လုပ်နိုင်စွမ်းရှိကြောင်း ပြသလိုသောကြောင့် အမျိုးသမီးများကို သီးသန့်စုစည်းကာ အိမ်ဟြေင်းရွှေ့ရေးလုပ်ငန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးများဖြင့် သီးသန့်ဖွဲ့စည်းထားခြင်းကြောင့် လုံခြုံမှုရှိစေကြောင်း အသက် (၆၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုခဲ့သည်။
အမျိုးသမီးများ သီးသန့်နေထိုင်သော နေရာတွင် အိမ်ဟြေင်းရွှေ့ခဲ့ပါက အမျိုးသားများ ပါဝင်သည့် အဖွဲ့ထက် အမျိုးသမီးများသာ ပါဝင်သည့်အဖွဲ့ကို ဦးစားပေးရွေးချယ်လေ့ ရှိကြောင်း သိရသည်။
လန်မန်းသည် ယင်း၏ ကုမ္ပဏီကို Van Girls ဟု အမည်ပေးထားသည်။ ယန်မန်းက မိမိတို့အဖွဲ့ကို ယုံကြည်မှုအပြည့်ဖြင့် ငှားရမ်း အသုံးပြုခြင်းကြောင့် ကျေနပ်မိကြောင်း၊ မိမိတို့ကလည်း အကောင်းဆုံးဝန်ဆောင်မှုပေးနေကြောင်း ဟြေကြားခဲ့သည်။
ယန်မန်းက မိမိအနေဖြင့် အမျိုးသား ၀န်ထမ်း ခန့်အပ်သွားမည် မဟုတ်ကြောင်း၊ အမျိုးသားတစ်ဦး ခန့်မည့်နေရာတွင် အမျိုးသမီး (၃) ဦး ခန့်အပ်သွားမည် ဖြစ်ကြောင်း ဟြေကြားခဲ့သည်။
Credit: Messenger