ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မြန်မာ နိုင်ငံ သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ဝင် ရောက်ရန် လျာထားကြောင်း အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှု ဦးစီးဌာနမှ သိရသည်။
၂၀၁၁ ခုနှစ် မတိုင်မီက သယံဇာတကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စီးဝင်မှု များ ပြားခဲ့ပြီး နောက်ပိုင်း ကာလ များ တွင် စီးပွား ရေးဇုန်များ ဖွင့်လှစ်ခြင်းနှင့်အတူ စက်မှု ကဏ္ဍ၊ အခြေခံ အဆောက် အအုံကဏ္ဍ၊ စိုက်ပျိုး ရေးကဏ္ဍ တို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ပိုမိုတိုးမြင့် လာခဲ့သည်ဟု ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာနမှ သိရ သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် လျာထားချက် အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ဖြစ်သော်လည်း အမှန် ခွင့်ပြု ပမာဏမှာ အမေရိကန်ဒ်ါလာ ၃၄၁၉ သန်း ရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် လျာထား ချက် အမေရိ ကန်ဒေါ်လာသန်း ၃၀၀၀ ဖြစ်ပြီး အမှန် ခွင့်ပြုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁၀၇ သန်း ဖြစ်သည်။
၂၀၁၄ -၂၀၁၅ ဘဏ္ဍာ နှစ်တွင် လျာထားချက် အမေရိကန် ဒေါ်လာ သန်း ၄၀၀၀ ဖြစ်ပြီး အမှန်ခွင့်ပြုပမာဏ မှာအမေရိကန်ဒေါ်လာ ၈၀၁၀ သန်းရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု လျာထားချက်ပမာဏမှာ အမေရိကန် ဒေါ်လာသန်း ၆၀၀၀ ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလ အထိ နိုင်ငံပေါင်း ၃၃ နိုင်ငံက လုပ်ငန်းပေါင်း ၅၄၃ ခုတွင် လာ ရောက် ရင်းနှီးမြှုပ်နှံခဲ့ ပြီး ရင်းနှီးမြှုပ်နှံခဲ့တန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၁၄၆၃ ဒသမ ၉၁၃ သန်းရှိကြောင်း သိရ သည်။
ရင်းနှီးမြှုပ်နှံမှု ပြုခဲ့သည့် နိုင်ငံများ အနက် စင်ကာပူနိုင်ငံမှာ စုစု ပေါင်း ရင်းနှီး မြှုပ်နှံမှု ပမာဏ၏ ၄၂ ဒသမ ၃၃ ရာခိုင်နှုန်း ဖြင့် အများဆုံးဖြစ်ပြီး တရုတ် နိုင်ငံမှ ၂၄ ဒသမ ၅၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ယူနိုက်တက်ကင်း ဒမ်းမှ ၆ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ် နှံမှု တွင် တတိယနေရာ၌ရှိaကြောင်း သိရ သည်။
ရင်းနှီးမြှုပ်နှံမှုများ အများဆုံးပြုလုပ်ခဲ့သည့် ကဏ္ဍများမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၁၅ ရာခိုင်နှုန်းဖြစ် သည်။ လျှပ်စစ်ကဏ္ဍတွင် ၂၂ ဒသမ ၃၄ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၂၀ ဒသမ ၂၈ ရာခိုင်နှုန်းရှိပြီး ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ခြံမြေ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများ၊ သတ္တုကဏ္ဍ၊ စိုက်ပျိုး ရေးကဏ္ဍများ တွင် လည်း ရင်းနှီးမြှုပ်နှံမှုများရှိကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပမှ ရင်းနှီး မြှုပ်နှံလို သူများအနေဖြင့် ပြည်တွင်းရေး အခြေအနေ များကို စောင့်ကြည့် လေ့လာ လျက်ရှိပြီး ရွေး ကောက်ပွဲ အလွန် ကာလ ရလဒ်ကောင်းများ အပေါ်မူတည်၍ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့် လာမည့် အခြေအနေတွင် ရှိနေကြောင်းစီးပွား ရေးကျွမ်းကျင်သူများက သုံးသပ်ထား သည်။
Credit: MOI Webportal Myanmar