သဘာဝဘေးဒဏ် ခံစားရနိုင်သော ပြည်သူများအတွက် လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာ
နှစ်တွင် ကျေးလက်အိမ်ရာပေါင်း ၃,၀၀၀ ခန့် ပြန်လည် တည်ဆောက်ပေးရန်
လျာထားကြောင်း မွေးမြူရေး၊ ရေးလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီး ဌာန၊
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်ဝင်း က
ပြောသည်။
ယခင်က အိမ်ရာများ တည်ဆောက်မှု ကို ပြည်နယ်နှင့် တိုင်းဒေသကြီး
များရှိ မြို့နယ်များအလိုက် လျာထား တည်ဆောက်ပေးခဲ့သော်လည်း လာမည့်နှစ်
တွင်မူ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်သာ လျာထားပြီး သဘာဝဘေးကျရောက်သော
မြို့နယ်များ၊ ကျေးရွာများ နှင့် ဘေးဒဏ်ခံစားရသော ပြည်သူများ အတွက် လျာထား
သည်။
"အရင်လို အတိအကျ မသတ်မှတ် တော့ဘူး။ တိုင်းနဲ့ ပြည်နယ်အလိုက်ပဲ
လျာထားမယ်။သဘာဝဘေးဖြစ်တဲ့ ဒေသ တွေကိုပေးမယ်"ဟု ဦးမောင်ဝင်းက
မြန်မာတိုင်း(မ်)ကို အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။ အိမ်တစ်လုံးလျှင်ကျပ်သိန်း ၃၀ နှုန်း ဖြင့် ပျဉ်ထောင်၊ ပျဉ်ခင်းနှင့် သွပ်မိုးအိမ် ၂,၉၂၀ လုံး
တည်ဆောက်ပေးရန် လျာထား သည်။
ကျေးလက်အိမ်ရာများကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနစတင် ဖွဲ့စည်းခဲ့သည့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှ စတင်ခါ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်
သည်။ တရားဝင်စာရင်းများအရအဆိုပါ နှစ်က ကျေးရွာပေါင်း ၁၈၄ ရွာတွင် အိမ် ၅၂၃ လုံးတည်ဆောက်ပေးခဲ့သည်။
၂၀၁၃-၁၄ ခုနှစ်တွင် ကျေးရွာ ၁၅၄ ရွာ တွင် အိမ် ၁,၀၃၁ လုံး၊
၂၀၁၄-၁၅ ခုနှစ် တွင် ကျေးရွာ ၂၀၅ ရွာ၌ အိမ် ၁,၄၆၂ လုံး တည်ဆောက်ပေးခဲ့ကာ ယခု
၂၀၁၅-၁၆ တွင်မူ ကျေးရွာ ၅၄၃ ရွာတွင် အိမ်၃,၀၁၆ လုံး တည်ဆောက်ပေးနေသည်။
ထို့ကြောင့် လေးနှစ်အတွင်း နေပြည် တော်ကောင်စီနယ်မြေတွင် ၆၂ လုံး၊ ကချင်
ပြည်နယ်တွင် ၉၇၁ လုံး၊ ချင်းပြည်နယ်တွင် ၃၇၇ လုံး၊ ကယားပြည်နယ်တွင် ၇၁၀ လုံး၊
ကရင်ပြည်နယ်တွင်၂၁၄ လုံး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၃၃၉ လုံး၊တနင်္သာရီတိုင်းဒေသကြီးတွင် ၂၂၂ လုံး၊ ပဲခူးတိုင်း ဒေသကြီးတွင် ၃၆၀ လုံး၊
မကွေးတိုင်းဒေသ ကြီးတွင် ၃၄၈ လုံး၊ မန္တလေးတိုင်းဒေသကြီး တွင် ၃၂၅ လုံး၊
မွန်ပြည်နယ်တွင် ၁၃၅ လုံး၊ ရခိုင်ပြည်နယ်တွင် ၃၀၉ လုံး၊ ရန်ကုန်တိုင်း ဒေသကြီးတွင်၁၉၇ လုံး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၅၆၆ လုံး၊ ရှမ်းပြည်နယ်တွင် ၄၇၁ လုံး စသည်ဖြင့်တည်ဆောက်ခဲ့ပြီး ဖြစ်သည်။
ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသများဖြစ်သည့် ပအိုဝ်းဒေသ၊ ပလောင်ဒေသ၊ကိုးကန့်ဒေသ၊ "၀" ဒေသ နှင့် နာဂဒေသတို့တွင် အိမ်ရာ ၅၃ လုံးစီ တည်ဆောက်ပေးခဲ့ပြီး
ဓနုဒေသတွင် ၆၅ လုံး တည်ဆောက်ပေးထားခဲ့သည်။ ဆင်းရဲသောပြည်သူများ၊ နေစရာအိမ် မရှိသော ပြည်သူများ၊ စစ်ပွဲများနှင့် အခြား အကြောင်းအရာများကြောင့် နေရာ
ရွှေ့ ပြောင်းရသော ကျေးရွာများအတွက် ရည် ရွယ်ကာ ထိုကဲ့သို့ ကျေးလက်အိမ်ရာများ
တည်ဆောက်ပေးခြင်းဖြစ်သည်။
နိုင်ငံ တော်ဘဏ္ဍာငွေကိုသာ အသုံးပြု တည်
ဆောက်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြည်သူများက လုံးဝ ကျခံရခြင်း မရှိကြောင်း အဆိုပါဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်လှလှဝင်းက
ပြောကြားသည်။
အိမ်ရာများ တည်ဆောက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် ၉ ဒသမ၂ ဘီလျံခန့်
အသုံးပြုခဲ့ရကြောင်း စာရင်း ဇယားများအရ သိရသည်။ တည်ဆောက်ပေးရန် အိမ်ရာများ
ရွေးချယ်မှုကိုမူ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသဆိုင်ရာ အာဏာ ပိုင်များ၊
လွှတ်တော်ကိုယ်စားလှယ်များက ညှိနှိုင်းဆောင်ရွက် ရွေးချယ်ခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာ
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။
"အဲဒီအပေါ်မှာတော့ ကျွန်တော်တို့ က မလွှမ်မိုးတော့ဘူး။ ဘယ်သူ့ကို ပေးပါ၊ဘယ်ဝါ့ကို ပေးပါဆိုပြီး မပြောဘူး။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့
ဆုံးဖြတ်ချက်နဲ့ပဲလုပ်တာ"ဟု ဦးမောင်ဝင်း က ပြောသည်။
Credit: MyanmarTimes