မြောက်ဦးဒေသ ရေဘေးလွန်ကာလ ပြန်လည်ထူထောင်ရေး အတွက် ကျေးရွာသုံးရွာတွင် အိမ်ခြေ ၁၁၈ လုံး ဆောက်လုပ်လှူဒါန်း

မြောက်ဦးဒေသ ရေဘေးလွန်ကာလ ပြန်လည်ထူထောင်ရေး အတွက် ကျေးရွာသုံးရွာတွင် အိမ်ခြေ ၁၁၈ လုံး ဆောက်လုပ်လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
9 Nov 2015 11:43 am တွင် တင်ခဲ့သည်
758 ကြိမ် ကြည့်ရှု့ပြီး
CB-KMA Foundation မှ မြောက်ဦးဒေသ ရေဘေးလွန် ကာလ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ရာတွင် မြေ ရှစ်ဧကကို ဝယ်ယူခဲ့ပြီး စုစုပေါင်း အိမ်ခြေ ၁၁၈ လုံး ကို ရေဘေးသင့်ပြည်သူများအတွက်တည်ဆောက်ပေးနိုင်
ခဲ့ကြောင်း၊ စီမံကိန်း မှာ နိုဝင်ဘာလ ကုန်တွင် ပြီးစီးတော့ မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်သည် ဆိုးရွား ပြင်းထန် သည့် ရေးဘေးဒဏ် ခံရသော ဒေသထဲတွင် တစ်ခု အပါအဝင်ဖြစ် သည်။ ရေဘေးကြောင့် နေထိုင်ရေး အတိ ဒုက္ခရောက်ရှိခဲ့ သည့် ပြည်သူများ မှာ ဖောင်းဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် မူလထက်သာ လွန်ကောင်း မွန်သော နေထိုင်မှုကို ရရှိပိုင်ဆိုင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

''ရေဘေးကြောင့် အတိဒုက္ခရောက်ရတဲ့ ပြည်သူတွေကို ကျွန်တော်တို့ ဖောင်ဒေးရှင်းအနေနဲ့ အချိန်နှင့်တစ်ပြေးညီ အကူအညီပေးခဲ့ပါတယ်။ သမ္မတကြီးရဲ့ လမ်းညွှန်မှု၊ အလိုတော်ပြည့် ဆရာတော်ကြီး၏ ဦးဆောင်မှုတွေ၊ အလှူရှင်တွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ ရခိုင်မြောက်ဦး ဒေသအတွက် အကောင်းဆုံး စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါ တယ်။

CB-KMA Foundation အနေနဲ့ ဒေသခံပြည်သူ များရဲ့ လူမှုရေး၊ ကျန်းမာရေး၊ အခြေတကျနေထိုင်ရေး၊ ပညာရေး အစရှိတဲ့ လိုအပ်ချက်တွေအတွက် ငွေကျပ် သိန်း နှစ်သောင်းကျော် အကုန်အကျခံကာ ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်'' ဟု နိုဝင်ဘာ ၁ ရက်မှ ၃ ရက်ထိ အဆိုပါ ဒေသတွင် တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည့် ဖောင်းဒေးရှင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

မြောက်ဦးမြို့နယ်ရှိ ရေဘေးဒဏ်ခံခဲ့ရသည့် ကျေးရွာများဖြစ်သော ထမ္မရာဇ်ကျေးရွာတွင် မြေငါးဧက၊ ရော်မနီကျေးရွာတွင် ၂ ဒသမ ၅ ဧက နှင့် ရွှေထွန်းဖြူ ကျေးရွာတွင် မြေ သုည ဒသမ ၅ ဧကဝယ်ယူပြီး နေအိမ် များဆောက်လုပ်ပေးခြင်းဖြစ်သည်။ ထမ္မရာဇ်ကျေးရွာတွင် အိမ် ၆၄ လုံး၊ ရော်မနီကျေးရွာတွင် အိမ် ၃၈ လုံး၊ ရွှေထွန်းဖြူကျေးရွာတွင် အိမ် ၁၆ လုံး စုစုပေါင်း ၁၁၈ လုံး ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းအိမ်တစ်လုံးအတွက် မြေအကျယ်အဝန်းမှာ ပေ(၃ဝ ထ ၄ဝ)နှင့် အိမ်အကျယ်အဝန်းမှာ (၁၅ ထ ၂ဝ)ပေရှိသည်။ ယခုနိုဝင်ဘာလဆန်းတွင် အဆိုပါ ကျေးရွာသုံးရွာတွင် အိမ် ၉၈ လုံး ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

''နေအိမ်တွေကတော့ အားလုံးဆောက်လုပ်ပြီးစီး တော့မှာ ပါ။ ဖောင်ဒေးရှင်းအနေနဲ့ နှစ်လအတွင်း အားလုံး တည်ဆောက်ပြီးစီးနိုင်အောင် ကြိုးစားနေပါတယ်။ လက်ရှိ မှာတော့ ၈ဝ ရာခိုင်နှုန်းကျော်အထိ တည်ဆောက်ပြီးစီး သွားပါပြီ။ ဒေသခံပြည်သူတွေ အနေနဲ့ ယခင်ကထက် လူနေမှုအဆင့်အတန်း ပိုပြီးမြင့်မားလာမှာဖြစ်ပြီး ရေ၊ မီးအပြည့်အစုံ အားလုံး စုံလင်စွာနေထိုင်နိုင်အောင် လုပ်ဆောင်ပေးနေ ပါတယ်။ ရေကိုလည်း ပိုက်လိုင်းနဲ့ သွယ်တန်းပေးထားပြီး မီးရရှိအောင် ဆိုလာစနစ်နဲ့ ဆောင်ရွက်ပေးထားပါတယ်'' ဟု CB-KMA Foundationတွင်ပါဝင်သော ကောင်းမြန်မာအောင် ဆောက်လုပ်ရေးမှ အင်ဂျင်နီယာ ဦးဝင်းမင်းသန်း က ပြောသည်။

နိုဝင်ဘာလကုန်တွင် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များ၏ အစီအစဉ်ဖြင့် ဒေသခံပြည် သူများကို မဲနှိုက် နေရာချထားပေး သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိ သူက ပြောသည်။ ယင်းအပြင် အမှတ်(၃) အခြေခံ ပညာအလယ်တန်းကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း၊ အလက(၁)ကျောင်း ပြုပြင်တည်ဆောက်ခြင်း၊ ဆင့်အိုး အမက(၂) ၊ကျောင်းတောင် အမကတို့ကိုလည်း ပြုပြင် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ လကုန်တွင် အပြီးသတ်စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webporital Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service