အထပ်မြင့်များ တည် ဆောက်ရန် မြေအရည်အသွေးစစ် ဆေးမှု(Soil Test)လုပ်ငန်းကို ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ(YCDC)၏ လိုင်စင်ရရှိ မှသာ ခွင့်ပြုမည်ဖြစ်ရာ လက်ရှိတွင် Soil Test စစ်ဆေးသည့် ကုမ္ပဏီ ၁၁ ခုအား လိုင်စင်ထုတ် ပေးထားပြီဖြစ်ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သည့် သြဂုတ်က မြေဆီ လွှာစစ်ဆေးသည့်ကုမ္ပဏီခြောက် ခုကို စတင် လိုင်စင်ထုတ်ပေးခဲ့ပြီး အောက်တိုဘာနောက်ဆုံးပတ်က ကုမ္ပဏီငါးခုကို ထပ်မံခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ထပ်မံ ခွင့်ပြုပေးခဲ့သည့် ကုမ္ပဏီငါးခုမှာ Geotechnics Myanmar ၊ JGS ၊ Fukkeen ၊ Suntac Technologies၊ Future Force Engineering ကုမ္ပဏီတို့ ဖြစ်သည်။
အဆိုပါကုမ္ပဏီငါးခုသည် မြေဆီလွှာစစ်ဆေးခြင်းလုပ်ငန်း များအပြင် ဆောက်လုပ်ရေးဆိုင် ရာအကြံပေးလုပ်ငန်းများ၊ အင် ဂျင်နီယာလုပ်ငန်းများနှင့်အခြား ဆက်စပ်လုပ်ငန်းများ အဓိကလုပ် ကိုင်နေသည့် ကုမ္ပဏီများ ဖြစ် သည်။
မြေဆီလွှာစစ်ဆေးခြင်းလုပ် ငန်းလိုင်စင်အတွက် လျှောက် ထားမှုများရှိနေပြီး ထပ်မံလျှောက် ထားလိုသည့်ကုမ္ပဏီများသည် အင်ဂျင်နီယာနှင့် အဆောက်အ အုံဌာနတွင် လျှောက်ထားနိုင် သည်။
လာမည့်နိုဝင်ဘာ ၁ ရက်မှစ ၍ အဆောက်အအုံများ တည် ဆောက်ရန် ဌာနသို့ လာရောက် တင်ပြပါက စည်ပင်ကခွင့်ပြုချက် လိုင်စင်ရှိသည့်မြေသားစစ်ဆေး ကုမ္ပဏီများ၏ တင်ပြချက်ပါမှ သာလုပ်ငန်းများ လက်ခံဆောင် ရွက်ပေးမည်ဟု သတင်းထုတ်ပြန် ထားသည်။
ရန်ကုန်တွင် မြေဆီလွှာစစ် ဆေးခြင်းလုပ်ငန်းအရေအတွက် သိရှိရန်နှင့် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကုမ္ပဏီ နောက်ခံသမိုင်းကြောင်းများစည် ပင်တွင် လက်ခံထားရှိနိုင်ရန် ရည် ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ပြီးခဲ့ သည့်ဇူလိုင်ကလည်းအထပ်မြင့်အဆောက်အအုံများဆောက်လုပ် ရန် ပိုင်ရိုက်သည့်လုပ်ငန်းလိုင်စင် ပါမှ လုပ်ကိုင်ခွင့်ပေးမည်ဟုထုတ် ပြန်ခဲ့သည်။
ကုမ္ပဏီများက YCDC တွင် Soil Test လိုင်စင်အပြင် အ ဆောက်အအုံဆောက်လုပ်သည့် ပိုင်ရိုက်ခြင်း လုပ်ငန်းများကို လည်း လိုင်စင်ယူ၍ လုပ်ကိုင်ရ မည်ဖြစ်သည်။
Credit: 7Daydaily