၁။ Growing Underground (လန်ဒန်၊ ယူကေ)
မြေအောက်ပေ ၁၀၀ အနက်က ဒုတိယကမ္ဘာစစ်လက်ကျန်အသုံးမပြုတော့တဲ့ ဗုံးခိုကျင်းတွေကို ပြုပြင်ပြောင်းလဲလိုက်တဲ့ ကမ္ဘာ့အကြီးဆုံးမြေအောက်ယာခင်းစိုက်ခင်း ဖြစ်ပါတယ်။
၂။ Krkonose Mountains Centre For Envii (ချက်သမ္မတနိုင်ငံ)
သဘာဝကျကျဒိုင်ယာလော့ဖန်တီးနုင်ရန်နှင့် သဘာဝဥယျာဉ်တစ်ခုအတွင်း သဘာဝကျကျတည်ဆောက်မှုဥပမာတစ်ခုပေးရန် ယင်းပညာရေးစင်တာကို ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့တာပါ။
၃။ Antinori Winery (အီတလီ)
တောင်ကုန်းနံဘေးက ဈေးကြီးတဲ့ Tuscan ၀ိုင်ချက်စက်ရုံဖြစ်ပါတယ်။
၎။ Wieliczka Salt Mine (ပိုလန်)
သူ့မှာရှိတဲ့ မီးဆိုင်းက အစ တော်တော်များများကို ဆားနဲ့လုပ်ထားတဲ့ ယူနက်စ်ကိုကမ္ဘာ့အမွေအနှစ်ဆားတွင်းပါ။
၅။ Missile Silo Bachelor Pad (တက္ကဆက်)
၁၉၉၇ ခုနှစ်မှာ ချီကာဂိုနိုင်ငံသား ဘရုစ်တောင်းစလေဆိုသူက အမေရိကန်ဒေါ်လာ ၉၉၀၀၀ အကုန်အကျခံကာ ယင်းဒုံးကျည်လွှတ်တင်ရာနေရာကို စတုရန်းပေ ၂၂၀၀ ကျယ်ဝန်းတဲ့ ဆလင်ဒါပုံအိမ်အဖြစ် ပုံစံပြောင်းခဲ့တာပါ။
၆။ Villa Vals (ဆွစ်ဇာလန်)
ဒီတောင်တန်းဒေသက တည်းခိုဆောင်ရဲ့ ၀င်ပေါက်ဟာ နာရီစက်သီးတစ်ခုနဲ့တူပါတယ်။ ဧည့်သည်တွေအတွက် တည်းခိုရာအခန်းကနေ မြင်ကွင်းပိတ်ပေါ့။
၇။ Edgland House (အမေရိကန် တက္ကဆက်ပြည်နယ်မြို့တော် သြော်စတင်)
အိမ်ခေါင်မိုးမှာ တောရိုင်းပင်တွေစိုက်ထားတာကို တွေ့ရမှာပါ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)