လူနေထိုင်ခြင်းမရှိသည့် မြို့သစ်များရှိ ရပ်ကွက်အချို့ ပါမစ်ပျောက် မြေဂရန်ထုတ်ပေးမှုရပ်ဆိုင်း

လူနေထိုင်ခြင်းမရှိသည့် မြို့သစ်များရှိ ရပ်ကွက်အချို့ ပါမစ်ပျောက် မြေဂရန်ထုတ်ပေးမှုရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
4 Nov 2015 10:09 am တွင် တင်ခဲ့သည်
918 ကြိမ် ကြည့်ရှု့ပြီး
လူနေထိုင်ခြင်းမရှိသည့် မြို့စွန်ရပ်ကွက်အချို့ တွင်မသမာသူများက မြေဂရန် ပျောက်ဆုံး
ကြောင်း လာရောက်လျှောက်ထားလာခြင်း၊ အဆင့်ဆင့် လိမ်လည်ရောင်းချမှုများကြောင့်
လူနေထိုင်ခြင်းမရှိသည့် မြို့စွန်ရပ်ကွက်များ ၏ ပါမစ်ပျောက်မြေဂရန်လျှောက်ထားမှုများကို
ခေတ္တရပ်ဆိုင်းထားကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်
မြေစီမံခန့်ခွဲမှု့ဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက မြန်မာတိုင်း(မ်) ကိုပြောသည်။

"ဒီလဆန်းကတည်းက ရပ်လိုက်တာပါ၊ ရက်အတိအကျတော့မမှတ်မိပါဘူး။ လူလည်တွေက
မြေကွက်ပိုင်ရှင်တွေရဲ့ နာမည်တွေကို ရတဲ့နေရာစုံကစုံစမ်းပြီး ပါမစ်ပျောက် ဆိုပြီး
ဂရန်လာလျှောက်တယ်။ ပါမစ်ပျောက် ဂရန်လျှောက်တယ်ဆိုပြီးတော့ ရဲစခန်း ထောက်
ခံချက်တွေလည်း ပါလာတယ်။ မသမာမှုတွေလည်းရှိတော့ လတ်တလော ပါမစ်ပျောက်
မြေဂရန်ထုတ်ပေးမှုကို ဆိုင်းငံ့ ထားလိုက်တာပါ။ ဘေးပတ်ဝန်းကျင်မှာလူနေအိမ်တွေ
ရှိရင်တော့ ထုတ်ပေးနေပါတယ်၊ ၀န်ထမ်းတွေကို ချထားပေးတဲ့ မြေကွက်တွေ ဖြစ်တာများ
တဲ့အပြင် ချထားပေးတာကလည်း နှစ်ပေါင်းများစွာကြာပြီး အိမ်ဆောက်လုပ် ခြင်းမရှိဘဲ
ကွင်းပြောင်ပြောင် ဖြစ်နေတဲ့ ရပ်ကွက်တွေမှာ လူလည်တွေက ကလိန်ကကျစ်လုပ်ပြီး
သူတို့မြေကွက်အပိုင်ဖြစ်သယောင်ယောင်လုပ်ပြီး အဆင့်ဆင့် ပြန်လည် ရောင်းစားတာတွေ
ရှိတယ်။ နောက်ပိုင်းကျမှ ပိုင်ရှင်အစစ်အမှန်တွေ ပေါ်လာတာ တွေကြောင့် အခုလို
ပါမစ်ပျောက်မြေဂရန်လျှောက်ထားမှုကို ရပ်နားထားတာပါ" ဟု ၎င်းကပြောသည်။

ပါမစ်ပျောက် မြေဂရန်လျှောက်ထားမှု များကို ခေတ္တဆိုင်းငံ့လိုက်သည့် မြိ့နယ်များ မှာ
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊
ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ် တို့ဖြစ်ပြီး လူနေထိုင်သည့် ရပ်ကွက်များကိုမှု
ပါမစ်ပျောက် မြေဂရန်ပျောက်ဆုံးမှုများကို ပုံမှန် ပြန်လည်ထုတ်ပေးလျက်ရှိသည်။

ယင်းမြို့နယ်ငါးမြို့နယ်အတွင်းရှိ လူနေထိုင် ခြင်း မရှိသည့် မြို့နယ်/မြေတိုင်းရပ်ကွက် ပေါင်း
၄၄ ရပ်ကွက်ရှိ ပါမစ်ပျောက်ဖြင့် ဂရန် သစ်လာရောက်လျှောက်ထားခြင်းကို ဆိုင်းငံ့
ခြင်းဖြစ်သည်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ လူနေထိုင် ခြင်းမရှိသေးသည့် ၁၂၀၊ ၁၂၁၊
၁၂၂၊ ၁၃၁၊ ၁၃၅၊ ၁၃၆ ၊ ၁၃၇ ၊ ၁၃၈၊ ၁၃၉ ၊ ၁၅၅ ရပ်ကွက် ၁၀ ကွက်၊ ဒဂုံမြို့သစ်ဆိပ်ကမ်း
မြို့နယ်ရှိ လူနေထိုင်ခြင်းမရှိသေးသည့် ၅၉၊ ၆၀၊ ၆၁၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄၊ ၈၅၊
၈၆၊ ၉၂၊ ၁၃၈၊ ၁၃၉၊ ၁၅၀၊ ၁၅၁ ရပ်ကွက် ၁၈ ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ ၁၄၁/၂၊
၁၄၃/၂၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၅၂၊ ၁၅၃၊ ၁၅၄ ရပ်ကွက် ရှစ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ ရလပ
၂၂၊ ရလပ ၂၃၊ ရလပ ၂၈၊ သကတ ၁၇၊ သကတ ၁၈ စုစုပေါင်း ငါးကွက်၊ ရွှေပြည်သာမြို့နယ်တွင်
၁၁၊ ၁၄၊ ၁၆ ရပ်ကွက်များရှိ မြေကွက်များ၏ ပါမစ်ပျောက်ဖြင့် ဂရန်သစ်လျှောက်ထားလာခြင်းကို
ဆိုင်းငံ့လိုက်သည်။

"သူတို့အခုလို ရပ်ကွက်တွေကို ပါမစ်ပျောက် ဂရန်မထုတ်ပေးသေးဘူး
ဆိုတာကို အများပြည်သူသိရှိအောင် လုပ်သင့်တယ်။ ဘယ်တော့ပြန်ချပေးမလဲဆိုတာပါ
သတင်း စာတွေထဲထည့်ပြီး ကြော်ငြာမှ အန်တီတို့က အလုပ်ကို သေသေချာချာ လုပ်လို့ရမှာ၊
ဈေးကွက်ထဲမှာကတော့ ပါမစ်အတုတွေ ကော၊ ဂရန်အတုတွေကော၊ လက်ညှိုးထိုးပြီး
အဆင့်ဆင့် ရောင်းစားထားတာတွေနဲ့ပါ ရှုပ်နေတယ်။ ကိုယ်ရောင်းပေးလိုက်တဲ့ အကွက်က
ဘယ်နေ့ပိုင်ရှင် နောက်တစ်ယောက်ထပ်ပေါ်လာမလဲဆိုတာကို တွေးပြီး အမြဲစိုးရိမ်နေရတယ်"
ဟု မြို့သစ်ရှိ မြေကွက် များကို အကျိုးဆောင်ရောင်းချပေးနေသည့် အေးရိပ်စံ အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်း မှ ကိုဝင်းထိန်က ပြောသည်။

နည်းပညာမြင့်မားလာသည့် အတွက်
စာရွက်စာတမ်းအတုများနှင့် အစစ်များမှာ ခွဲခြားရခက်လာခြင်း၊ နှစ်ပေါင်းများစွာ လူနေထိုင်ခြင်း
မရှိသည့် မြေကွက်လွတ်များကို မသမာသူများက ပိုင်ရှင်အမည်များ သိရှိရန် နည်းလမ်းမျိုးစုံဖြင့်
စုံစမ်းကာ စာရွက်စာတမ်း အတုမျိုးစုံပြုလုပ်ပြီး အဆင့်ဆင့်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်
လာနေသဖြင့် မူလမြေပိုင်ရှင်များနှင့် ၀ယ်ယူထားသူများ အကြားတွင် အငြင်းပွားမှုများဖြစ်ပေါ်
လာ သလို မမှန်မကန် ရောင်းချခဲ့သူများကိုလည်း ပြန်လည်ရှာဖွေ တရားစွဲဆိုထားသည့် ဖြစ်စဉ်
များ အများအပြား ဖြစ်ပေါ်လာခဲ့သည်။

"ဈေးသက်သာတာကြောင့် မြေကွက်ဝယ် မယ်ဆိုပြီး သူတို့ပြောတဲ့နာမည်နဲ့ အမည်ပေါက်
သွားစစ်တော့လည်း အမှန်ပဲ အဲဒီအမည်ပေါက်ပဲ၊ ဒါပေမဲ့ စာရွက်စာတမ်းက အတုဖြစ်နေလို့
ရောင်းတဲ့သူတွေကိုကော၊ ပွဲစားတွေကိုပါ တရားစွဲထားရတယ်။ ကျွန်တော် ကြားတာကတော့
အုပ်စုဖွဲ့လိုက်လိမ်နေတဲ့ အဖွဲ့တွေရှိတယ်လို့ ကြားတယ်"ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၃၁
ရပ်ကွက်တွင် မြေကွက် ၀ယ်ယူထားမိသူတစ်ဦးက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service