UN-Habitat က တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်မည်

UN-Habitat က တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
7 May 2015 10:49 am တွင် တင်ခဲ့သည်
2698 ကြိမ် ကြည့်ရှု့ပြီး
အခြေခံ ပြည်သူများ အတွက် တန်ဖိုးနည်း အိမ်ရာများကို ဂျပန်နိုင်ငံ၏ ထောက်ပံ့ငွေဖြင့် UN-Habitat က ဆောက်လုပ်ပေး သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ တန်းဖိုးနည်း အိမ်ရာတွေ ဘယ်လို ဆောက်ရမယ်၊ ဘယ်လိုလုပ် ရမယ် ဆိုတာကို ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းနေ ပါတယ်။ အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ သေချာတာ ကတော့ မြို့ထဲမှာတော့ မဟုတ်ဘူး။ ဘယ်မှာ လုပ်မယ် ဆိုတာကို ပြောဖို့က ခက်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အခုမှ ညှိနှိုင်း နေတုန်းပဲ ဟု UN-Habitat မှ ဦးမောင်မောင်မြင့်က The Messenger Media သို့ ပြောသည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံရှိ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး အတွက် အမေရိကန် ဒေါ်လာ (၅ ဒသမ ၃) သန်းကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သော UN-Habitat မှ တစ်ဆင့် ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းကြောင့် လူပေါင်း (၆၅၀၀၀)ကျော် အကျိုးခံစားနိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။ ဒီအစီအစဉ်က မြန်မာနိုင်ငံမှာ ရှိတဲ့ ဆင်းရဲပြီး ပဋိပက္ခတွေ၊ သဘာဝ ဘေးအန္တရယ် တွေကြောင့် ထိခိုက် နစ်နာခဲ့ရတဲ့ လူ့အဖွဲ့အစည်း တွေရဲ့ အရေးပေါ် လိုအပ်ချက်တွေကို ကူညီ ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ် ဟု UN-Habitat မှ စီမံကိန်း မန်နေဂျာ BIjay Karmacharya က ပြောသည်။

အဆိုပါ အထောက်အပံ့ အနက် တစ်ဝက်ကို ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ရေးတွင် အသုံးပြု သွားမည် ဖြစ်ကာ ကျန် တစ်ဝက်ကို တိုင်းရင်းသား ဒေသ များတွင် အသုံးပြု သွားမည် ဖြစ်သည်။ ထိုကဲ့သို့ တိုင်းရင်းသား ဒေသများ အတွက် အသုံးပြုရာတွင် ပဋိပက္ခများ ထိခိုက် ခံရသော ကချင် ပြည်နယ် မန်စီ၊ မိုးမောက် မြို့နယ်များနှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တို့၌ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် အရေးပေါ် ထောက်ပံ့ရေး တို့အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service