ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များအား ဒဏ်ကြေးဖြင့်ခွင့်ပြုခြင်းကို လျှော့ချ၍ ပြန်လည်ဖြိုဖျက်ခြင်း ပိုမိုပြုလုပ်မည်

ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များအား ဒဏ်ကြေးဖြင့်ခွင့်ပြုခြင်းကို လျှော့ချ၍ ပြန်လည်ဖြိုဖျက်ခြင်း ပိုမိုပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
24 Nov 2014 11:46 am တွင် တင်ခဲ့သည်
1392 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များအား ဒဏ်ကြေးဖြင့်ခွင့်ပြုခြင်းကို လျှော့ချ၍ ပြန်လည်ဖြိုဖျက်ခြင်းကို ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် ကန်ထရိုက်တိုက်အား စည်ပင်ကတရားလိုပြုလုပ်ကာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ပြီး တရားရုံးကချမှတ်သည့် ဒဏ်ကြေးမှာ တစ်ရက်လျှင် ကျပ်တစ်သောင်းကျော်သာ ပေးဆောင်ရကြောင်း၊ ထိုပမာဏမှာ နည်းပါး၍ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သူများမှာ ဒဏ်ကြေးပေးဆောင်၍ အတင့်ရဲကာ ဆက်လက်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတွက် ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုများအား ပိုမိုတင်းကျပ်တော့မည်ဖြစ်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် ညှိနှိုင်းကာ မီးမပေးခြင်းကို ပြုလုပ်မည်ဖြစ်ပြီး ဒဏ်ကြေးပေးဆောင်စေခြင်းကို လျှော့ချကာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုအား ပြန်လည်ဖြိုဖျက်သည်အထိ အရေးယူမှုကို ပိုမိုပြုလုပ်ကာ တင်းကျပ်မည်ဖြစ်ကြောင်း အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခွင့်ပြုချက်မဲ့တွေက နည်းနည်းတော့လျော့သွားပါပြီ။ ဒါပေမဲ့ ထပ်ပြီးအတင့်မရဲအောင် ပိုမိုတင်းကျပ်သွားပါမယ်။ မီးလည်းမပေးတော့ဘူး။ ဒဏ်ကြေးထက် ပြန်လည်ဖြိုဖျက်တာကို ပိုလုပ်သွားမယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် ကန်ထရိုက်များမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် လိုင်စင်ရယူထားခြင်းမရှိသည့် လိုင်စင်မဲ့ကန်ထရိုက်များဖြစ်ပြီး မြေပိုင်ရှင်များကို မက်လုံးပေးစည်းရုံးကာ ဆောက်လုပ်နေကြခြင်းဖြစ်ကာ တရားစွဲဆိုခံရရာတွင် ကန်ထရိုက်ထက်မြေရှင်က တရားစွဲခံနေရခြင်းဖြစ်သည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံများမှာ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်းမဟုတ်သည့်အတွက် စည်ပင်သို့ပေးသွင်းရသည့် အဆောက်အအုံဆိုင်ရာ နှုန်းထားများ ကင်းလွတ်ခွင့်ရသည့်အတွက် ပိုမိုဆောက်လုပ်လာကြခြင်းဖြစ်ပြီး အဆိုပါဆောက်လုပ်မှုများကို တင်းကျပ်သည့် စည်ပင်သာယာ၏ စစ်ဆေးမှုအပိုင်း အားနည်းမှုကြောင့်လည်းဖြစ်ကာ ယခုနောက်ပိုင်း တင်းကျပ်စွာစစ်ဆေးမှု ပြုလုပ်နေပြီဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်ဆောက်လုပ်မှု အများဆုံးမှာ သင်္ဃန်းကျွန်းမြို့နယ်တွင်ဖြစ်ပြီး ခွင့်ပြုချက်မဲ့ဆောက်လုပ်၍ တရားစွဲဆိုထားမှု ၆၀၀ ကျော်ရှိနေကြောင်း၊ ယင်းအထဲတွင် မဖြစ်မနေ ပြန်လည်ဖြိုဖျက်ခဲ့သည့် အဆောက်အအုံမှာ ငါးလုံးခန့်သာရှိပြီး ထိုသို့ ပြန်လည်ဖြိုဖျက်ခဲ့သည့် အဆောက်အအုံများ နည်းပါးခြင်းကြောင့်လည်း ခွင့်ပြုချက်မဲ့ဆောက်လုပ်သူများ အတင့်ရဲနေခြင်းဖြစ်ကြောင်း သုံးသပ်နေကြသည်။

သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် ခိုင်သဇင်လမ်းရှိ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်တစ်လုံးအား ပြန်လည်ဖြိုဖျက်ရန် စည်ပင်ကညွှန်ကြားခဲ့၍ ပြန်လည်ဖြိုဖျက်နေပြီး ယင်းတိုက်မှအခန်းများအား ကြိုပွိုင့်ဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်းနှင့် ကန်ထရိုက်မှာလည်း လိုင်စင်မဲ့ကန်ထရိုက်ဖြစ်နေပြီး တိမ်းရှောင်နေကြောင်း၊ ယခုအဆိုပါတိုက်အား ပြန်လည်ဖြိုဖျက်ခ ကျပ်သိန်း ၃၀ ကျော်အပါအ၀င် တရားစွဲခံထားရသည့် ဒဏ်ကြေးများအား မြေရှင်ဖြစ်သူကသာ အကုန်အကျခံ ပေးဆောင်နေရကြောင်း သိရပါသည်။

မြေရှင်မှာလည်း ငွေကြေးမတတ်နိုင်ခြင်းကြောင့် တရားစွဲဒဏ်ကြေး ကင်းလွတ်ခွင့်ရရန် အသနားခံစာအား စည်ပင်သို့တင်ပြမည်ဟု ယင်းတိုက်၏ မြေပိုင်ရှင်ဦးစိုးမြင့်က ပြောကြားသည်။

ရန်ကုန်တစ်မြို့လုံးတွင် ခွင့်ပြုချက်မဲ့ဆောက်လုပ်၍ တရားစွဲဆိုထားမှု ၁၉၀၀ ကျော်ရှိနေကြောင်း သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service