ကမ္ဘာ့နိုင်ငံများ၌အိမ်ခြံ မြေ၀န်ဆောင်မှုလုပ်ငန်းနှင့်အတိုင်ပင်ခံလုပ်ငန်းလုပ်ကိုင်နေ သောSaVillsကုမ္ပဏီတွင် မြန်မာ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၀၀ ကျော် ချိတ်ဆက် လုပ်ကိုင်နေသော် လည်း ဈေးနှုန်းသတ်မှတ်မှုပိုင်းတွင်အခက်အခဲများရှိနေသည်ဟု SaVills ကုမ္ပဏီမှ သတင်းရရှိ သည်။
‘‘တန်ဖိုးဖြတ်တာနဲ့ပတ်သက်ပြီးသူတို့မျှော်လင့်ထားတဲ့တန်ဖိုးတစ်ခုနဲ့ နိုင်ငံတကာစံနှုန်း တွေနဲ့အပေါ်မှာအခြေခံပြီးသတ်မှတ်တဲ့နှုန်းတွေက ကွာဟမှုတွေရှိ နေတယ်။အဲဒီသတ်မှတ်တဲ့ ကိန်းဂဏန်းတွေအပေါ်ကုမ္ပဏီတွေနဲ့တစ်ထပ်တည်းမကျတာတွေ ဖြစ်နေတယ်’’ဟု SaVills မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာက ပြော သည်။
SaVills က တန်ဖိုးဖြတ်မှု လုပ်ဆောင်ပေးရာတွင် လက်ရှိ အစိုးရ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့် မဟုတ်ဘဲ ဈေး ကွက်တွင်းမှ ပေါက်ဈေးများဖြင့်သတ်မှတ်မှု ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
ပြည်တွင်း ကုမ္ပဏီများက SaVillsသို့လာရောက်ဆွေးနွေးရာ တွင် အများက မြေယာပိုင်ဆိုင်သူများဖြစ်ပြီး ဆောက်လုပ်ရန် အဆောက်အအုံအမျိုးအစားသိလိုခြင်း၊ မြေတန်ဖိုးသတ်မှတ်လို ခြင်းနှင့် ဆောက်လုပ်သည့်အ ဆောက်အအုံပေါ်မှအကျိုးအ မြတ်တွက်ချက်လိုသူများ ဖြစ် သည်။
အဆိုပါကုမ္ပဏီမှာရုံးခန်းနှင့်လက်လီအရောင်းဆိုင်ငှားရမ်း ခြင်းအပါအ၀င်အဆောက်အအုံသစ်တည်ဆောက်ရန် ဖြစ်နိုင်ခြေများ၊ ဈေးကွက်သုတေသန၊တန်ဖိုးဖြတ်ခြင်းနှင့်ရင်းနှီးမြှုပ်နှံရန် ကြားခံဆောင်ရွက်ပေးခြင်း လုပ်ငန်းများလုပ်ကိုင်နေသည်။
၎င်းတို့အနေဖြင့် နောက်ပိုင်းကာလတွင်အဆောက်အအုံများ တည်ဆောက်ပြီးပါကထည့်သွင်းသည့်အသုံးအဆောင်ပစ္စည်းများ၊ နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် အဆောက်အအုံများ ငှားရမ်းလိုမှုများအတွက်လည်း ပြည်တွင်းကုမ္ပဏီများနှင့်ချိတ်ဆက်လုပ်ငန်း လုပ်ကိုင်သွားမည်ဟု ဆိုသည်။
SaVills သည် အမေရိကန် နိုင်ငံ၊ဥရောပနိုင်ငံများအပါအ၀င် အာရှပစိဖိတ်ဒေသများ၊အာဖရိကနှင့်အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ရုံးခန်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။
Credit : 7Day Daily