ကြိုပွိုင့်စနစ်ဖြင့် အိမ် ခြံမြေတိုက်ခန်းများ အရောင်းအ ၀ယ်ဖြစ်ပါက ချက်ချင်းအခွန် ထမ်းဆောင်ရမည်ဖြစ်ပြီး နောက် ကျမှသာ အခွန်ထမ်းဆောင်မည် ဆိုပါက ကာလတန်ဖိုးအတိုင်း အခွန်စည်းကြပ်မှုခံယူရမည်ဖြစ် ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က သတင်းထုတ်ပြန် သည်။
အချိန်လွန်မှ အခွန်ထမ်း ဆောင်ပါက အရောင်းအ၀ယ်ပြု လုပ်သည့် နေရာပေါ်မူတည်ပြီး ဌာနမှ သတ်မှတ်ထားသည့် ကာ လပေါက်ဈေးဖြင့် အခွန်ကောက် ခံမည် ဖြစ်သောကြောင့် ကာယကံ ရှင် ၀ယ်သူရောင်းသူများ နစ်နာ နိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သတိပေးထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
အိမ်၊ မြေ၊ ကွန်ဒိုတိုက်ခန်း ရောင်းသူ၊ တည်ဆောက်ရောင်းချ သူ၊ ၀ယ်ယူသူများအနေဖြင့် အ ရောင်းအ၀ယ်ပြုလုပ်၍ ပထမကြို တင်အရစ်ကျငွေပေးချေပြီးပါက အခွန်စိစစ်သတ်မှတ်ခြင်းကို ခံယူ ရန် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။
ကာလတန်ဖိုးဖြစ်သည့် တစ် ပေပတ်လည်ပေါ် အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်များမှာ ပြီးခဲ့သည့် နှစ်နှင့် လိုက်လျောညီထွေမှုမရှိ တော့သဖြင့် ပြန်လည်ပြင်ဆင်ထားပြီဖြစ်ပြီး ယခုလာမည့် အောက်တိုဘာတွင် ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ရန် ပြည်တွင်းအခွန်များဦးစီး ဌာနက ခန့်မှန်းထားသည်။
ဥပဒေတစ်ခု အမိန့်တစ်ခု ထုတ်ပြန်ပါက ဌာနမှ မလုပ်ဖြစ် သည်က များပြားပြီး အောက်ခြေ တွင် အမှန်တကယ်စိစစ်ကြပ်မတ် လုပ်ဆောင်မှုအားနည်းကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင်က ပြောသည်။
‘‘ဒီလိုလုပ်လိုက်လို့ ချက်ချင်း ကြီးဈေးကွက်ကို မထိရောက်နိုင် ဘူး’’ဟု ဦးစိုင်းခွန်နောင်က ဆို သည်။
လက်ရှိ ရန်ကုန်၌ တိုက်ခန်း များ အရောင်းအ၀ယ်ပြုလုပ်ရာ တွင် ရောင်းသူနှင့် ၀ယ်သူအဆင့် ဆင့်၌ ဥပဒေအတွင်းမှပင် လက် တစ်လုံးခြား ပြန်လည်စာချုပ် ချုပ်ဆို၍ အခွန်လျော့စေရန် လုပ်ဆောင်နိုင်သည်ဟု စမ်းချောင်းမြို့ နယ်မှ ဆောက်လုပ်ရေးလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
‘‘မူလရောင်းတဲ့ သူကနေ အဆင့်ဆင့်ဝယ်ပေမယ့် နောက်ဆုံး ၀ယ်လိုက်တဲ့သူက မူလရောင်းခဲ့ တဲ့သူနဲ့ စာချုပ်ချုပ်ပြီး အရောင်း အ၀ယ်လုပ်တယ်လို့ ဖော်ပြလိုက် ပါတယ်။ ဒါ့ကြောင့် အလယ်မှာ အရောင်းအ၀ယ်ပြုလုပ်ထားတဲ့ သူတွေ အကုန်ပျောက်သွားတယ်။ ဒီနည်းနဲ့ အခွန်ကိုလျှော့နေကြ တယ်’’ဟု လက်ရှိကန်ထရိုက် တိုက်ခန်းများ အရောင်းအ၀ယ်ပြု လုပ်နေပုံကို အထက်ပါကန်ထ ရိုက်က ရှင်းပြသည်။
ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၂၀ ၌ စက်မှုဇုန်၊ စက်ရုံ၊ ဂိုဒေါင် နှင့် အိမ်ခြံမြေငှားရမ်းခြင်းဆိုင်ရာ အခွန်တိမ်းရှောင်မှုများကို စတင် စစ်ဆေးနေပြီး စစ်ဆေးမှုရလဒ်ကို ဌာနမှ ထုတ်ပြန်ခြင်း မရှိသေးပေ။
Credit: 7 Day Daily