မန္တလေး- မန္တလေးတိုင်းဒေသကြီး အတွင်း မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအတွက် ရွေးချယ်ထားသည့် ကျေးရွာပေါင်းရှစ်ဆယ်ကျော်အ တွက် ကျပ်သန်း နှစ်ထောင်ကျော် မတည်ပေးပြီးဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
ဇူလိုင်မှစတင်ကာ မန္တလေး တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၃ ခုရှိ ကျေးရွာပေါင်း ၈၃ ရွာ အား အရင်းမပျောက်မတည်ငွေ အဖြစ် တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်း ထုတ်ပေးခဲ့ကြောင်း၊ သြဂုတ်လကုန်ပိုင်းတွင် ရွာအား လုံးအတွက် စုစုပေါင်း ကျပ်သန်း ၂,၄၉၀ တိတိ ထုတ်ပေးပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နှင်းအိဖြိုးက ပြောသည်။
‘‘စီမံကိန်းရွာတွေ အားလုံး ကို ထုတ်ပေးပြီးပါပြီ။ ရွာကော် မတီကနေတစ်ဆင့် ငွေချေးလိုတဲ့ သူတွေကိုတစ်ဆင့် ပြန်ချေးပေး နေပါတယ်’’ဟု ဒုဦးစီးမှူးက ပြော သည်။ ငွေချေးလိုသူများအား တစ် ကျပ်တိုးဖြင့် ပြန်လည်ချေးပေးနေ ခြင်းဖြစ်ပြီး တစ်ဦးလျှင် စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများအ တွက် မိမိလုပ်ငန်း လိုအပ်ချက် ပေါ်မူတည်၍ ကျပ်ငါးသောင်းမှ ကျပ်ဆယ်သိန်းခန့်အထိ ချေးယူ နေကြကြောင်း ဒုဦးစီးမှူးက ပြော သည်။ ချေးငွေဖြင့် အမှန်တကယ် အလုပ်လုပ်ကိုင်ခြင်း ရှိ၊ မရှိ စစ် ဆေးသွားမည်ဖြစ်ပြီး ငွေကြေးဆုံး ရှုံးမှု မရှိစေရန် ၀ိုင်းကြီးချုပ်စနစ် ဖြင့် ချေးပေးနေသည်ဟု ဒုဦးစီးမှူးက ဆိုသည်။ မြစိမ်းရောင် ကျေးရွာစီမံကိန်း ဖော်ဆောင်ရန်အတွက်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကာဆင်းရဲနွမ်းပါးခြင်း၊ တရားဥပဒေ စိုးမိုးခြင်း၊ အရက်ပုန်းနှင့် လောင်း ကစားလုပ်ငန်းများ လုပ်ကိုင်မှုမရှိ ခြင်း၊ လုပ်ငန်းလုပ်ကိုင်ရန် ရွာသူ ရွာသားများ စိတ်ပါဝင်စားမှုရှိ ခြင်း အစရှိသည့် အချက်များ အပေါ်မူတည်ကာ ရွေးချယ်ခဲ့သည် ဟု တိုင်းဦးစီးမှူး ဦးမျိုးနိုင်အောင်က ပြောကြားသည်။
မြစိမ်းရောင်ကျေးရွာ စီမံ ကိန်းဆောင်ရွက်နေသည့် ကျေး ရွာများမှာ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ငါးရွာ၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်မှ ငါးရွာ၊ သာစည်မြို့နယ်မှ ငါးရွာ၊ မလှိုင်မြို့နယ်မှ ငါးရွာ၊ ၀မ်းတွင်း မြို့နယ်မှ ၁၁ ရွာ၊ မြင်းခြံခရိုင် မြင်းခြံမြို့နယ်မှ ငါးရွာ၊ တောင်သာမြို့နယ်မှ ငါးရွာ၊ နွားထိုးကြီးမြို့နယ်မှ ၁၁ ရွာ၊ ငါန်းဇွန်မြို့နယ်မှ ၁၁ ရွာ၊ ရမည်းသင်းမြို့နယ်မှ ငါးရွာ၊ ပျော်ဘွယ်မြို့နယ်မှ ငါးရွာတို့ကို ရွေးချယ်ထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Credit: 7 Day Daily