မုံရွာမြို့၏ တစ်ခုတည်းသော ရုပ်ရှင်ရုံ ဖြစ်သည့် မြစန္ဒာ ရုပ်ရှင်ရုံနေရာတွင် ယခုနှစ်ကုန်၌ ပုဂ္ဂလိကပိုင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်တစ်ခု တည်ဆောက် သွားမည် ဖြစ်ကြောင်း မုံရွာမြို့အခြေစိုက် ကောင်းမြတ်ပြည်ကျော်ကုမ္ပဏီ မှသိရသည်။ အဆိုပါ ဟိုတယ်ကို နိုင်ငံတကာ အဆင့်မီ အထပ် ရှစ်ထပ် တည်ဆောက်ရန် လျာထားပြီး ယခုလက်ရှိတွင် ဗိသုကာပညာရှင်များမှ ဒီဇိုင်းရေးဆွဲနေသည့် အဆင့်သာရှိသေးကြောင်း အဆိုပါ ကုမ္ပဏီမှ သိရ သည်။
အခန်းပေါင်း (၁၀၀) ၀န်းကျင် လောက်တော့ပါမယ်။ ကားပါကင်တွေလည်း ထည့်သွင်း တည်ဆောက် သွားမယ်။ အဓိက ကတော့ မုံရွာမြို့ရဲ့ အဆင့်တန်းကို ဖော်ပြချင်တာကြောင့်ပါ။ မြို့ပြလည်း ဖွံ့ ဖြိုးလာမယ်။ ခရီးသွား ဧည့်သည်တွေ ကလည်း စိတ်ဝင်စားလာမယ်။ ဒါကြောင့် တစ်နေရာတည်း မှာ အားလုံး ပြည့်စုံအောင် ဖန်တီးသွားမယ် ဟု ကောင်းမြတ်ပြည်ကျော်ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်လင်းက The Messenger Media သို့ ပြောသည်။
အဆိုပါဟိုတယ်တွင် နိုင်ငံတကာအဆင့်မီ ပရိဘောဂ ပစ္စည်းများကို ထည့်သွင်း ဆောက်လုပ် သွားမည်ဖြစ်ပြီးရုပ်ရှင်ရုံ၊ ရှော့ပင်းမောနှင့် ကော်ဖီဆိုင်များကိုပါ ပူးတွဲကာ ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် မုံရွာမြို့တွင် ပထမဦးဆုံး အထပ်မြင့်နိုင်ငံတကာ အဆင့်မီဟိုတယ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်းသိရသည်။ မုံရွာမြို့တွင် နိုင်ငံခြားသားများနှင့် ပြည်တွင်း ခရီးသွားများ နားခိုနေနိုင်သည့် ဟိုတယ်( ၁၅) ခု နီးပါးရှိပြီး တည်းခိုခန်းပေါင်း(၂၀) ကျော်ရှိကြောင်းသိရသည်။
Credit : The Messenger