ကားလုပ်ငန်းများအတွက် Automobile Zone မြေနေရာ ရှာဖွေလျက်ရှိ

ကားလုပ်ငန်းများအတွက် Automobile Zone မြေနေရာ ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
8 Aug 2014 2:45 pm တွင် တင်ခဲ့သည်
1168 ကြိမ် ကြည့်ရှု့ပြီး
မြေငှားရမ်းခများ မြင့်တက်လာသည့်အတွက် ပိတ်သိမ်းခဲ့ရသည့်ကားအရောင်းစင်တာများ ရှိလာခြင်း၊ ကားအရောင်းအဝယ် ပြုလုပ်ရန် အတွက် နေရာအခက်အခဲများရှိလာနေခြင်းတို့ကြောင့် ကားထုတ်လုပ်သူများ အပါအဝင် ကားနှင့်ပတ်သက် သူများ တစ်စုတစ်ဝေးတည်း လုပ်ကိုင်နိုင်မည့် Automobile Zone တစ်ခု တည်ဆောက်နိုင်ရန် ရန်ကုန် မြို့ပြင်တွင် မြေနေရာရှာဖွေနေကြောင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းမှ သိရသည်။

”ရန်ကုန်မြို့ပြင်မှာ ကားနဲ့ပတ်သက်တဲ့ complex တစ်ခုလုပ်ဖို့ မြေရှာနေတယ်။ လိုနေတာက ဧက ၂ဝဝ၊ ၃ဝဝ လောက်ဖြစ်ပြီး အစိုးရဆီကလည်း တောင်းဖို့မလွယ်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ရှာနေတာ။ လေး၊ ငါးနေရာတော့ စကားပြောနေပါတယ်။ သီးခြား Auto-mobile Induestrial Park ပုံစံမျိုးလုပ်မှာပါ” ဟု မြန်မာမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

Credit : The Trade Times

ရန်ကုန်မြို့တော်တွင် ကားအရောင်းစင်တာပေါင်း ၁၆ဝ ခန့်အထိ ရှိနေသော်လည်း ကားအရောင်း စင်တာ ၅ဝ ခန့်မှာ မြေငှားရမ်းခနှုန်းများ မြင့်တက်လာရုံမျှသာမက အထွေထွေကုန်ကျစရိတ်များ မြင့်တက် လာသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အခြေအနေသို့ရောက်ရှိလာသည့်အပြင် အရောင်းစင်တာ များအနေဖြင့် တင်သွင်းလာသည့်ကားများ ထားသိုရန် နေရာအခက်အခဲများလည်း ရှိကြောင်း ကားဈေးကွက်မှ သိရသည်။

ရန်ကုန်မြို့ပြင်တွင် အနည်းဆုံးဧက ၂ဝဝ နှင့် ဧက ၃ဝဝ အကျယ်အဝန်းရှိ နေရာတစ်ခု၌ ယင်းဇုန်ကို တည်ဆောက်သွားမည် ဖြစ်ကာ မြေနေရာဝယ်ယူပြီးပါက မော်တော်ယာဉ်လုပ်ငန်းရှင်များနှင့် ကားလောကတွင် ပါဝင်ပတ်သက်သူများ စုစည်းကာ အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ပြီး ထည့်ဝင်ရရှိလာသည့် ငွေကြေး အရင်းအနှီးများဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။

”အဲဒီ အများပိုင်ကုမ္ပဏီကို လူတိုင်းပါဝင်နိုင်ဖို့ လုပ်ပါမယ်။ ကားထုတ်တဲ့လူတွေ၊ ကားရောင်းတဲ့လူတွေ၊ spare part သမားတွေပါ တစ်စုတစ်စည်းတည်းပါဝင်မယ့် Automobile Zone ပုံစံမျိုးအထိ လုပ်သွားမယ်။ အခုလည်းမြေနေရာဝယ်ဖို့ကြိုးစားနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့လယ်နှင့်နီးကပ်သောနေရာများတွင် မြေဈေးနှုန်းများ မြင့်တက်နေသည့်အတွက် မြို့ပြင် လမ်းမကျယ်ကြီးများဘေးမှ ပုဂ္ဂလိကပိုင်ဈေးနှုန်းအသင့်အတင့်ရှိ မြေကွက်ကျယ် လေး၊ ငါး နေရာကို ဝယ်ယူရန် ညှိနှိုင်းလျက် ရှိနေသဖြင့် ရန်ကုန်မြို့ပြင်တွင် မော်တော်ယာဉ်နှင့် ပတ်သက်သည့် ဇုန်တစ်ခု မကြာမီအချိန် အတွင်း ထပ်မံပေါ်ထွက်လာမည်ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် ကားအရောင်းအဝယ် ပြုလုပ်နိုင်သည့် ယာဉ်ရောင်းဝယ်ရေးစခန်း သုံးခုနှင့် တရားမဝင် ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာအများအပြား ပြန့်ကျဲတည်ရှိနေခြင်း၊ ကားအပိုပစ္စည်းများကို ဝယ်ယူလိုပါကလည်း ဘုရင့်နောင်နှင့် တောင်ဒဂုံ စက်မှုဇုန်တို့သို့ သွားရောက် ဝယ်ယူ ရခြင်းတို့အပြင် ကားထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသူများအနေဖြင့်လည်း အဆင်ပြေသည့်နေရာများတွင် ဖြစ်သလို ထုတ်လုပ်နေကြရခြင်းတို့ကြောင့် ယခုကဲ့သို့ ပြန့်ကျဲနေသော ကားနှင့်ပတ်သက်သည့် လုပ်ငန်းများကို တစ်စုတစ်စည်းတည်း စုစည်းနိုင်စေရန်နှင့် ဝယ်သူများအနေဖြင့်လည်း နေရာတစ်ခုတည်းတွင် အမယ်စုံ ဝယ်ယူရရှိနိုင်စေရန် မော်တော်ယာဉ်လုပ်ငန်းရှင်များ စုစည်းကာ အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ဖွဲ့စည်း နိုင်ရေးအတွက် Automobile Zone တစ်ခု ထူထောင်သွားမည်ဖြစ်သည်။

”အခုလို တစ်စုတစ်စည်းတည်းလုပ်မယ်ဆိုရင်တော့ ကားဝယ်ရောင်းတွေက ရှယ်ယာဝယ်ကြမှာပါ။ အခုဆို ကားဝယ်ရောင်းလုပ်တဲ့နေရာကို ဘာတာကို ရွှေ့လိုက်ပြန်ပြီ။ အားလုံးကလည်း နေရာသတ်သတ် မှတ်မှတ်နဲ့ ရောင်းဝယ်ချင်ကြပြီ။ ရန်ကုန်နဲ့ သိပ်ဝေးသွားရင်တော့ သွားလာရခက်တဲ့အတွက် အရောင်းအဝယ် သိပ်အဆင်ပြေမှာ မဟုတ်ဘူး” ဟု လှိုင်မြို့နယ် ဘာတာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ကိုသိန်းထိုက်ကျော်က ပြောသည်။

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service