မြန်မာနိုင်ငံသည် အခြားအာဆီယံနိုင်ငံများ နည်းတူ မြို့ပြဖွံ့ဖြိုးမှုတွင် ယှဉ်ပြိုင်နိုင်ရန်ကြိုးစား
လျက်ရှိရာ ပြည်တွင်းရှိ တစ်ဟုန်ထိုး တိုးတက်လာသော ဆောက်လုပ်ရေးလုပ်ငန်း များမှာ
ထင်ရှားသည့် သက်သေတစ်ခုပင် ဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များသည်လည်း လွန်ခဲ့သည့်သုံးနှစ်ခန့်မှ
စတင်ခါ နိုင်ငံ၏စီးပွားရေး ပွင့်လင်းလာမှုများနှင့်အတူ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ
ယှဉ်တွဲကာ အရှိန် မြင့်တက်လာခဲ့သည်။
Mr.Edgar Kwan Chi Ping သည် ဟောင်ကောင်အခြေစိုက် အဆင့်မြင့်အိမ်ရာများဆောက်
လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Marga Landmark ၏ အကြီးတန်း အမှုဆောင် ဒါရိုက်တာတစ်ဦး
လည်းဖြစ်ပြီး မြန်မာနိုင်ငံ တွင် နှစ်နှစ်ခန့်လာ ရောက်နေထိုင်ခဲ့ပြီး နိုင်ငံ တွင်း ဆောက်လုပ်ရေး
လုပ်ငန်းများကို လေ့လာခဲ့သည်။
၎င်း၏ အတွေ့အကြုံတွေ များအရ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများသည် တိုးတက်မှု
အရှိန်အဟုန် ကောင်းလာပြီး အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်သည့်အခါတွင် မြန်မာနိုင်ငံ၏ ဆောက်
လုပ်ရေးပိုင်းနှင့် တည်ဆောက်မှုပိုင်း များမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်နှုန်း ပိုမိုမြန်ဆန်လာ
ကြောင်း ၎င်းက မြန်မာ တိုင်း(မ်)က သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ပြောသည်။
"ကျွန်တော် အာဆီယံနိုင်ငံတွေမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းအတွေ့အကြုံတွေရှိခဲ့ပါတယ်။
အာဆီယံအတွင်း တချို့နိုင်ငံ တွေရဲ့ ဖွံ့ဖြိုးစအချိန်တွေမှာလည်း ဒီလိုမျိုးပဲ ဆောက်လုပ်ရေးလုပ်
ငန်းတွေရဲ့ တိုးတက်မှု တွေကို မြင်ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းက
တော့ အရမ်းကိုတိုးတက်နှုန်း မြန်ပါတယ်။ ဒါက ကောင်းမွန် တဲ့အချက်လို့လည်း ပြောလို့ရသလို
ဒီလို မြန်ဆန်မှုပေါ်မှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ရှိဖို့လည်း လိုအပ်ပါတယ်" ဟု ၎င်းက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းများသည် စီမံခန့်ခွဲမှုပိုင်းတွင်အားနည်းပါက တည်ဆောက် ပြီး အဆောက်အအုံများလည်း ရေရှည်မတည်တံ့နိုင်သည့်အတွက် ဆောက်လုပ်ရေး ဆိုင်ရာ စီမံခန့်ခွဲ
မှုနှင့် အိမ်ရာအဆောက်အအုံ စီမံခန့်ခွဲမှုများကို နိုင်ငံတကာက နည်းလမ်းများကိုလေ့လာသင့်
ကြောင်း Mr. Edgar Kwan Chi Ping ကပြောသည်။
"မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်း နဲ့ အိမ်ရာစီမံခန့်ခွဲမှုပိုင်းတွေမှာ လိုအပ်ချက် လေးတွေ
ရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆောက်လုပ်ပြီးစီးသွားတဲ့ အရင်က အဆောက်အအုံ
တွေကို ပြန်ကြည့်မယ်ဆိုရင် ပုံစံတွေ ဒီဇိုင်းတွေက အဆင်မပြေတာကို နှစ်ကာလမကြာသေးဘဲ
ဟောင်းနွမ်းနေတဲ့ ပုံစံတွေက ပြောပြနေပါတယ်။ အဆောက် အအုံတွေက မြန်မြန်ဆောက်လို့ပြီး
သွား တယ်။ ဒါပေမဲ့ မထိန်းသိမ်းဘူးဆိုရင် မြန်မြန် ပျက်စီးနိုင်တယ်" ဟု ၎င်းကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကျွမ်းကျင်ဆောက်လုပ်ရေး ပညာရှင်များ၊
ကျွမ်းကျင်မြို့ပြအင်ဂျင်နီယာများနှင့် လုပ်သားများမှာ နိုင်ငံတကာ ဆောက်လုပ်ရေးလုပ်ငန်း
အတွေ့အကြုံများ နှင့် ထိတွေ့မှုရရှိပါက ယခုထက်ပိုမို ကောင်း မွန်သည့် အဆင့်မြင့်တည်ဆောက်
မှုပိုင်းများ ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာ ဆောက်လုပ်ရေးနှင့် စီမံကိန်းစီမံခန့်ခွဲမှုပိုင်း
၌ နှစ် ၄၀ ကျော်အတွေ့အကြုံရှိသည့် မြို့ပြအင်ဂျင်နီယာ ပညာရှင်လည်းဖြစ်သူ Mr.Edgar
Kwan Chi Pingက ပြောသည်။
"အရင်တုန်းက မြန်မာနိုင်ငံက အခွင့် အရေးတွေ မရခဲ့ပါဘူး။ အဲဒီအတွက် ဒီကလူတွေကလည်း
နိုင်ငံတကာက အတွေ့ အကြုံတွေနဲ့ ဘာမှထိတွေ့ခွင့် မရခဲ့ဘူး။ တကယ်လို့ ဒီကမြို့ပြအင်ဂျင်နီ
ယာတွေ၊ လုပ်သားတွေက နိုင်ငံတကာဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အတွေ့အကြုံတွေ
အများကြီးသင်ယူနိုင်မယ်ဆိုရင် အများကြီး တိုးတက်လာမှာပါ။ အခု နိုင်ငံကဖွင့်ပေး လိုက်တဲ့
အချိန်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု တွေ အများကြီးဝင်လာပါပြီ။ အခုအချိန်က အခွင့်အရေး
ကောင်းပါပဲ" ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး အလုပ်သမားများနှင့် မြို့ပြအင်ဂျင်နီယာများမှာ သင်ယူလိုစိတ်များ
အပြည့်အ၀ရှိသည့်အတွက် နိုင်ငံတကာမှ နည်းပညာများနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဗဟုသုတ
များရရှိနိုင်ရန်အတွက် ပြည်တွင်းပြည်ပအဖွဲ့ အစည်းများနှင့် အစိုးရတို့ပူးပေါင်းကာ အရည်အသွေး
မြှင့်တင်မှုများ ပြုလုပ်ပေးသင့် ကြောင်း ၎င်းကပြောသည်။ "မြန်မာနိုင်ငံက ဆောက်လုပ်ရေးအင်
ဂျင် နီယာတွေရော လုပ်သားတွေရော ပိုပြီး ကျွမ်းကျင်တိုးတက်ဖို့အတွက် အစိုးအရက ပြည်တွင်း
ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ပြီး နိုင်ငံခြားကိုပညာတော်သင် လွှတ်ပေးသင့် ပါတယ်။
နိုင်ငံတကာက အဆင့်မြင့် ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံတွေ ရရှိအောင်ပြုလုပ်ပေးသင့်
ပါတယ်။ ပြီးရင် ဒီနိုင်ငံကိုပြန်လာပြီး အဲဒီပညာတွေ အတွေ့ အကြုံတွေကို ပြန်အသုံးချမယ်ဆိုရင်
မြန်မာ နိုင်ငံရဲ့ ဆောက်လုပ်ရေးပိုင်းက ပိုပြီး အောင်မြင်မှာပါ" ဟု Mr.Edgar Kwan Chi Ping
ကပြောသည်။
ထို့ပြင် နိုင်ငံတကာတွင် တွေ့ကြုံရနေ ရသည့် ဈေးကွက်သစ်များတွင် အောင်မြင်သည့်ဆောက်
လုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် အရေးကြီးနည်းစနစ်များရှိကြောင်း မြန်မာနိုင်ငံ
တွင်လည်း အဆိုပါနည်းစနစ်များကို လိုက်နာသင့်ကြောင်း ၎င်းကပြောသည်။
ယင်းနည်းစနစ်များမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်း
ရေးသည် အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ပြီး ရေရှည်တည်တံ့ရန်တည်ဆောက်မှု၊ အခြေခံ
အဆောက်အအုံကောင်းမွန်မှု၊ အင်ဂျင်နီယာနှင့် နည်းပညာအဆင့်မြင့်မားမှုနှင့် ဆောက်လုပ်မှု
ပြီးစီးသည့်နောက်ပိုင်းတွင် အဆောက်အအုံ ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုများကိုလည်း စနစ်တကျ
ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။
"ကျွန်တော့်အမြင်အရတော့ မြန်မာနိုင်ငံ ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အားနည်း ချက်တွေ
ရှိတယ်လို့ မပြောလိုပါဘူး။ မြန်မာ နိုင်ငံက အခုချိန်မှာ နိုင်ငံတကာကနည်းပညာ တွေ၊ နည်းစနစ်
တွေနဲ့ သူတို့ရဲ့လိုအပ်ချက်ရှိတာတွေကိုအတုယူပြီး တိုးတက်ဖို့အတွက် အကောင်းဆုံးအချိန်လို့ပဲ
ကျွန်တော်မြင်ပါ တယ်။ အခုလည်း ဆောက်လုပ်ရေးလုပ်ငန်း ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ
ဝင်လာနေ ပါပြီ။ ဒီကနေ တိုးတက်မှုတွေကို အမြန်ဆုံး ပြောင်းလဲနေကြတယ်။ မကြာခင်မှာ မြင်
တွေ့ ရတော့မှာပါ" ဟု Mr.Edgar Kwan Chi Ping က ပြောသည်။
Credit: Myanmar Times