မြောက်ဒဂုံမှာလည်း ကန်ထရိုက်တိုက်တွေ စတင်ဆောက်လုပ်

မြောက်ဒဂုံမှာလည်း ကန်ထရိုက်တိုက်တွေ စတင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
6 Aug 2014 3:56 pm တွင် တင်ခဲ့သည်
1673 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ အထပ်မြင်ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် ခွင့်ပြုပေးခဲ့လို့ အထပ်မြင့်ကန်ထရိုက်ဈေးကွက် ၀င်ရောက်လာပြီလို့ အိမ်ခြံမြေအကျိုးဆောင် တချို့ထံမှ သိရပါတယ်။

'ကန်ထရိုက်တွေက သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာတို့လို နေရာတွေသာမကဘူး မြောက်ဒဂုံဘက်ကိုလည်း လာရောက်ဆောက်လုပ်နေကြတယ်၊ မြေနေရာ Location ပေါ်မူတည်ပြီး မြေရှင်ကို ရွေ့ပြောင်းစရိတ် သိန်း ၅၀၀ လောက်အထိ ပေးပြီး တစ်ခြမ်းပေး တစ်ခြမ်းယူ ဆောက်လုပ်လာကြတယ်' လို့ ကောင်းကင်အိမ်ခြံမြေ အကျိုးဆောင်မှ ဦးအောင်မိုးကျော်က ပြောပါတယ်။

သည်ရပ်ကွက်တွေမှာ စတင်

လက်ရှိ စတင်ဝင်ရောက်နေတဲ့ ရပ်ကွက်တွေကတော့ (၃၂)၊ (၃၃)၊ (၃၄)၊ (၃၅) နဲ့ (၄၂) ရပ်ကွက်တွေ ဖြစ်ပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရဲ့ မြေကွက်မှာ ပေ ၄၀ x ပေ ၆၀ ဂရန်မြေ အမျိုးအစားဖြစ်တာကြောင့် ခြောက်ထပ်မှ ရှစ်ထပ်လောက်အထိ လမ်းအကျယ်ပေါ် မူတည်ပြီး ဆောက်လုပ်ခွင့်ရတာ ဖြစ်ပါတယ်။

အခန်းအမျိုးအစားကတော့ ၃၈ ပေ x ၅၅ ပေ ဖြစ်ပြီး ရင်ကွဲပုံစံ ဆောက်လုပ်ကြတာ ဖြစ်ပါတယ်။ တချို့က ပေ ၆၀ x ပေ ၆၀ တွေကျတော့ အတွဲလိုက် လှေကားနှစ်ဖက် တည်ဆောက်ကြတာ ဖြစ်ပါတယ်။

'မြောက်ဒဂုံဘက်က မြေရှင်တွေက ၀န်ထမ်းတွေများတော့ ကန်ထရိုက်တာကို သေချာစိစစ်ကြတယ်၊ အဲဒါကြောင့် မြောက်ဒဂုံဘက်မှာ လိုင်စင်မဲ့ ကန်ထရိုက် အခုထိ မ၀င်သေးဘူး' လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ တာဝန်ရှိသူက ပြောပါတယ်။

၎င်းတိုက်ခန်းဈေးနှုန်းတွေကတော့ မြေညီထပ်ကို ကျပ်သိန်း ၄၅၀ မှ အပေါ်ဆုံးထပ်ကို ကျပ်သိန်း ၂၅၀ ၀န်းကျင်လောက် အထိ ပေါက်ဈေးရှိပါတယ်။ ရောင်းချမှုကို ကြိုပွိုင့်၊ အရစ်ကျစနစ်နဲ့ ရောင်းချပြီး ပထမအရစ်ကိုတော့ အခန်းတန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်း ပေးရတယ်လို့ သိရပါတယ်။

လက်ရှိ မြောက်ဒဂုံမြေပေါက်ဈေး

လက်ရှိ မြောက်ဒဂုံ မြေဈေးကွက်က အဆိုပါ ကန်ထရိုက်တိုက်ဆောက်လုပ်တဲ့ မြေနေရာတွေမှာ သိန်း ၁၄၀၀ မှ ၁၅၀၀ လောက်အထိ ပေါက်ဈေးရှိပါတယ်။ တချို့မြေရှင်တွေက ကိုယ်တိုင်ကန်ထရိုက်ပေး ဆောက်တာရှိသလို အကျိုးတူ ဆောက်တာတွေလည်း ရှိပါတယ်။ သည်လို ကန်ထရိုက် ဆောက်လုပ်တဲ့ ဈေးကွက်က သာမန်မြေဈေးကွက်ထက် အကျိုးအမြတ် ပိုရှိတာကြောင့် ကန်ထရိုက်တိုက် ဆောက်လုပ်သူ များပြားလာတာလည်း ဖြစ်ပါတယ်။

'ကိုယ်တိုင် မြေရောင်းလိုက်ရင် ဒီလိုနေရာတွေက ကိုယ်ပြန်ဝယ်ဖို့ ခက်ခဲ့တယ်၊ ပြီးတော့ ဈေးတွေကလည်း တဖြည်းဖြည်း တက်နေတော့ ကန်ထရိုက်နဲ့ အကျိုးတူဆောက်ပြီး ရတဲ့အခန်းကို ရောင်းတဲ့ဈေးက ပိုရတယ်၊ အခန်းရောင်းမယ်ဆိုတာက အချိန်တန်ရင် မြေပိုင်ရှင်က ကိုယ်ပဲဆိုတော့ နေရာလဲ မပျောက်တော့ဘူးပေါ့' လို့ ကန်ထရိုက်ပေး အကျိုးတူအထပ်မြင့် ဆောက်လုပ်နေတဲ့ မစန်းစန်းက ပြောပါတယ်။

ကန်ထရိုက်နဲ့ စာချုပ် ချုပ်မယ်ဆိုရင်

ကန်ထရိုက်နဲ့ တိုက်ရိုက် အရောင်းအ၀ယ် ပြုလုပ်မယ်ဆိုရင် မြေရှင်မှ အသိသက်သေ၊ ရောင်းသူမှာ ကန်ထရိုက်၊ ရပ်ကွက်အတွင်းရှိ သက်ဆိုင်ရာလူကြီး၊ ၀ယ်ယူမယ့်သူ စတာတွေ စုံညီပြီးမှ ၀ယ်ယူသင့်ပါတယ်။ လိုအပ်ပါက ရှေ့နေနဲ့ စာချုပ် ချုပ်ပြီး အရောင်းအ၀ယ် ပြုလုပ်သင့်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service